ဒွိဟစိတ်နှင့်သူ (အပိုင်း-၂)
မင်္ဂလာပါ စာချစ်သူ မိတ်ဆွေတို့ရေ
အပိုင်း-၁
https://steemit.com/myanmar/@billionairehein/dyihsit-wngthu-yapasyapmwn-zate-kangyapn-apong-1
အပိုင်း-၂
(မနှစ်ကပုံ- ယခင် မှော်ထဲ ဆေးခန်းဖွင့်စဉ်က ဖုန်း၊ကင်မရာ မရှိ၍
မှတ်တမ်းဓာတ်ပုံ မရိုက်ခဲ့ရ)
ခွေးမြီးကောက် ကျည်တောက်လွတ်ပြီ -
သူဟာ အရပ်ကုဆေးဆရာတစ်ဦးနှင့် ခင်မင်ခဲ့တယ်။ အဲဒီ
ဆရာကတော့ မှော်ထဲကို ရောက်နေတာ ကြာပြီဖြစ်သောကြောင့်
ငွေကြေးလည်း အတော်အသင့် အဆင်ပြေနေပြီ။ သစ်စက်
ထောင်ပြီး ပျဉ်လည်းရောင်းရင်း ဆေးကုခန်း ဖွင့်ထားသူပါ။
သစ်စက် ဆိုတာက တရားဝင်တော့ မဟုတ်ပါဘူး။ တောခေါင်းတို့၊
နယ်ထိန်းရဲတို့ကို ငွေ ပေးပြီး လုပ်ကိုင်တာပါ။ ဆေးပညာဘွဲ့ရ
မဟုတ်လည်း ဆေးခန်းဖွင့် ဆေးကုစားလို့ ရတယ်။ မြန်မာနိုင်ငံရဲ့
တရားဥပဒေ စိုးမိုးရေးဟာ ဒီလိုပါပဲ။ သူဟာ အရပ်ကုဆေးဆရာ
တစ်ဦးနှင့် ပေါင်းပြီး ဘီယာ၊အရက်တို့ ပြန်သောက်စ ပြုလာခဲ့တယ်။
သူတို့နှစ်ဦးဟာ သောက်ဖော်သောက်ဖက် ဖြစ်သွားတော့
ညီအကိုတွေလိုပါပဲ။ တဦးအကြောင်းတဦး ပွင့်ပွင့်လင်းလင်း
ပြောဆိုကြလို့ အတွင်းရေးတွေတောင် မထိန်ချန်ကြပါဘူး။
သူဟာအဲဒီဆေးဆရာရဲ ဝမ်းကွဲ ယောက်ဖနှင့်လည်း အတူ
ဘီယာ သောက်လေ့ရှိခဲ့တယ်။ ဒါဟာ ပျက်ဆီးခြင်းအစတော့
မဟုတ်ပါဘူး။ ဟိုတုန်းကလည်း ပျက်ဆီးခြင်း မိုက်မဲခဲ့ဖူးသေး
တာကိုး။ သူဟာ ဆေးကုသရာမှ ရရှိသောငွေဖြင့် တရုတ်ဆိုင်ကယ်
အဟောင်းတစ်စီး ဝယ်ဖြစ်ခဲ့ပါတယ်။ ဆိုင်ကယ်ရှိတော့ သွားလို့
လာလို့ အဆင်ပြေသွားတာပေါ့။ သူ့မှာ ယခင် လုပ်လက်စ
အလုပ်ကလေးတစ်ခု ရှိခဲ့တယ်။ အဲဒါက သဘာဝဆေးဝါးနှင့်
အလှကုန်တွေကို တိုက်ရိုက်ဖြန့် လက်ဆင့်ကမ်း ရောင်းချတဲ့
စီးပွားရေး တစ်ခုပါ။ ဒီလုပ်ငန်း အကြောင်းကို သူခင်တဲ့
အရပ်ကုဆေးဆရာနှင့် ပူးတွဲ လုပ်ကိုင်ကြဖို့ ဆွေးနွေးတိုင်ပင်
ခဲ့တယ်။ အဲဒီဆရာကလည်း စမ်းသပ် လုပ်ကိုင်ကြည့်ဖို့
သဘောတူ လက်ခံခဲ့တယ်။
