အချစ်နှင့်ဘဝ
..... မင်္ဂလာပါ ......
ချစ်လှစွာသော မိတ်ဆွေတို့ရေ....
အချစ်နှင့် မကင်းနိုင်တဲ့ လူသားတစ်ဦးပေမို့
အချစ် အကြောင်းလေး တင်ပါရစေဗျာ...
..... အချစ်နှင့်ဘဝ .....
အချစ်ဟာ
အချစ်နဲ့ ထပ်တူမကျဘဲ
လိုတိုး ပိုလျှော့ လုပ်
ရစ်သမ်ညှိနေရတာကို
ကျွန်တော် ...
ဘယ်လိုမှ မပျော်ပိုက်နိုင်ပါဘူး
- အချစ်ဟာ
ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲတဲ့
အဲဒီ တစ်စိတ်တစ်ပိုင်းကို ဆွဲထုတ်လိုက်ရင်ရော
ဘဝဟာ
ရပ်တည်လို့ မရတော့ဘူးလား
အချစ်ဟာ
သဘာဝတရားလား
လူလုပ် စိတ္တဇနာမ် တစ်ခုလား
တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို
အချစ်ကို
အဓိပ္ပါယ် မဖွင့်ချင်တော့ပါဘူး
- အချစ်ကို
အချစ် အတိုင်း ထားပြီး
အချစ် တစ်ခုတည်းပဲ
သန့်သန့်လေး ချစ်တော့မယ်လို့
စိတ်ကူးမိတဲ့ အချိန်မှာတော့...
အချစ်ဟာ
ကျွန်တော့် ရင်ဘတ်ကို
ပတ်မကြီးလို သဘောထားပြီး
ခပ်ကြမ်းကြမ်းလေး တီးခတ်သွားတယ်
ဂျိ. ဂျိ..ဂျိ ပေ ဂျိ... ပတ်. ပတ်. ဂျိ ပေ ဂျိ...
မရီကြပါနဲ့ဗျာ
ပတ်မကွဲရင် အသံထွက်နိုင်ပါဦးမလား
အဲဒီလိုနဲ့
ဘဝဟာ ...
အချစ်ကို ကြောက်နေမိတယ်
အချစ် မရှိလည်း မနေနိုင်ပါကွယ်။ ။
......... ဟိန်းခန့်မောင် ..........
တကယ်ကလည်း အချစ် ဆိုတာကြီးက
ရွှေငွေဂုဏ်ဒြပ် ရိုးရာဓလေ့တွေဖြင့် ရောထွေးနေတတ်
သေးတာပါ။
တဲအိုပျက်မှာပဲ အတူနေရနေရ
ထမင်းရည်ပဲ လျက်ရလျက်ရ ဆိုတာတွေကလည်း
တကယ်လက်တွေ့ဘဝမှာ မပြည့်စုံလို့
သောကပွား ဒေါသများကြရတာတွေက တစ်ပုံကြီးပါပဲ။
ရိုးရာဓလေ့ အစဉ်အလာတွေကြောင့်
ခန်းဝင်ပစ္စည်းက အစ တင် တောင်းတာ အလယ်
မိဘနို့ဖိုး ကွမ်းဖိုး ကန်တော့တာ အဆုံး
ထုံးတမ်းစဉ်လာတွေဖြင့် အချစ်ဟာ ရှုတ်ရှက်ခက်
နေတတ်ပြန်ကြပါတယ်။
ဒါကြောင့် အချစ်နှင့်ဘဝ ဟာ ထပ်တူမကျတဲ့အခါ
တွေ့ကြုံလာခဲ့ရတဲ့ ပြဿနာတွေ အထက်ပါ
ကဗျာလေးဖြင့် ခံစားမိခဲ့ပါတယ်။
အချစ်ဟာ အချစ်နှင့် ထပ်တူမကျဘဲ
ဂုဏ်ပကာသန ထုံးတမ်းစဉ်လာတွေဖြင့် ညှိယူနေရတဲ့
အခါ ကျွန်တော်ဟာ မပျော်ပိုက်ခဲ့သော်လည်း
အချစ်ကို တာဝန်ယူစိတ် အပြည့်ထားခဲ့ပြီး
ဘဝနှင့် လိုက်လျောညီအောင် ညှိယူခဲ့ရပါတယ်။
အချစ် မရှိဘဲ နေတတ်ခဲ့တဲ့ အချိန်တွေ ရှိခဲ့သလို
အချစ်ကို တောင့်တမိခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တာပေါ့။
ဘဝမှာ အချစ်က တစ်စိတ်တစ်နေရာတော့
လွှမ်းမိုးမှု ရှိတာ မညင်းနိုင်ခဲ့ပါဘူး။
အချစ် ဆိုသည်မှာ ဘာညာသာရကာတွေလည်း
အဓိပ္ပါယ် မဖွင့်ဆိုချင်တော့သလို
