အချိန်မလောက်နိုင်

in #esteem5 years ago

အချိန်မလောက်နိုင်
allll.jpg
ဂိမ်းတွေက ဘာကောင်းသလဲ မမေးပါနဲ့ ကောင်းမှကောင်းပါဘဲ ခက်နေသည်က အကွက်စေ့အောင် မကစားနိုင်ခြင်းသာဖြစ်သည် ဘယ်ဂိမ်းဖြစ်ဖြစ် အချိန်ကတော့ အတော်လေး ပေးရသည်။ ဒါမှလည်း လိုအပ်သော လေဘယ်ကို အမြန်ရောက်နိုင်မည် အချိန်အားမှ ကစားပြီး မှေးဆော့လျှင်တော့ ရပါသည်။ ဒါပေမယ့် အကျိုးအမြတ်ကတော့ သူများနဲ့ တန်တူ ရနိုင်တော့မည်မဟုတ် ရွေးချယ်စရာတော့ရှိသည် အချိန်မရင်းနိုင်လျှင် ငွေရင်းရမည်။ ဒါကလည်း သိပ်တော့ မဟုတ်လှသေး ငွေရင်းပြန်တော့လည်း အခြေအနေအပြောင်းအလဲ ကြောင့် တလွဲတွေဖြစ်သွားတက်သည်။ ငွေရင်းပြီး အချိန်လည်း ထိုက်သင့်သလောက် သုံးပေးမည်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်မည်။
စတင်းမွန်းစတားကို ပြစ်ထားလိုက်ရတာ ရာသီလိဒ် တစ်ခုကို ကျော်သွားခဲ့ပြီ နောက်ရာသီလိဒ်ကလည်း ပြီးတော့မည် ယခုအချိန်အထိ တစ်ပွဲမှ မတိုက်ရသေး မတိုက်နိုင်သောကြောင့် ကြည့်နေရသည်။ ကဒ်ဈေးတွေကတော့ ပုံမှန် အနေအထားမှာ ထိန်းထားကြပြီဖြစ်သည်။ ဒီထက်လည်း ဈေးမကျနိုင်တော့ ဆိုသည့်သဘောဖြစ်သည်။ အပြောင်းအလဲ တစ်ခုဖြစ်လျှင် ဈေးတောင် ပြန်တက်နိုင်သေးသည်။ ကိုယ့်မှာကလည်း ရှိသမျှ ခေါင်းဆောင် တွေ ချရောင်းလိုက်ပြီဖြစ်လို့ ၀င်ရောက်ကစားလို့ကမရတော့ ဟိုဘက်က ဂိမ်းကလည်း အချိန်ပေးနေရပြီ ဒီဘက်ကလည်း လုံးဝလျွှ်လိုက်လို့မဖြစ်သေး နှစ်ဖက် ခွချက်ပြီး အခြေအနေ လေ့လာနေရသည်။ နှစ်ဖက်လုံး လုပ်နိုင်လျှင်တော့ ဆိုဖွယ်မရှိ အကောင်းဆုံးဖြစ်မည်။

Photo Credit : https://steemmonsters.com/#
Author : @bobokyaw

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66439.14
ETH 3005.38
USDT 1.00
SBD 3.68