Change For Your Happiness

in #wafrica8 years ago

အလုပ်​အသစ်​ဆိုပီး အရမ်း​ပျော်​ခဲ့တယ်​။ အရမ်း​လေးစားခဲ့တယ်​။ အရမ်းအထင်​ကြီးခဲ့တယ်​။ ဒါ​ပေမဲ့ အထင်​နဲ့ လက်​​တွေ့နဲ့ က​တော့ ​နောက်​ပိုင်း ​သေ​သေချာချာ မြင်​လာခဲ့တယ်​။ ဝန်​ထမ်းကို ဘယ်​​နေရာအတွက်​ပဲဖြစ်​ဖြစ်​ ခန့်​ထားလိုက်​တယ်​။ ပီးကျ​တော့ အစမ်းခန့်​၃လဆိုပီး ​စောင့်​ကြည့်​တယ်​။ ​စောင့်​ကြည့်​၃လပီး​တော့ဘာဖြစ်​လာလည်းဆို​တော့ အလုပ်​အ​ကြောင်း​တော်​​တော်​သိလာတယ်​။ ကိုယ်​​နေ့စဉ်​လုပ်​​နေရတဲ့ ​နေရာပိုင်းကို။ ​နောက်​ကျ​တော့ ကိုယ်​လုပ်​ရမဲ့​နေရာက အဲ့​နေရာမဟုတ်​ဘူးတဲ့။ ဒီ​နေရာဆိုပီး မလုပ်​ဖူးတဲ့​နေရာကို ချ​ပေးတယ်​။ လုပ်​ချင်​လားတဲ့ ​မေးတယ်​။ အဲ့ဒီမှာ ဘာဖြစ်​လည်း ဆို​တော့ စိတ်​ပျက်​သွားတယ်​။ အစကတည်းက ဒီ​နေရာမှာထားမယ်​၊ ဒီ​နေရာမှာလုပ်​ရမယ်​ဆိုရင်​ ဒီ​နေရာမှပဲ အစမ်းခန့်​ကို ထားလိုက်​ပါလား။ ခု​တော့ အကုန်​အသစ်​လိုပြန်​သင်​​နေရတယ်​။ ရတယ်​ ကိုယ်​ကလည်း ပညာရတယ်​ဆိုပီး ​နေလိုက်​တယ်​။ လုပ်​တယ်​။ ဒါ​ပေမဲ့ ကိုယ့်​ရဲ့ အရည်​အချင်း အစွမ်းအစ အ​တွေးအ​ခေါ်​တွေက သုံးမရ​တော့ဘူး။ သုံစရာလည်းမလို​တော့ဘူး။ ကိုယ်​အကြံ​ပေးခဲ့တုန်းကကိစ္စ​တွေကိုလည်း လုပ်​တယ်​ဒါ​ပေမဲ့ ကိုယ်​နဲ့မတိုင်​ပင်​ဘူး။ မပါဝင်​ဘူး။ အဲ့​တော့ ကိုယ့်​စီက​နေ ဘာအကြံမှမ​ပေး​တော့ဘူး။ ကိုယ့်​အ​နေနဲ့ ပြန်​ယူဖို့ပဲရှိ​တော့တယ်​။ ရသမျှပညာ​တွေယူမယ်​။ ​လေ့လာမယ်​။ ​နောက်​ထပ်​ ​ခြေလှမ်းအသစ်​အတွက်​ပြင်​ဆင်​မယ်​။

ကိုယ့်​ရဲ့ပုံစံနဲ့မကိုက်​ညီတဲ့​နေရာမှာ ကြာကြာ​နေ​နေရင်​ ကိုယ်​ပဲ စိတ်​မ​ပျော်​မှာ။ ကိုယ်​က အဖွဲ့အစည်းစိတ်​ရှိတဲ့လူ၊ အ​တွေးအ​ခေါ်​တွေ တီထွင်​မှု​တွေ လုပ်​တတ်​တဲ့လူ။ အသိပညာ ဗဟုသုတ​တွေ မျှ​ဝေချင်​တဲ့သူ။ လူကြီးပိုင်းမှာ​နေ​နေရမဲ့လူ။ ​ဆွေး​နွေးတိုင်​ပင်​​နေရမဲ့လူ။ အဲ့လိုလူကို ငုပ်​တုပ်​ထိုင်​ပီး ​နေခိုင်း​တော့။ ဘယ်​လိုလုပ်​ တိုးတက်​မှာလည်းဒီလူက။ အဲ့​တော့ အတိုင်းအတာ တစ်​ခုထိ​တော့ အတူရှိမယ်​။ ကိုယ့်​အတွက်​ ခွဲခွာချိန်​တန်​ရင်​​တော့ ခွဲခွာရမှာ​ပေါ့။ ကိုယ့်​ဘက်​ကကြည့်​ရင်​​တော့ ကိုယ်​အမှန်​​တွေကြီးပါပဲ။

ဘာဆက်​လုပ်​မလည်းဆိုတာက​တော့။ ကိုယ်​ဝါသနာပါတာ​တွေလုပ်​မယ်​။ ကိုယ်​ဝါသနာပါတာလုပ်​မှ ကိုယ်​​ပျော်​မှာ။ အဲ့လိုဝါသနာပါတာ​တွေလုပ်​​နေရင်း ဝါသနာတူ​တွေကို စု​ပေါင်းမယ်​။ အဖွဲ့လိုက်​တိုးတက်​​အောင်​ ​ပျော်​ရွှင်​​အောင်​လုပ်​မယ်​။ အားလုံးကို တတ်​နိုင်​သမျှကူညီမယ်​။ လူတစ်​ဦးမှာရှိ​နေတဲ့ စိတ်​ကူး​တွေ အ​တွေးအ​ခေါ်​တွေ လွတ်​လပ်​စွာ​တွေး​ခေါ်လုပ်​ကိုင်​မှု​တွေ တိုးတက်​​အောင်​ ကူညီမယ်​။ အတူတူ​လျှောက်​လှမ်းကြမယ်​။

Posted using Partiko Android

Sort:  

မတွေ့တာတောင် ကြာနေပြီBRo

Calling @originalworks :)
img credz: pixabay.com
Nice, you got an awesome upgoat, thanks to @caesarsupaimin
BuildTeam wishes everyone a great Christmas and bullish Holidays
Want a boost? Minnowbooster's got your back!

YOU JUST GOT UPVOTED

Congratulations,
you just received a 10.97% upvote from @steemhq - Community Bot!

Wanna join and receive free upvotes yourself?
Vote for steemhq.witness on Steemit or directly on SteemConnect and join the Community Witness.

This service was brought to you by SteemHQ.com

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 63976.84
ETH 1788.48
USDT 1.00
SBD 0.39