" ကြက်သွန်ကုန်သည် "
သင်္ကြန်နားနီးလာပြီဆိုတော့ သင်္ကြန်နှင့်ပါတ်သက်ပြီး အမှတ်ရစရာလေး ရှိခဲ့ဖူးတာ သတိရလာမိတယ်။ အမှတ်ရစရာဆိုပေမဲ့ လူငယ်သဘာဝ ချစ်ခန်းကြိုက်ခန်းတော့ မဟုတ်ပေဘူးဗျ။ သင်္ကြန်တွင်း ၄ ရက်လုံးမှာ မိုးတွေနေ့တိုင်းရွာလို့ ဘယ်မှထွက်မလည်လိုက်ရတဲ့ နှစ်တစ်နှစ်ရှိခဲ့ဖူးတယ် ၂၀၀၃ လား ၂၀၀၄ လားတော့ မသိတော့ဘူး။ အဲဒီမိုးရဲ့ ရိုက်ချက်က ကျန်တဲ့သူတွေကိုတော့ မသိဘူး ကျွန်တော့်ကိုတော့ တော်တော်လေးထိချက်ပြင်းသွားတယ်။
image credit>>https://goo.gl/3twmpv
၂၀၀၃- ၂၀၀၄ ဝန်းကျင်ခန့်ဆီက ကျွန်တော် အောက်ပြည် အောက်ရွာကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဝမ်းစာရှာရန်အတွက် ရောက်ရှိနေခဲ့တယ်။ လုပ်ခဲ့ဖူးတဲ့အလုပ်တွေကတော့ ကျွန်တော်ရေးတင်ထားခဲ့တဲ့စာတွေကို ဖတ်ဖူးကြတဲ့သူများသိသလို အလုပ်တွေကတော့ စုံနေတာပဲ ဆိုပါတော့။ အဲဒီလို နေနေရင်း စားတာသောက်တာကတော့ ဆိုင်မှာ စားဖြစ်တာများသလို တစ်ခါတလေလည်း ကိုယ်တိုင်ချက်ပြုတ်စားသောက်တာပေါ့ခင်ဗျာ။
image credit>>https://goo.gl/jQuX8N
အဲဒီနှစ်ရဲ့ သင်္ကြန်မတိုင်ခင် ရက်နှစ်ဆယ်လောက်မှာပေါ့။ ထမင်းကို ကိုယ့်ဟာကို အိမ်မှာချက်စားမယ် စိတ်ကူးနဲ့ မနက်ခင်းဈေးလေး တစ်ခုကို ဟင်းချက်စရာ ဝယ်ရန်အလို့ငှာ ဈေးဝယ်ထွက်လာခဲ့ပါတယ်။ တစ်ယောက်တည်း သမားဆိုတော့မသုံးမဖြစ် ပစ္စည်း လေးတွေလောက်ပဲ ဝယ်တာပါ။ ဆန် ဆီ ဆား ငရုတ် ကြက်သွန် အစရှိသည်ဖြင့်ပေါ့လေ။ ကျန်တဲ့ပစ္စည်းတွေ ဝယ်ရတာ အဆင်ပြေမဲ့ ကြက်သွန်နီ ဝယ်ရတာကျ အဆင်မပြေဘူးခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဈေးအရမ်းများနေလို့ပါပဲ။ ဆန်တပြည် သုံးရာလောက်ပဲ ရှိဦးမဲ့ အဲဒီအချိန်မှာ ကြက်သွန်နီ တစ်ပိသာကို လေးရာငါးဆယ် ဈေးတဲ့ဗျာ။ ဘာဖြစ်လို့ ကြက်သွန်နီက အခုလိုဈေးကြီးရတာလဲလို့ ဈေးရောင်းတဲ့ အန်တီကြီးကို မေးကြည့်တော့ ဒါက နှစ်တိုင်း သင်္ကြန်ရောက်ခါနီးရင် ထုံးစံပဲတဲ့။ သင်္ကြန်ပြီးပြီဆိုမှ ဈေးပြန်ကျတတ်တာတဲ့။ ကျွန်တော်လည်း လိုအပ်တာလေးဝယ်ပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။
