Poem

in #esteem7 years ago

ဒုက္ခက​တော့ များချင်​သ​လောက်​များလိမ့်​မယ်​။ဒါ​ပေမယ့်​ ​သောက​တွေနဲ့ မကုန်​ဆုံးလို​တော့ဘူး။ဒါဟာ ဘဝပဲ​လေလို့ လက်​ခံလိုက်​တဲ့အချိန်​ကစပြီး ကိုယ်​က အသက်​ရှင်​​နေ​သေးတယ်​ဆိုတာကို မ​မေ့တတ်​တဲ့ အသိဉာဏ်​​က ဖြတ်​ခနဲ ဖြတ်​ခနဲ လင်းလက်​တတ်​လာတယ်​။

ကိုယ့်​ကို ဖုံးလွှမ်းမယ့်​အ​မှောင်​​တွေထဲမှာ အလင်းတိုတစ်​စ​လောက်​ကိုများ ​ဆောင်​ထားခဲ့မိ​သေးတယ်​ဆိုရင်​ ကျွန်​မလည်း လူဖြစ်​ရကျိုးနပ်​တယ်​ဆိုတဲ့ ​ဖြေ​သိမ့်​ရာ​လေး တစ်​တို့တစ်​ဆိတ်​နဲ့ စကားကြီးစကားကျယ်​ အိမ်​မက်​​တွေကိုဆက်​မက်​မယ်​..။

သကာတစ်​ဖက်​ ​ဆေးတစ်​ခွက်​နဲ့ လက်​ယက်​ကူးတတ်​တဲ့ ချိန်​ခွင်​ရဲ့ အလယ်​တည့်​တည့်​မှာ ကျွန်​မရဲ့ကံကြမ္မာကို အလုံးလိုက်​တင်​ထားခံရတယ်​..

သုက္ခ​တွေကို မြတ်​နိုးဖို့ ဒုက္ခ​တွေရဲ့ ကကြိုးဆင်​မှုမှာ တစ်​ခါတစ်​ခါ​တော့ မှင်​တက်​အံ့သြ စိတ်​​တွေလည်း ​မောရပါရဲ့။

image

Sort:  

@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 64518.18
ETH 1673.68
USDT 1.00
SBD 0.41