(တိုက်ရိုက်ဖြန့် ဈေးကွက်ဖော် စီးပွားရေးလုပ်ခဲ့စဉ်က ပုံများ)မိုးညများ -
ရင်နင့်နင့် ခံစားချက်တို့ ယိမ်းယိုင်
မှိုင်တွေငေးမော မျှော်မှန်းတမ်းတ
တစစနှင့်စူးနစ် လွမ်းမိုးစွေရွာ
မပျော်နိုင်ရှာပြီပဲ
ဝေဒနာတွေ ပေးဖို့ ရောက်ပေါက်လာ
အကာလည လှစ်ဟခြွေချလိုက်တယ်
တစက်စက်မိုးရေတွေ ကြွေပါစေ။
ဘဝတွေက
စိတ်ကူးနဲ့ထပ်တူမကျ မလှ
အသည်းစိုင်ကို ဆွဲကိုင်လှုပ်ရမ်းလို့ ကစားနေပါလား
ပြေးထွက်ဖို့ ခွန်အားမရှိ လမ်းကမသိ
ဒရောသောပါးတိုက်ခတ် မျောလွင့်တိမ်လွှာမိုးခြုန်း
ရင်ဘတ်ထဲမှာ တဒုန်းဒုန်းနဲ့
အဆိပ်တတ် အိပ်မက်တို့ ခြောက်လှန့်နှိုး
မိုး ကြွေပါစေ နှလုံးအသည်းတွေ။
အတွေးများ ကယောက်ကယက် အိပ်ပျက်ည
စိတ္တဇ လူးလွန့် အထီးကျန်ဘဝ
မိုးစက်ပေါက်တို့ တဖြောက်ဖြောက်ကြွေ
ဘယ်လိုနေရပါလေမလဲ မသဲကွဲ
မိုးစက်တွေရယ် လှောင်နေလေသလား
ရိုက်ချက်ပြင်းနဲ့ နှိပ်စက်ခြင်းပဲလား
ဆိုးအိပ်မက်တို့ နှောက်ယှက်ခြောက်လှန့်
ဘယ်ဘက်ရင်ကို ခပ်ဆတ်ဆတ်လေး တီးခတ်သွားတယ်
သန်းခေါင်ကျော်ည မည်းမည်းထဲ
တစိမ့်စိမ့်တုန်ရီ မောခွေလို့ အခိုက်
အရမ်းအမိုက် ရွာချလိုက်တယ်
အသည်းနှလုံးတွေ ကြွေလေပြီလား။ ။
သူဟာ မိုးညတွေမှာ အထီးကျန်ဆန် တစ်ယောက်တည်းပဲပေါ့။
သူ နေထိုင်ရာ ဆေးခန်းလေးကလည်း ထီးတည်း တစ်လုံးလေး
သာပဲ။ သူဟာ အထီးကျန်မှုကို အရက်ဖြင့် ချွေးသိပ်ခဲ့သေးတယ်။
တချိန်က ရည်းစားတစ်ယောက်ကိုလည်း သတိရ လွမ်းဆွတ်တဲ့
အခါ အရက်နဲ့ပဲ မေ့ဖြောက်လို့သာပေါ့။ ဒါပေမယ့် ချွေးတိတ်မယ်
ထင်သလား။ မေ့ပျောက်မယ် ထင်သလား။ မိုးညတွေဟာ သူ့ကို
နှိပ်စက်တော့တာပါပဲ။ သူ့ဆေးခန်းလေးကို အမိုးအကာ
လုပ်ထားတဲ့ Made in Korea ဆိုတဲ့ မိုးကာတာပေါ်လင်စ
တွေကလည်း နှစ်လကျော် သုံးလလောက်နဲ့ မိုး မလုံတော့ပါဘူး။
ညတွေဟာ သူ့အတွက် ဝေဒနာတွေပါပဲ။ ခြောက်အိပ်မက်
တို့ကြောင့် အိပ်ရေးပျက် ခဲ့ရတာလည်း အကြိမ်ကြိမ်၊ မိုးရေပေါက်
တွေကြောင့် အိပ်မရခဲ့တာတွေလည်း အခါခါပေါ့။ ညဦးပိုင်းက