ထမင်းချက်နေရင်း ဈေးထဲက ဈေးသည်အန်တီကြီးပြောလိုက်တဲ့ စကားကိုကြားယောင်နေပါတယ်။ သင်္ကြန်နားနီးရင် ငရုတ် ကြက်သွန်တွေ ဈေးကြီးတတ်တယ်ဆိုတဲ့ဟာကိုပေါ့။ ထမင်းချက်ပြီးတော့ စိတ်ကူးပေါ်တာနဲ့ အောက်ပြည်အောက်ရွာက အမတွေဆီကို ကြက်သွန်နီ အဲ့ဒီမှာ ဘယ်ဈေးရှိလဲ စုံစမ်းဖို့ အော်တိုအိတ်ချိန်းရုံးကိုသွားပြီး ဖုန်းဆက်မေးပါတယ်။ အမကပြောတာက ရေဦးကကြက်သွန်ဒိုင်တွေမှာ ဝယ်ရင် တစ်ပိသာကို ၁၂၀ ဈေးလောက်ပဲ ရှိတာတဲ့။ လိုချင်တဲ့အဖြေသိရတော့ ဖုန်းချပြီး မြစ်ကြီးနားက ဈေးဆိုင်ကြီးတွေဆီကို ပြေးတော့တာပဲ။ ဖောက်သည်ဈေးနဲ့ ပြန်သွင်းရင် ကြက်သွန်နီ တစ်ပိသာကို ဘယ်ဈေးပေးမလဲ သွားမေးတာလေ။ သူတို့က အခုလက်ရှိဈေးနဲ့ဆို တစ်ပိသာကို သုံးရာငါးဆယ် လေးရာ အထိပေးဝယ်နိုင်ပါတယ်တဲ့။ အဲဒီလို သိရတဲ့ အခါကြတော့ စိတ်ကူးနဲ့ တွက်ကြည့်လိုက်တော့ ရထားတန်ဆာခ ပါအပြီး တစ်ပိသာကို နှစ်ရာလောက်အမြတ်ရမယ် ဆိုတာ တွက်ချက်မိတယ်။ ဘာမဆိုချက်ချင်းထလုပ်လိုက်ရမှ ကျေနပ်တဲ့ ကျွန်တော်လည်း " ရက်မကြာ မနက်ဖြန်ခါ " ဆိုသလိုပဲ နောက်ရက်မှာ ရထားစီးပြီး ကြက်သွန်နီ သွားဝယ်မဲ့ မဟာဗျူဟာ စီမံကိန်း ဆွဲတော့တာပါပဲ။
image credit>>https://goo.gl/WgNPn5
ရွာပြန်ရောက်တော့ အိမ်မှာ တစ်ညပဲ အိပ်ပြီး နောက်ရက်မနက်ခင်း ရေဦးမြို့လေးက ဈေးထဲမှာ အမတွေအကူအညီနဲ့ ကြက်သွန်နီတွေ သွားဝယ်ပါတယ်။ ကျွန်တော်မှာပါတဲ့ ပိုက်ဆံက ကြက်သွန် အချိန်နှစ်ထောင်ဖိုးလောက်တော့ ပါပါတယ်။ ဒါပေမဲ့လောဘကြီးတဲ့ ကျွန်တော်က အမတစ်ယောက်ဆီက အချိန်တစ်ထောင်ဖိုးလောက် ထပ်ချေးပြီး စုစုပေါင်း အချိန်သုံးထောင် ဝယ်ပြီး ကားငှားခါ ခင်ဦး ဘူတာဆီသွားပါတယ်။ ခင်ဦးဘူတာကနေမှ မြစ်ကြီးနားကို ရထားနဲ့ ပါဆယ်လုပ်ပြီး တင်ရမှာပါ။ လိုအပ်တာလေးတွေ လုပ်ပြီးတော့ မြစ်ကြီးနားကို တက်မဲ့ရထားကို