> ဖခင်မေတ္တာ <
အရှေ့ရပ်၌ရှိသော အနန္တစကြာဝဋ္ဌာ အနန္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြိမ်းကြပါစေ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ 🎼🎼🎼🎼🎼
အိမ်ရှေ့တည့်တည့်က လက်ဖက်ရည် ဆိုင်မှ မနက်စောစော သာယာနာပျော်ဖွယ် အရပ်၁၀ မျက်နှာ မေတ္တာပို့တရားခွေ အသံကို အိပ်ရာမှမထသေးဘဲ
အစအဆုံးနားတောင်နေလိုက်တယ်
တရားခွေပြီးဆုံးတော့မှ မျက်နှာသစ် သွားတိုက် မနက်စာထမင်းကြမ်းစား ထမင်းချိုင့်ထုပ် နေ့တဓူဝ လုပ်နေကြအတိုင်းလုပ်ထားလိုက်ပါတယ်
မကြာခင်ဘဲ သားနဲ့ သမီး ရှေ့ဆင့်နောက်ဆင့်နိုးလာကြတယ်
သားငယ်က ထုံစံအတိုင်း လက်ဖက်ရည် တစ်ခွက် ပလာတာ တပွဲ သူ့အမေသားငယ်ကို မျက်နှာသစ်ပေးနေတုန်း အပြေးလေးသွားဝယ်ပေးထားရတယ်
သားငယ် အသက်က ၅ နှစ် အမည်က ဖိုးသင်္ကြန် သမီးကြီး က ၁၄ နှစ် ဖြူနှင်း
သမီးကြီးကတော့ မနက်စာကိုမိဘတွေနဲ့အတူစားတတ်ပေမယ့် သားငယ်ကတော့မရဘူး မနက်စာသူ့အတွက် လက်ဖက်ရည်တစ်ခွက် ပလာတာတစ်ပွဲမှ မစားရရင် မိဘတွေအပေါ် ဂျီကျတော့တာပါဘဲ
ဒီနေ့သမီးကြီးရဲ့ကျူရှင်လခပေးရမည့် နောက်ဆုံးနေ့
ကျူရှင်ဆရာမကတော့ မိသားစုအခြေနေသိနေလို့ အဆင်ပြေမှပေးပါလို့ ပြောထားပါရဲ့
သူများတွေပေးပြီးလို့ ကိုယ်ကမပေးနိုင်ရင်
စာသင်ခန်းထဲမှာ ကို့သမီးလေးဘဲမျက်နှာငယ်ရမှာ ဆိုတဲ့စိတ်က စိုးမိုးလို့နေပါတော့တယ်
သမီးကြီးက ၉တန်းရောက်နေတော့ ကျူရှင်လေးတော့ထားမှ ဖြစ်မယ် အဆင်မပြေတာပြေတာနောက်မှကြည့်လုပ်ကြတာပေါ့လို့
သူ့အမေနဲ့ ပြောဖူးတဲ့စကားလေးတောင်သတိရမိသေး
ဒီနေ့တော့ အဆင်မပြေသေးတဲ့အချိန် ကျူရှင်လခပေးရမည့်နေ့ တိုက်ဆိုင်ခဲ့ပါပြီ
အလုပ်ထဲရောက်တော့လည်း သမီးကိစ္စဘဲ
စဉ်းစားရင်း အလုပ်သမားခေါင်းဆောင်လာမည့်အချိန်ကို မျှော်နေမိပြန်တယ်
အလုပ်သမား ခေါင်းဆောင်ရောက်လာမှ
ကြိုသုံးငွေ တောင်းရတာပေါ့
အလုပ်သမားခေါင်းဆောင် ပေးသည့်ကြိုသုးံငွေ လက်ထဲရောက်မှ ရင်ထဲက အပူမီးလည်းငြိမ်းချမ်းနိုင်ပါတော့တယ်
ညနေ ၅ နာရီထိုးလို့လုပ်ငန်းခွင် သိမ်းအပြန်လမ်းက စိတ်လက်ပေါ့ပါးစွာနဲ့ပေါ့
အိမ်ရောက်လို့ သမီးကိုခေါ်ပြီး သူ့အတွက်ကျူရှင်လခ ပါလို့ပေးလိုက်တော့ ပြုံးပျော်သွားတဲ့သမီးမျက်နှာလေးကိုကြည့်ရင်း ကျုပ်ရင်ထဲမှာ နှလုံးပီတိ ဂွမ်းဆီထိသလို ကျေနပ်ပီတိ ဖြစ်လိုက်တာများ ဖခင်ဖြစ်တဲ့လူတိုင်း ခံစားဖူးမှာပါ
ဖခင်တွေဆိုတာလည်း မိခင်တွေလို သားသမီးတွေအပေါ်ထားသည့် ချစ်ချင်း
မေတ္တာ တွေကို ထုတ်ဖော်ပြတတ်ကြတာမျိုး မဟုတ်ဘူးလေ
သားသမီးတွေအတွက် လိုအပ်တာကိုနောက်ကွယ်ကနေ ဖြည့်စည်းပေးလိုက်နိုင်ရင်ဖြင့် ကျုပ်တို့လိုဖခင်တွေမှာ ကျေနပ်ပီတိဖြစ်နေရတဲ့ အမျိုးမဟုတ်လားဗျာ
§
အလုးံသောလူသားတိုင်းလူသားတိုင်း ဖခင်မေတ္တာ ကိုနားလည်နိုင်ကြပါစေဗျာ
§
§
§
Streemit မိသားစုဝင်အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာဖြင့် နေ့သစ်တိုင်းကို ဖြတ်ကျော်နိုင်ကြပါစေ
@aunggyi100
Msc no 179
အရေးအသားကောင်းတယ်မောင်လေး
ကျေးဇူးပါပဲ အမ
စာပိုဒ်ခွဲပါ။ စာနားတဲ့နေရာ၊ ဆုံးတဲ့နေရာတွေမှာ ပုဒ်ထီး၊ ပုဒ်မချတဲ့အကျင့်ကိုလုပ်ထားပါ။
ဟုတ်ဆရာ
ကျေးဇူးပါပဲာ
ဖခင်မေတ္တတင်ပြထားတာ ကောင်းပါတယ်။
ကျေးဇူးပါပဲ အကို
Congratulations @aunggyi100! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPOk
Congratulations @aunggyi100! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPOk
Good
Thank
ဖခင်တွေဟာ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြီး မပြောတတ်ဘူး ဒါပေမဲ့ စိတ်ထဲမှာ အမြဲတွေးထားတတ်တယ် အမေက သားအကြီးဆုံးကို ပိုပြီး ချစ်တယ် ဒါက သဘာဝတရားလာတော့ ကျွန်တော်လည်း မသိဘူး အိမ်ထောင်မပြုရသေးတော့ တိတိကျကျတော့ မသိပါဘူး ဖခင်တွေရဲ့ အချစ်က သိုသိတ်စွာ ချစ်တတ်တာတော့ အမှန်ပါပဲ
ဟုတိ