သောက်ခဲ့တဲ့ အရက် အရှိန်က ပြေလျော့သွားချိန်မှာ တရေးနိုး
အအိပ်ပျက် သူ့အတွက် ဝေဒနာ တရေးနိုးလို့ အဆွေးမိုးက
ရင်ထဲမှာလည်း ရွာတော့တာပါပဲ။ တချို့ညတွေဆို သူဟာ
မိုးစက်တွေရဲ့ ရန်ကို အိပ်ရာခင်း ဖယောင်းကော်ဇောလေး
မိုးလို့ ခွေခွေလေး အိပ်ခဲ့သေးတာပါ။ ငွေကြေးမပြေလည်တာ
ကြောင့် မိုးကာတစ်ချပ် နှစ်သောင်းတန်လေးကို ဝယ်မိုးဖို့ တွန့်တို
နေခဲ့ရပေါ့။ သူဟာ ဘယ်လို ဆက်သွားမလဲ။ ဘယ်ကို သွားလို့
ဘယ်မှာ နေရမလဲ။ အတွေးတို့ဖြင့် တဝဲလည်လည် နေခဲ့တာပါ။
(ယခင်ဆေးခန်းဖွင့်ခဲ့သော နေရာမှ ရွှေမျောလုပ်ကွက်နှင့်
မုံစုပ်စက်နှင့်မျောပုံများ- ထိုဆီက မိတ်ဆွေထံ ယခုဓာတ်ပုံများကို
Messengerဖြင့် တောင်းယူထားခြင်း ဖြစ်သည်)
- မိုးနှောင်းနိဂုံးဆုံးတော့ -
မပီဝိုးတဝါး
ဆေးသားပျံ့လွင့် ပန်းချီကားတစ်ချပ်
မှိုင်းညို့တိမ်လွှာပြင်တို့ အုံ့ဆိုင်း
မှိုင်းမိနေတဲ့စိတ်
အတိတ် ပစ္စုပ္ပန် ရောထွေး
အတွေး ဆန္ဒ အိပ်မက် တဝဲလည်လည်
ကယောက်ကယက်ခတ် လှုပ်ရှား
ဘယ်ကို သွားလို့ ဘယ်ကို လာမယ်
ဥဒ္ဓစ္စ၊ ဥဒ္ဓစ္စ
ဝိစိကိစ္ဆာ ၊ ဝိစိကိစ္ဆာ
ကုက္ကုစ္စ ၊ ကုက္ကုစ္စ ။ ။
သူဟာ စိတ်ထင်တာတွေ ပြောတယ်။ သွားချင်ရာ သွားတယ်။
နေချင်သလို နေတယ်။ သောက်တယ်။ စားတယ်။ အိပ်တယ်။
မရဘူး။ တွေးတယ်။ ငေးတယ်။ စိတ်တိုတယ်။ ဘယ်လို
နေထိုင်ရမယ်ဆိုတာ မဝေခွဲတတ်တော့ဘူး။ သူဟာ စိတ်ကို
ထိန်းတယ်။ ကလေကချေကောင် မဟုတ်ဘူး။ အောင်မြင်ရ
မည့်လူ လို့ ခံယူထားတယ်။ အရက် မသောက်ဘဲ အိပ်ကြည့်
တယ်။ သန်းခေါင်ယံ ရောက်တယ်။ အတွေးတို့ ဘယ်ရောက်
နေလဲ။ မသဲကွဲဘူး။ ဘာလုပ်ရမလဲ မဆုံးဖြတ်တတ်တော့ဘူး။
ဒီအတိုင်းဆို မဖြစ်ချေဘူး။ ကျန်းမာရေး ထိခိုက်လိမ့်မယ်။
အိပ်ပျော်အောင် အိပ်ရမယ်။ ဟုတ်တယ်၊ အရက် သောက်ရမယ်။
အရက်သောက်မယ်။
- နှောင်း အတိတ်က -
သူဟာ ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားခဲ့တာပါ။ သူဟာ ငယ်စဉ်
ဘဝမှာ စာ ကြိုးစားခဲ့တယ်။ စာ သိပ်တော်ချင်ခဲ့တယ်။ အလယ်