စောင့်နေလိုက်ပါတော့တယ်။ ရထားမလာခင် ဘူတာထဲမှာ ဟိုဒီလျှောက်ကြည့်တော့ ကျွန်တော့်လိုပဲ မိုးကောင်း မြစ်ကြီးနားဘက်ကို တင်မဲ့ကြက်သွန်နီအိတ်တွေ အများကြီးတွေ့ရတယ်ခင်ဗျ။ ရထားစီးပြီး လိုက်ခဲ့တဲ့ အချိန်မှာလည်း တွေ့သမျှ ဘူတာတိုင်းမှာ ကြက်သွန်အိတ်တွေ စီချထားတာ တွေ့ခဲ့ရတယ်။ ကချင်ပြည်နယ်ကို တင်ပို့ဖို့ပဲ ဖြစ်မှာပေါ့လေ။
image credit >>https://goo.gl/7hhKgf
မြစ်ကြီးနားကို လူရော ကြက်သွန်တွေရော ရောက်သွားပြီး ဆိုင်တွေကို လိုက်စပ်တော့ ကြက်သွန်နီ တင်တဲ့သူ အရမ်းများနေတာကြောင့် ဖောက်သည်ဈေးက တစ်ပိသာ သုံးရာလောက်ပဲ ပေးနိုင်တော့မယ်တဲ့လေ။ မြတ်တော့ မြတ်နေသေးပေးမဲ့ ကျွန်တော်က မရောင်းနိုင်သေးဘူးဖြစ်နေတယ်။ သင်္ကြန်ရက် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားရင် ဈေးပြန်တက်မှာပဲ စိတ်ကူးယဉ်ပြီး မရောင်းသေးပဲ ကျွန်တော်ငှားနေတဲ့ အခန်းလေးထဲမှာပဲ ကြက်သွန်တွေကို လှောင်ထားလိုက်တော့တယ်။
သိပ်မကြာခင် မျှော်လင့်နေတဲ့ သင်္ကြန်ရက် ရောက်လာတယ်ဆိုပါတော့ဗျာ။ သင်္ကြန်ရက်ရောက်ရင် သင်္ကြန်ကိုကြိုတတ်တဲ့ သင်္ကြန်မိုးဆိုတာရွာတယ်လေ။ ဒါပေမဲ့ အဲဒီနှစ်ရွာတဲ့ သင်္ကြန်မိုးက ရွာယုံတင်အားမရပဲ လေပြင်းတွေရော အဖော်ခေါ်လာပါတယ်။ မိုးရော လေရောဆိုတော့ မိုးကပက်ပြီး အခန်းထဲမှာ ထားတဲ့ ကြက်သွန်တွေပါ မိုးမိတော့တာပါပဲ။ မိုးကလည်း ရွာလိုက်ပုံက တစ်နှစ်မှမကြုံဖူးအောင်ကို သင်္ကြန်ရက် တစ်ရက်မှ လူငယ်တွေ အပြင်ထွက်ပြီးလည်လို့ မရအောင်ကို ရွာတာလေ။
image credit>>https://goo.gl/CjHvVK
အပြင်ထွက် မလည်ရတာက အရေးမကြီးဘူး ကျွန်တော်ငှားနေတဲ့ အခန်းကလည်း ခပ်ကျဉ်းကျဉ်းဆိုတော့ ကြက်သွန်အိတ်တွေနဲ့ ပြည့်နေတယ်။ မိုးတွေပက်လို့ စိုနေတဲ့ ကြက်သွန်တွေ ဖြန့်ခင်းရအောင် နေရာကလဲ မရှိဆိုတော့ သင်္ကြန်လေးရက်အတွင်း ကြက်သွန်တွေက ရိပြီး ပုတ်ကုန်ပါရောဗျာ။ သင်္ကြန်ရက်ပြီးတော့မှပဲ ကိုရွှေမိုးက တိတ်တော်မူတော့တယ်။ ကြက်သွန်အရိအရွဲ တွေထဲက ကောင်းတာလေးတွေ ရွေးပြီး အောက်ဈေးနဲ့ သွားရောင်းရတော့ တာပဲ။ အရင်းတောင် တစ်ဝက်မရတော့ပါဘူး။
