အရှုံးထဲကအမြတ်ထုတ်ပါ

in #myanmar8 years ago (edited)

bobo (3).png

ဘာလုပ်ရမည်မှန်းမသိဘဲ ထိုင်လို့ငေးငိုင်နေမည်ဆိုလျှင် ဘာမှဖြစ်မလာမှာသေချာသည်
တွေဝေငေးမောခြင်းကြောင့် အချိန်များစွာတို့သည် ကုန်လျှက်ရှိသည်။
တစ်ခုခုလုပ်ကြည့်လို့ အဆင်မပြေမှာတွေးကြောက်နေရသည့်စိတ်သည် အလွန်ဆင်းရဲလှပါသည်
အမှားတစ်ခုကို တန်ဖိုးတစ်ခုပေးဆပ်ပြီးလုပ်ကြည့်သည်ကမှ သာလို့ကောင်းပါသေးသည်။
ဘ၀အတွက် သင်ခန်းစာအသစ်တွေရလာနိုင်မည်ဖြစ်သည်။
တွေဝေငေးမောခြင်း သည် မသိခြင်းမောဟ ဖြစ်လေသည်။ မသိခြင်းသည် မိုက်မဲခြင်းမည်သည်။
ဘာမှမလုပ်ဘဲ နေလျှင်တော့ ဘာမှသိမည်မဟုတ် ။လုပ်ကြည့်ရမည်။ စမ်းကြည့်ရမည်။
စွန့်စားခြင်းသည် အောင်မြင်ခြင်းရဲ့ သော့ချက်ဖြစ်သည်။ မိုက်ရူးရဲဆန်သည်ဟုထင်စရာရှိသည်။
သို့သော် ထိုင်နေသည်ထက်များစွာ အခွင့်အလမ်းရှိနေသည်။ ထိုင်နေသည်ဆိုကတည်းက
ကံအကျိုးပေးကိုသာ စောင့်စားသည်နှင့်တူလေသည်။ကံသည် ကိုယ်ကမြင်ရသောအရာမဟုတ်
ကောင်းခြင်လည်းကောင်းပေမည်။ ဆိုးချင်လည်းဆိုပါမည်။ ဆိုးခြင်းကောင်းခြင်းကံအကျိုးပေးကို
မိမိသည်ပြုပြင်ယူလို့မရနိုင်တော့ ပါ။ကံသည် ပြုလုပ်ထားသည့်အတိုင်းအကျိုးပေးသည်ဟုနားလည်
သည်။ သို့အတွက် ရမည့်အရာသည် ရမည်သာဖြစ်လို့ တွေးတောပူပန်နေစရာမလိုသလို
တင်ကြိုတွေးပြီး ပျော်ရွှင်ကျေနပ်နေဖို့လဲမလိုအပ်ပြီ။ သူ့သဘောကိုသူဆောင်ပါလိမ့်မည်။
တစ်ခုခုကို ကြိုးစားလုပ်ကိုင်ခြင်းကြောင့် လက်တွေ့အကျိုးပေးကံသည် မိမိတို့အားထောက်ပံ့ပေလိမ့်မည်
သို့အတွက် တစ်ခုခုတော့ လုပ်ရပေလိမ့်မည်။ မိမိတို့တွင် ထိုင်စောင့်နေလောက်အောင် ကံကောင်း
သူများမဟုတ်သည်ကိုတော့ သတိရသင့်ပေသည်။ ဘာမှလုပ်စရာမရှိအောင် တွေဝေငေးမောနေရသည်ဆိုလျှင်အမှားတစ်ခုလုပ်ပြီး နေ့တစ်နေ့ကိုသင်ခန်းစာ
ယူလိုက်ပါဟု ဆိုချင်သည်။
image
Author : @bobokyaw
Photos credit; Google Image
MSC-060

Sort:  

Nice post bro.

thanks

မှန်းပါတယ်အစ်ကိုထိုင်တွေးနေတာထက် ပြေးတွေ့လိုက်တာပိုကောင်းမယ်

ဟုတ်ကဲ့ ကျေးဇူးပါဗျ

You got a 0.49% upvote from @upme requested by: @bobokyaw.
Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

You got a 1.42% upvote from @buildawhale courtesy of @bobokyaw!

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

This post has gratitude of 1.11 % from @appreciator thanks to: @bobokyaw.

This post has received a 1.94 % upvote from @boomerang thanks to: @bobokyaw

This post has received a 30.30% upvote from @lovejuice thanks to @bobokyaw. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.078
BTC 65711.11
ETH 1725.05
USDT 1.00
SBD 0.41