သို့... MSC (အရင်လိုပါပဲ)
#ဘာလုပ်မှာလည်း...ပြော
မင်း မကြိုက်ရင်.. လာမရှုတ်ပါနဲ့တော့...
ငါတို့က ရှေ့ဆက်လျှောက်ဖို့... ဇွဲနဲ့ပေါ့...
နောက်တစ်ခေါက်လောက် နဲနဲအော်
...................................
ဘာလုပ်မှာလည်း...ပြော
မင်း မကြိုက်ရင်.. လာမရှုတ်ပါနဲ့တော့...
ငါတို့က ရှေ့ဆက်လျှောက်ဖို့... ဇွဲနဲ့ပေါ့...
နောက်တစ်ခေါက်လောက် နဲနဲအော် ...နဲနဲအော်
ဒီနေ့တော့ စိတ်ပေါက်ပါက်နဲ့ စိုင်းစိုင်းရဲ့ သီချင်းလေး
ထအော်မိပါတယ်....
လူဗျာ... အရွယ်လေး ရောက်လာတော့...
အောင်မြင်ချင်တယ်၊ ကြီးပွားချင်တယ်...
ဘာဖြစ်ချင်တာလည်း ရေရေရာရာ မရှိ၊
ဘာလုပ်ချင်တာလည်း သေသေချာချာ မသိ၊
အဲ! တိုးတတ်ကြီးပွားအောင်မြင်ချင်တာတော့ ဟုတ်သဟ!
အရင်းအနှီးကလည်း များများစားစား မရှိ၊
ရှိသလောက်လည်း ပုံမရင်းရဲ၊
ဘာတွေလဲ.... ဘာတွေလဲ....
အလုပ်တစ်ခုတော့ လုပ်ချင်နေတာပဲ...
လုပ်ချင်ရင် လုပ်လိုက်ပါလား....
ဟိုဟာ မသိလို့၊ ဒီဟာ မရှိလို့။
ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ။
အောင်မြင်ပြီးသား ပညာကျော်တွေကတော့ ပြောကြပါရဲ့...
ရောက်တဲ့နေရာက စ၊
ရှိတာနဲ့ လုပ် တဲ့....
ကဲဗျာ...
တစ်ယောက်အားနဲ့ မရ၊
အများအားနဲ့ ချမယ်တဲ့။
ဘယ်မလဲ ယုံကြည်မှု၊
ဘယ်မလဲ စည်းလုံးမှု၊
သူသူငါငါ ခဲမှန်ဖူးတဲ့ စာသူငယ်လို
သံသယတွေက ရှိတတ်ကြ မဟုတ်လား...
ဒီအတိုင်းတော့ မဖြစ်ခြေဘူး...
တိုးတတ်အောင်၊ ခိုင်မြဲအောင်၊ တည်တံ့အောင်
တစ်ခုခုတော့ လုပ်ကြဦးမှလားလို့...
တင်ပြကြပါ...
ဆွေးနွေးကြပါ...
အိုဗျာ... အယူအဆ မတူမျှရင် ငြင်းခုန်ကြပါဦးလား...
ရှုံးမှာ ကြောက်လို့ ဘာမှ မလုပ်တော့ဘူးလား...
မှားမှာ ကြောက်လို့ ရှေ့က မထွက်ရဲဘူးလား...
ဘာမှ မလုပ်မှတော့
အသက်ရှင်လျက် သေနေသလိုပဲ မဟုတ်ဘူးလား...
ဒီတော့ဗျာ... မင်းက စမလား... ငါက စမလား...
ဦးဆောင်မည့်သူ ရှိမှ နောက်လိုက်မည့်သူ ရှိမှာလား...
နောက်လိုက်မည့်သူ ရှိမှ ဦးဆောင်မည့်သူ ရှိမှာလား...
ရှေ့ကလည်း မသွားဘူး၊ နောက်ကလည်း မလိုက်ဘူးလား...
ဒါဆို ဘေးခြင်းယှဉ် တန်းတူ လျှောက်မလား...
ဟင်! ဘယ်နေရာကမှ ဟုတ်ဘူးလား...
အလကားရသလောက်ပဲ အလကားယူမှာလား...