တန်း တလျှောက် စာမေးပွဲတွေမှာ ပ၊ ဒု၊ တ တစ်ဆုဆု နှစ်တိုင်း
ရခဲ့သူပါ။ ဆင်းရဲတဲ့ သူ့ဘဝကို ပညာရေးဖြင့် မြှင့်တင်ရမယ်လို့
ယုံကြည်မျှော်လင့်ထားခဲ့သူပါ။
စားဝတ်နေရေး မပြေလည်မှုဟာ မိသားစုဘဝ မနွေးထွေးခဲ့ပါဘူး။
မငြိမ်းချမ်းခဲ့ပါဘူး။ သူ့အဖေဟာ အရက်သမားတစ်ဦး ဖြစ်နေခဲ့ပြီး
သူ့အမေက အရက်သောက်တာ မကြိုက်လို့ ပူညံပူညံ လုပ်လေ့
ရှိခဲ့ပါတယ်။ သူ့မိဘတွေဟာ နေ့တိုင်းလိုလို စကားများ ရန်စောင်
နေကြလေ့ ရှိခဲ့ပါတယ်။ သူ့ရဲ့ ပညာရေးကို အားပေးတယ် ဆိုရုံ
က လွဲ၍ လမ်းညွှန်မှု ကောင်းကောင်း ပြုပေးနိုင်သူ မရှိခဲ့ပါဘူး။
သူ့ရဲ့ မွေးရပ်ရွာမှာ အထက်တန်းကျောင်း မရှိခဲ့ဘူး။(ခုတော့ တွဲဘက်
အနေဖြင့် အထက်တန်း တတ်လို့ ရနေပါပြီ) သူ့မိဘကလည်း မြို့
ကျောင်းမှာ ထားဖို့ ငွေကြေး မတတ်နိုင်ရှာခဲ့ဘူး။ ဒါကြောင့် သူဟာ
ကညွတ်ကွင်းမြို့မှာ ရှိကြတဲ့ ဆွေမျိုးတွေရဲ့ အကူအညီဖြင့် ထိုဆီမှာ
နဝမတန်း တတ်ရောက်အောင်မြင်ခဲ့ပါတယ်။
သူဟာ ဆွေမျိုးတွေဆီမှာ မပျော်နိုင်ခဲ့ပါဘူး။ သူက စာ ကျက်တာ၊
လေ့လာတာပဲ လုပ်နေချင်ခဲ့တာကိုး။ သူ့ဘဝမှာ စာမှစာပဲ ရှိခဲ့တာ
ပါ။ (သူ့ကို crush ကြတဲ့ ကောင်မလေးတွေကိုတောင် မျက်နှာ
သာ မပေးခဲ့တာ) ဒါပေမယ့် ဆွေမျိုးတွေအိမ် ကပ်နေရတာ ဆို
တော့ ထိုသူတို့တွေ အကြိုက် နေပေးခဲ့ရတယ်။ အိမ်မှုကိစ္စအကုန်
လုပ်ခဲ့ရတယ်။ ထမင်းချက် ပန်းကန်ဆေးက စလို့ ကျောင်းပိတ်ရက်
စနေ၊တနင်္ဂနွေတွေမှာ ထွေလာဂျီစပါယ်ယာ ကုန်တင်ကုန်ချ လုပ်ခဲ့
ရပါတယ်။
သူဟာ ဒီလောက် အလုပ်ရှုပ်နေရသောကြောင့် စာကြိုးစားရမည့်
အချိန် နည်းပါးသည့်အတွက် ဒဿ မတန်း ရောက်ရင် ဆွေမျိုးတွေ
ဆီမှာ ကပ်နေလို့ မဖြစ်တော့ဘူး ဆိုပြီး မွေးရပ်မြေ ပြန်ခဲ့ပါတယ်။
နောက်အပိုင်းများတွင် ဆက်လက်အားပေးပါဦး
ကျေးဇူးတင်ပါသည်
မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း
ဖြင့် ပြည့်စုံကာ အောင်မြင် ပျော်ရွှင်ကြပါစေ...
