C​ကြောက်

in #esteem8 years ago

*** င​ကြောက်​ ***

လောကကြီးရဲ့မယုံကြည်နိုင်ဖွယ် အကြောင်းတရားတွေထဲမှာ
လောကကြီးပါ ပါ​နေခဲ့မယ်​လို့
မယုံကြည်​နိုင်​ခဲ့ဘူး....

ငါမသိတဲ့ ​လောကမှာ ငါမရှိလည်း ဖြစ်​တယ်​ဆိုတာ
အမှန်​တရားတစ်​ခုပဲ ဆိုတာလည်း
နားမလည်​နိုင်​ခဲ့ဘူး...

ပစ္စလက္ခတ်​ရာသီစာ​တွေကို
အဆိပ်​​တွေလို့ မုန်းတီးပြီး
သန်း​ခေါင်​ယံအိမ်​မက်​​တွေက
မထွက်​​မြောက်​တတ်​​တော့တဲ့
တံခါးတစ်​ချပ်​ရဲ့ အတွင်းဖက်​မှာ
ကိုယ့်​ကိုယ်​ကိုယ်​ ​သော့ခတ်​ပစ်​လိုက်​ခြင်းကို
လုံခြုံမှုလို့ အမည်​တပ်​ပြီး
မိုက်​ရူးရဲဆန်​ပစ်​ခဲ့တာပဲ...

ဒါ​ပေမယ့်
လောကဟာ ​နေရာတကာမှာ
ရှိ​နေတယ်​ဆိုတာ
နားမလည်​ခဲ့သူတစ်​​ယောက်
အဇ္ဈတ္တ​တွေ ထိုးသတ်​လို့
ကိုယ့်​ဘာသာ တိတ်​တခိုး
သေတယ်​....

ဒါ​လေးပါပဲ...

I'm ATM. image

Sort:  

ဒီထပ်ရှည်ရှည်လေးရေးပေးပါအုံး

ဟုတ်​ကဲ့..

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကဗျာလေးတွေကို ရှည်ရှည်လေးရေးတော့ များများဖတ်ရတာပေါ့ဗျာ။

ဟုတ်​ ဘရို

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 63469.67
ETH 1683.58
USDT 1.00
SBD 0.41