အချစ်ကို အချစ်အတိုင်း သန့်သန့်လေး ချစ်ဖို့ကလည်း
ကြိုးစားကြည့်ခဲ့ပေမယ့် အခြေအနေနှင့်အချိန်အခါ
တွေအရ အပြောင်းအလဲတွေကြောင့်
အချစ်ကို အခြားအရာတွေ ရောထွေးပေးခဲ့ရတာတွေ
ရှိခဲ့တာပေါ့ဗျာ။ ဒီလိုမှမဟုတ်ရင်လည်း
အချစ်ကြောင့် ဝေဒနာတွေက ဖြေစရာ ဆေး မရှိ
သလိုလည်း ဖြစ်တတ်တယ် မဟုတ်လား။
ခုတော့ အချစ်ကို ချစ်လည်းချစ်၊ ကြောက်လည်းကြောက်
ရသအစုံ ခံစားလို့ အချစ်နှင့်ဘဝ ကို
မီးစင်ကြည့်ကနေရတဲ့ အဖြစ်မျိုး ကြုံနေရပါတယ်ဗျာ။
မိတ်ဆွေတို့ရော ဘယ်လိုမျိုး ဖြစ်ကြလေမလဲ...
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ.....
MSC - 193
@billionairehein
ချစ်လို့ မဝသေးခင်....
Posted using Partiko Android
ဝေးကြလေသောအခါ
Posted using Partiko Android
အချစ်နှင့်ဘ၀မှာအချစ်မရှိတော့ရင်ပေါ့သွားမှာပေါ့နော့....ပြောကြည့်တာပါ...
Posted using Partiko Android
ဖြစ်နိုင်တယ်...အချစ် မရှိဘဲ နေချင်လိုက်တာဗျာ😁
Posted using Partiko Android
မဖြစ်ပါဘူး တှောက်ထဲပျင်းစရာကြီး
တစ်ယောက်တည်း မနေချင်တော့ နှစ်ယောက်စာမက ဒုက္ခတွေ့ပါရောလားဗျာ...ဒုက္ခက ပျားရည်လို ချိုတာတွေလည်း ရှိပေါ့ဗျ
Posted using Partiko Android
Congratulations @billionairehein! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
Thanksgiving
Posted using Partiko Android
အယ်အချစ်ပေါ့။လူကို ဒုက္ခပေးနေတာလေ
Posted using Partiko Android
ပေးချက် လွန်ပါတယ်ဗျာ
Posted using Partiko Android
အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု ဘလတ် ဘလတ်
ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခု😁😁
Posted using Partiko Android
တော်သေး ကိုဟိန်းရှိလို အချစ်အကြောင်းလေးတွေဖတိရတာ
တခြားလူတွေကမရေးကြဘူး ဒါမျိုးရေးတဲ့သူလည်း လိုသေးတယ်နော်၊
ချစ်တတ်လို့ပါဗျာ😁😁
Posted using Partiko Android
ရင်သွေးလေး မယူသေးဘူးလားကိုဟိန်း။
ရရင် ယူတော့မှာပါ😁😁
Posted using Partiko Android
အချစ်ရှိရင် ဘဝက ပျော်စရာကောင်းနေပြန်ပါရော
ဟုတ်လား ကိုဟိန်း
ဒါပေါ့ဗျာ
ပျော်လိုက် ညစ်လိုက်ပါပဲ ရသစုံ😁😁
Posted using Partiko Android
အချစ်ပြီးတော့ အချစ်ကွယ်😁😁
Posted using Partiko Android
စိတ်ရှည်နိုင်သမျှ ချစ်နေဆဲပါဗျာ😁😁😁
Posted using Partiko Android
ချစ်လိုက်လွမ်းလိုက်
Posted using Partiko Android
ချစ်တတ်တော့ လွမ်းတတ်ရတာပေါ့
Posted using Partiko Android