@billionairehein
MSC-193
Hein Khant Maung ကိုယ်ပိုင်ခံစားချက်ဖြင့် ရေးသည်။
စာရေးကောင်းလိုက်တာဗျာ...
Fighting broရေ...
ဘယ်အမျိုးအစားလို့တော့ ပြောတတ်ဘူးဗျ
ရေးစရာရှိတာ ရေးချနေတာပါ
ကျေးဇူးပါဗျ
အဆင်ပြေရာကိုလုပ်ကြရတာပါပဲ စားဝတ်နေရေးအတွက် လူတိုင်းရုန်းကန်နေကြရပါတယ်။
ဆန္ဒနှင့်ဘဝ တထပ်တည်းကျဖို့တော့ ဝါသနာပါရာကို ဘဝအောင်မြင်ရေးထဲ ဆွဲထည့်နိုင်ရင် ပိုကောင်းတာပေါ့ စားဝတ်နေရေး ဦးစားပေးနေရတဲ့ မြန်မာ့ လူနေမှုဘဝကို ပြောင်းလဲနိုင်အောင် ကြိုးစားရမယ်
ဟုတ်ပါတယ် ဝါသနာအရင်းခံပီးကြိုးစားရင် ကောင်းသောအောင်မြင်ခြင်းဖြစ်လာမှာပါ
ဘ၀ဆိုတာမျိုးကတော့ ဒီလိုဘဲဖြတ်သန်းကြရတာပေါ့ အစ်ကိုရာ
လဲတိုင်း ပြန်ထနိုင်အောင် အားမွေးကြိုးစားနေပါတယ်
ကျေးဇူးပါ
ဘဝကို ဗေဒါလို လွင့်ခဲ့သူပေါ့
ခုတော့ငြိမ်နေပါပြီ
ကျေးဇူးပါ
ဘာဖြစ်လို့လဲ bro ကျောက်ကြားမှာ ညှပ်နေလို့လား😃😃😃
နောက်တစ်ပိုင်း စောင့်ဖတ်နေမယ် bro
ကျေးဇူးပါ
ဖားကန့် တိုက်ပွဲတွေ အကြောင်း ရေးပါလားဗျ
ဒီလိုပဲရုန်းကန်ကျရတာပဲဘဒိုရေ
ဖိုက်တင်းပါ
ကျေးဇူးပါ လက်တွဲဖြေရှင်းကျော်လွှားကြတာပေါ့
စားဝတ်နေရေး အတွက် မသေခင်အထိ ရုန်းကန်ရဦးမယ်မဟုတ်လား
စားဝတ်နေရေးက လွတ်မြောက်ချင်ပြီဗျာ
ဖတ်လို့ကောင်းတယ်
ကျေးဇူးပါ
Bro လို နည်းပညာတော့ မကျွမ်းဘူးဗျ
Thank you.
ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်ရဲတဲ့ သတ္တိ နဲ့ ဇွဲကို လေးစားအားကျမိတယ်
Thank you. We are together. Fighting!
ဖတ်ကောင်းပါတယ်
ကျေးဇူးပါ ဝေဖန်ပေးပါ