ဆောင်းတွင်းမှာ နှုတ်ခမ်းခြောက်တာ အတွက် နည်းလမ်းလေးတွေပါ....

in #myanmar6 years ago

အားလုံး မင်္ဂလာပါရှင်....ဆောင်းရာသီမှာဖြစ်တတ်တဲ့ နှုတ်ခမ်းကွဲတာ ပတ်သက်ပီး လေ့လာထားတာလေး share ပေးပါရစေ....
image
အခုလို ဆောင်းရာသီ အချိန်အခါမှာ တော်တော်များများ နှုတ်ခမ်းခြောက်တာ ဖြစ်လေ့ရှိကြပါတယ်...ပိုဆိုးလာရင်တော့ နှုတ်ခမ်းကွဲတဲ့ အထိ ဖြစ်တတ်ပါတယ်...
အဲလို ဖြစ်လာရင် ဘယ်လို အချက်လေးတွေကို ဆောင်ရ ရှောင်ရ မလဲ ဆိုတာ မျှဝေ ချင်ပါတယ်....
ပထမဆုံးကတော့ ရေသောက်ပါ....နွေရာသီလို ပူတဲ့အချိန်မှာ လူတိုင်း ရေကို သတိရကြပါတယ်...ရေခနခန သောက်ဖြစ်ကြတယ်...ဒါပေမဲ့ ဆောင်းရာသီဆိုရင်တော့ ရာသီဥတု အေးတဲ့အတွက် ရေမသောက်ဖြစ်ကြပါဘူး...ဒါက နှုတ်ခမ်းခြောက်တာကို ပိုပီး အားပေးသလို ဖြစ်နေပါတယ်....ဒါကြောင့် ရေများများ သောက်ပါ...အနည်းဆုံး တစ်နေ့ကို ၁လီတာ သောက်ပါ...
နောက်တစ်ခုက Vaseline သို့မဟုတ် Vitamin.E လိမ်းပါ....သတိရတိုင်း လိမ်းပေးပါ...ဒါက နှုတ်ခမ်းခြောက်တာကို သိသိသာသာ သက်သာစေပါတယ် နှုတ်ခမ်းနီဆိုးချင်ရင်တော့ Vaseline သို့မဟုတ် Vitamin.E အရင်လိမ်းပီး အပေါ်မှ နှုတ်ခမ်းနီ ကို ထပ်ဆိုးပါ....Matte ဖြစ်သော နှုတ်ခမ်းနီများကို ရှောင်ပေးပါ....ဆေးသောက်မယ်ဆိုရင်တော့ Vitamin.A, B2, C, E ပါတာကို ရွေးသောက်ပေးပါ...
image
ရှောင်ရမှာတွေကတော့
နှုတ်ခမ်းကို လျှာနဲ့ လုံးဝ မသပ်ပါနဲ့...ဒီလိုလုပ်တာဟာ နှုတ်ခမ်းခြောက်တာကို ပိုဆိုးစေပါတယ်....အပူအစပ် စားတာကို ရှောင်ပေးပါ......သိသမျှလေး မျှဝေတာပါ....ကျေးဇူးတင်ပါတယ်....ကျွန်မ ပုံ့ပုံ့ ပါ.....

Sort:  

ဗဟုသုတရပါတယ်​​ကျေးဇူးပါ

ဖတ်ပေးတာ ကျေးဇူးပါရှင်

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62567.99
ETH 3431.85
USDT 1.00
SBD 2.47