ရေသာခိုဇုန်က မထွက်ချင်ကြဘူးလား...
ဟာဗျာ... အဲသလောက် ပြောနေရအောင်...
ဘာဖြစ်ချင်တာမို့... ဘာလုပ်ရမှာလဲ...
ဘာဖြစ်ချင်မှန်းတောင် မရေရာတာ
ဘာလုပ်ရမှန်း သေချာပါ့မလားဗျာ...
ဒီတော့လည်း ဒီအတိုင်းပဲပေါ့ဗျာ...
အရင်လိုပါပဲ... အရင်လိုပါပဲ...
မပြောင်းလဲပါဘူး.... အိပ်မက်က အိပ်မက်ထဲမှာပါပဲလေ...
ပထမတော့ ဒီနေ့ စာမရေးတောဘူးလို့...
စိတ်ကူးရှိခဲ့သော်လည်း စိုင်းစိုင်း သီချင်းလေး
အော်ညည်းမိရင်း စိတ်ထဲရှိတာ ချရေးလိုက်မိပြန်ပါပြီ....
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....
MSC - 193

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thank for vote
Posted using Partiko Android
အကောင့်တွေအများကြီးနဲ့ ဘယ်သူကဗုတ်ပေးနေတာလဲဗျ။
ပွင့်ပွင့်လင်းလင်းပြောရရင် msc ကို စထောင်တုန်းက စာရေးဖို့ပဲဖိတ်ခေါ်ခဲ့တာဗျ။အဲဒီတော့ တစ်ကယ်တမ်းရင်းမဲ့သူတွေ ပါမလာခဲ့ဘူး။
Steem မှာ တစ်နှစ်ကို ၂၀ရာခိုင်နှုန်းအထိရှာလို့ရတယ်။ အပြင်ကလူတွေကို ဖိတ်ခေါ်ပြီးတော့ ရင်းခိုင်းရင်ကော။ ၁၃ရာခိုင်နှုန်းလောက်ပေးရင်ကို လုပ်ချင်တဲ့သူတွေ ပေါ်လာပါလိမ့်မယ်။ နောက်တစ်ခုကတော့ wafrica လုပ်သလိုမျိုး ကိုယ့်ကို follow , upvote ပေးတဲ့သူကို token ပြန်ပေးတာပါ။ ကိုယ့် tokenကို သုံးတဲ့သူများမှ ဈေးကတက်လာမှာပါ။ ကိုယ့်ဘာသာကိုင်ထားရင်တော့ ဘယ်ဈေးတက်ပါ့မဲလဲ။ Token holder ကို တိုကင်ခွဲပေးတဲ့နည်း။ SP delegate လုပ်ထားတဲ့သူတွေကို တိုကင်ပေးတာတွေကိုလဲ စဉ်းစားသင့်ပါတယ်။
အကောင့်တွေအများကြီးနဲ့ ဗုတ်ပေးတာကတော့ ကိုဖြိုးဝေအောင် ပါ...
ဟုတ်မယ် ထင်ရဲ့ဗျာ😁
Idea ပေးသည့်အတွက် ကျေးဇူးပါဗျာ
Posted using Partiko Android
သီချင်းလေးကောင်းပါတယ်
သီချင်းလေးပဲလားဗျာ😁
Posted using Partiko Android
MSCမှာ ကိုဟိန်းလို လူမျိုးတွေ အများကြီးရှိရင် လက်ခမောင်းခတ်လို့ ရတယ်။ စိတ်ဆန္ဒပြင်းရင် ဘယ်အရာမှတားဆီးလို့ မရပါဘူး။ ကေျးဇူးပါကိုဟိန်း
ကိုယ်လည်း ဇွဲကောင်းနေရုံလေးပါပဲ
ဒီထက်ပိုကာမှ တော်ကာကျမယ်ထင်
Posted using Partiko Android
ဘာလုပ်မလဲပြော ဘာလုပ်မလဲပြော ဘာမှလုပ်သေးဘူး ဆွေးနွေး ငြင်းခုံ အဖြေရှာရန် ☺
အစကို ဖော်မရတာ😁😁😁
Posted using Partiko Android