စတင်းမွန်းစတားလိဒ်တစ်ခုပြီးဆုံးချိန်

in #esteem5 years ago (edited)

စတင်းမွန်းစတားလိဒ်တစ်ခုပြီးဆုံးချိန်
bbbttt.jpg
ဒီမနက်မှာတော့ စတင်းမွန်းစတားရဲ့ လိဒ်ပြိုင်ပွဲတစ်ခုက ပြီးဆုံးခဲ့ပါပြီ ဘယ်သူတွေတော့ ဘယ်လောက်ရကြတယ် ဘာကဒ်တွေရကြမယ်ဆိုတာ ရင်ခုန်စရာပါဘဲ ဒီဂိမ်းရဲ့ အဓိက ဆွဲဆောင်မှုတစ်ခုကတော့ ယခုလို ရာသီလိဒ်ပြီးဆုံးချိန်မှာ ကိုယ်စီကိုယ်ငှရကြတဲ့ ကဒ်တွေ ဖွင့်ကြည့်ရခြင်းရဲ့ ဖီလင်ဖြစ်ပါတယ် ဒါဟာ တကယ်ကို စိတ်လှုပ်ရှားစရာပါ ကစားဖူးသူတိုင်း ဒီဖီလင်ကိုသိကြပါတယ် အရင်တုန်းကတော့ ယခုလို ရာသီလိဒ် ပြီးဆုံးမယ့် မနက်ဆိုရင် စောစောလေးထပြီး နာရီပိုင်းအလို မီနစ်ပိုင်းအလိုမှာ ကိုယ့်အတွက် လိုအပ်သော ဖလားတွေကို တွန်းရှာရတာတွေကလည်း အမောပါဘဲ တကယ့်ကို အကြိတ်အနယ်ရှိလှပါတယ် ဘောလုံးပွဲတွေမှာ မိနစ်ကိုးဆယ်ကျော်မှာ ရသော အနိုင်ဂိုးတွေနဲ့ တူညီမယ်ထင်ပါတယ် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ ပွဲသိမ်းရလဒ်တွေ အဆုံးအဖြတ်ရလဒ်တွေကို ပြိုင်ပွဲချိန်ပြီးဆုံးခါနီးမှာ ပြောင်းလဲရယူကြတာမျိုးပေါ့
ယခုတော့ အဲ့သလို အင်အတိုက်အားတိုက် မကစားနိုင်ကြတော့ပါဘူး တစ်ဖက်ကလည်း ဆေးဝါးဂိမ်းရဲ့ အချိန်များစွာ ပေးဆပ်ရခြင်းတွေနဲ့ ကျန်တစ်ဖက်မှာလည်း ရတဲ့ ကဒ်တွေရဲ့ ဈေးနည်းပါးမှုတွေကြောင့် ကစားသူတွေ နည်းသထက်နည်းလို့လာပါတယ် ယနေ့လည်းစုစုပေါင်းမှ ငါးကဒ်တည်းရတာပါ အရင်က တစ်ရက် ရတဲ့ ကဒ်အရေအတွက်ထက်တောင် များစွာ နည်းပါးလွန်းနေပါသေးတယ် ကံမကောင်းစွာနဲ့ဘဲ ဒီငါးကဒ်ထဲမှာ ရွှေရောင်ကဒ်လေးတောင် ပါမလာပါဘူး ဒါကတော့ မျှတတဲ့ အခြေအနေဖြစ်ပါတယ်လို့ ဆိုချင်ပါတယ် နောင်များတော့ ဘယ်လို အခြေအနေဖြစ်လာမယ် မသိနိုင်သေးပါဘူး အခုတော့ ဒီလောက်နဲ့ဘဲ ကျေနပ်ရပါပြီ

Photo Credit: https://steemmonsters.com/#
Author: @bobokyaw

Sort:  

I am an automatic upvote bot, only for #steemmonsters, #steemmonster. If i liked your post, you will get an upvote. Only for Steemmonsters. Once a day, i published the posts, that have recieved an upvote.

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.14
TRX 0.12
JST 0.024
BTC 51981.11
ETH 2334.35
USDT 1.00
SBD 1.97