အခြေနေနှင့် အချိန်အခါအရ ဘာလုပ်ရမယ် ဆိုတာသိခဲ့ပေမဲ့ လောဘတွေ ကြီးခဲ့မိတော့ ရှုံးတာပေါ့ဗျာ။ စရောက်ရောက်ခြင်းတုန်းက ရောင်းခဲ့မယ်ဆိုရင် မြတ်ပေမဲ့အမြတ်နည်းလို့ဆိုပြီး မရောင်းခဲ့တာ။ လေးငါးဆယ်ရက်အတွင်း အရှုံးပါပြသွားတယ်။ " ကံမရှိဥာဏ်ရှိတိုင်းမွဲ "ဆိုသလိုပဲ ကံတရားက ပေးသလောက် မယူခဲ့ပဲ လောဘဇောကပ်ခဲ့တော့ အရှုံးနဲ့ ရင်ဆိုင်ရတာပါပဲ။ ရွာက အမဆီက ချေးခဲ့တဲ့ ကြက်သွန် အချိန်တစ်ထောင်ဖိုးကိုတောင် တစ်လကျော်ကျော်လောက်နေမှ ပြန်ဆပ်နိုင်ခဲ့တော့တယ်။
ဖတ်ရှုအားပေးကြတဲ့ ညီအကိုမောင်နှမ အပေါင်းလည်း အရောင်းအဝယ်ပဲ လုပ်လုပ် ဘာပဲလုပ်လုပ် သင့်တင့်တဲ့ နှုန်းထားသာ ရရင် ကိုယ်လည်းရောင်းနိုင်တယ်ဆိုရင် ရောင်းချင်တဲ့ ပစ္စည်းကို အချိန်မဆွဲပဲ လောဘသတ်ပြီး လုပ်ကိုင်ရောင်းဝယ်နိုင်ကြပါစေဗျာ။

Author>>>@aungzawhtwe
MSC : 014
အထွေးတို့ကတော့ စီးပွားရေးအကွက်ကို တန်းမြင်တတ်တာပဲ။
ကံမကောင်းတော့လည်း ရှုံးရတတ်တာပေါ့ ဟုတ်ဖူးလား။
အကွက်တော့မြင်တတ်တယ် လုပ်တာက မဟုတ်တော့ရှုံးရော။
ကြက်သွန်ကုန်သည်ကြီး ဟိုပြေးဒီပြေးနဲ့ အခွင့်အရေးကို မဆုပ်ကိုင်လေတော့ အရှုံးပေါ်ရတယ်။ အတွေ့အကြုံပညာပေးလေးကောင်းပ ကိုထွေးရေ။ ကျနော်လဲ မိန်းမဈေးဆိုင်လေး ရှိလေတော့ တစ်ချို့ကုန်တွေ လှောင်ရတာရှိပါတယ် ကိုထွေး ပိုစ်လေးကို ပြပီး မိန်းမကို သင်ခန်းစာပေးရဦးမယ်ဗျို့ ။
ပုတ်မဲ့ကုန်ဆိုရင်တော့ ရေရှည်မလှောင်ထားလေနဲ့ ကွီးရွှေရေ သင့်တင့်တဲ့ အမြတ်သာရရင် ထုတ်သာထုတ်ဗျာ။
ပုပ်မည့်ကုန်တော့ မဟုတ်ဘူးဗျ ဒါပေမယ့် အချိန်အခါပေးတဲ့ ဈေးရနေတုန်း ရောင်းထုတ်စေချင်လို့ပါ။
ပြက္ခဒိန်သာ လှောင်ထားပါကွီးရွှေ သေချာတယ် ဈေးတက်မှာ
ဟား ပြက္ခဒိန် ဘယ်လိုကြောင့်လဲဗျ ကိုဒိုမီရဲ့။
You got a 25.00% upvote from @slimwhale courtesy of @aungzawhtwe!
