တစ်ဆင့်ချင်းသွားရမယ်

in #busy8 years ago

@bobokyaw.jpg

ဟိုဘက် ရပ်ကွက်လေးမှာတော့ တဖြည်းဖြည်းချင်း တရွေ့ရွေ့ချင်း သွားနေမိပါတယ် မသေချာသေး
ပေမယ့် သေချာသလောက်ရှိနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ် တကယ်လည်း အခုချိန်ထိ ရေ
ရာသေချာစေနိုင်တာ မတွေ့ရသေးပါဘူး အသေချာဆုံးဖြစ်မယ်လို့တော့ အက်ဒမင်ကသာ သိနိုင်
ပါလိမ့်မယ် အခုဆိုရင် သူတို့ရဲ့ အိုင်စီအိုကလည်း စတင်နေပါပြီ ဘယ်လောက်ရောင်းနေရပြီလဲ
ဆိုတာကတော့ စိတ်ဝင်စားစရာပါ သူတို့ ရောင်းကောင်းရင်တော့ အခြေအနေကောင်းနိုင်တယ်လို့
ဆိုပါတယ် ရောင်းကောင်းပါစေလို့ ဆုတောင်းရတော့တာပေါ့
success-413093_960_720.jpg

ကိုယ်တွေက လုပ်ထားမိပြီလေ ဆက်လည်း လုပ်ရဦးမယ်မဟုတ်လား တဖြည်းဖြည်းနဲ့ နှစ်လကျော်လို့
သုံးလထဲကိုတောင် ရောက်လာခဲ့ပါပြီ သူတို့ရဲ့ အင်အား စုဖွဲ့မှု လုပ်ဆောင်မှုတွေကလည်း တစ်နေ့
တခြား ကြီးထွားလာနေပါပြီ အခုဆိုရင် လုပ်ကိုင်သူ ဦးရေဟာ ငါးသောင်းကျော်သွားခဲ့ပြီလို့ဆိုပါတယ်

စတီးမစ်နဲ့ ယှဉ်ရင်တော့ အလွန်နည်းနေသေးပါတယ် စတီးမစ်က အခု ဆယ့်တစ်သိန်း ၀န်းကျင်ခန့်
ဖြစ်ပါတယ် သူတို့အတွက်တော့ နှစ်လကျော်အတွင်း ငါးသောင်းဆိုသော ပမ်ာဏ အင်အားဟာ
အလွန်အားရဖွယ် ကောင်းတယ်လို့ဆိုပါတယ်

သူတို့ရောင်းချနေတဲ့ အိုင်စီအို ဈေးကလည်း ၀မ်းစတင်းကို တစ်ဆယ်တိုကင်ဆိုတော့ အခြေအနေ
က တော်တော်ကောင်းပါတယ် စတင်းဈေးထက်တော့ ဆယ်ဆနည်းပါးနေပါသေးတယ် ပြီးတော့
တရားဝင်လည်း ထွက်မလာသေးပါဘူး တရားဝင်ထွက်လာရင်တော့ ဈေးက အမြင့်ပိုင်းနဲ့သွားမယ်
လို့ သုံးသပ်သူတွေရှိပါတယ်
snail-3491840_960_720.jpg

အချို့ကတော့ တဖြည်းဖြည်း အားမရတော့ဘူးဆိုကြပြန်ပါတယ် ဟုတ်တော့ဟုတ်ပါတယ်သတင်းက အတန်ငယ်အေးနေသလိုပါဘဲ အသစ်အသစ်တွေနောက်ကို လိုက်နေတာလည်း
ပါမယ်ထင်တယ်။ အချိန်တန်ရင်တော့ နေရာတစ်ခု ရလာလိမ့်မယ်ထင်မိပါတယ်
အမှန်တကယ်ကတော့ ရလာစေချင်မိတာဖြစ်ပါတယ်

ပါဝါအားကောင်းကောင်းနဲ့ စောင့်မျှော်နေသူတွေကတော့ ရင်ခုန်ရဦးမည်ပေါ့
နောက်လထဲမှာတော့ ကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ စတင်မယ်လို့ ကြားမိပါတယ် ပါဝါ ဒလိဂျင်းလုပ်ခွင့်တွေ လည်း ရလာမယ်ဆိုပါတယ်။ စတီးမစ်မှာ လုပ်နိုင်သမျှ လုပ်လို့ရမယ်ဆိုပါတယ်
အဲ့ဒါတွေ ထွက်လာရင်တော့ သေချာသလောက် ရှိသွားမယ်ထင်ပါတယ်
snail-780720_960_720.jpg

အားလုံးမျှော်လင့်ထားကြသလို ကောင်းမွန်သော အကျိုးအမြတ်များကို ရရှိအောင်ဖေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်လို့တော့ ဆိုထားပါတယ်
ကိုယ်ကတော့ စတီးမစ်ထဲက ကျားကြီးတွေရဲ့ လှုပ်ရှားမှုတွေ အာဘော်တွေကို စောင့်ကြည့်တာပါဘဲ
သူတို့ရဲ့ လုပ်ဆောင်မှု အမြင်တွေကလည်း အရေးကြီးပါတယ် ခုထိတော့ သူတို့က ပုံမှန် လျှောက်လှမ်းလျှက်ရှိပါတယ်။ သူတို့ထက် စီနီယာကျသော ဆြာကြီးတွေကို မတွေ့ရသေးပါဘူး
ဈေးကွက်ထဲ ရောက်သွားမှသာ သူတို့က အထုပ်ပိုက်ပြီး ၀င်လာကြမယ် မဟုတ်လား
ဒီအချိန် လုပ်ဆောင်သူတွေက သူလိုကိုယ်လို ဖရီးဘော လက်ရင်းဘော လုပ်သူတွေသာ ချေရှုပ်ကြရတာ သဘာဝပါဘဲလေ။
Photo Credit : Original source
Author : @bobokyaw

Sort:  

စတီးမစ်နဲ့ ယှဉ်ရင်တော့ အလွန်နည်းနေသေးပါတယ်

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemFest3 and SteemitBoard - Meet the Steemians Contest

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 61863.20
ETH 1596.93
USDT 1.00
SBD 0.47