ဟားးးး ကိုထွေးကတော့ဗျာ
ဖြစ်ရမယ်လောဘအရမ်းကြီးတာကို ဗျာ
အော် ဒါနဲ့ အခု သင်္ကြန် နီးနေပြီလေဗျာ
ကြက်သွန် သွားမကောက်သေးဘူးလား
ရှယ်ယာ ပါချင်လို့ပါ ကိုထွေးရေ ဒီနှစ် မိုးကြီးမယ်လို
ထင်သေးလားဗျို့ ဟီးးး
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ အဲဒီနှစ်က မိုးရွာချက် သင်္ကြန် တောင်အပြင်ထွက်မလည်လိုက်ကြရဘူးလေ။
Thank you so much for using our service! You were protected from up to 40% losses!
Help us grow by delegating to us! 100sp, 500SP, 1000SP, ANY SPYou just received 7.88% upvote from @onlyprofitbot courtesy of @aungzawhtwe!
You got a 6.24% upvote from @upmewhale courtesy of @aungzawhtwe!
Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!
You got a 20.00% upvote from @brandonfrye courtesy of @aungzawhtwe!
Want to promote your posts too? Send a minimum of .05 SBD to @brandonfrye with link in the memo for an upvote on your post. You can also delegate to the bot for daily passive earnings. Learn more here
You got a 8.00% upvote from @adriatik courtesy of @aungzawhtwe!
လောဘဆိုတာ၊လိုခြင်မှူ့...။လိုအပ်တာကိုလိုခြင်လို့၊ရိုးရိုးသားသားရှာဖွေရယူခြင်းက၊သမလောဘ။
လိုအပ်တာထက်ကျော်လွန်ပီး၊ရသမျှအားလုံးကို၊မသမာသောနည်းလမ်းဖြင့်ရယူခြင်းက၊ဝိသမလောဘ။
ဘုရားရှင်ကသမလောဘကို၊လောကီအတွက်သုံးစွဲတာကို
လက်ခံတယ်။လုပ်သင့်လုပ်အပ်သောကိစ္စဟူ၍လည်း၊မြွက်ဆိုတယ်။ဝိသမကိုတော့တားမြစ်ပါတယ်။
ဘယ်အလုပ်မဆို၊နေရာဒေသ၊အချိန်အခါ၊အခြေအနေပေါ်
ဥာဏ်နဲ့သုံးသပ်ပီးလုပ်ကိုင်ပြုမူရင်၊အဆင်ပြေတဲ့နည်းလမ်း
တွေပါဘဲ။
ဟုတ်ကဲ့အန်တီ အဲဒီအချိန်က ကျွန်တော်ဆယ့်ခွန်နှစ်နှစ်သားပဲ ရှိသေးတော့ အကောင်းအဆိုး သိပ်မခွဲခြားနိုင်သေးတာလဲ ပါပါတယ်။
ဒီလောဘကြီးတာကြောင့်လဲ မဆုံးရှူံးသင့်တာဆုံးရှူံးကုန်တာပေါ့ သင်ခန်းစာပေါ့ဗျာ
ဟုတ်တယ် ကိုသန့်ရေ ပေးချင်တဲ့မက်ဆေ့က လောဘမကြီးဖို့ ဆိုလိုချင်တာပါ။