> ဖခင်​​မေတ္တာ <

in #myanmar6 years ago (edited)

အ​ရှေ့ရပ်​၌ရှိ​သော အနန္တစကြာဝဋ္ဌာ အနန္တသတ္တဝါတို့ ​ဘေးရန်​ခပ်​သိမ်းငြိမ်းကြပါ​စေ
ဒေါသခပ်​သိမ်းငြိမ်းကြပါ​စေ ဆင်းရဲခပ်​သိမ်းငြိမ်းကြပါ​စေ နှလုံးစိတ်​ဝမ်း​အေးချမ်းကြပါ​စေ 🎼🎼🎼🎼🎼
အိမ်​​ရှေ့တည့်​တည့်​က လက်​ဖက်​ရည်​ ဆိုင်​မှ မနက်​​စော​စော သာယာနာ​​ပျော်ဖွယ် ​​အရပ်​၁၀ မျက်​နှာ ​မေတ္တာပို့တရား​ခွေ အသံကို အိပ်​ရာမှမထ​သေးဘဲ
အစအဆုံးနား​တောင်​​နေလိုက်​တယ်
တရား​ခွေပြီး​ဆုံး​တော့မှ မျက်​နှာသစ်​ သွားတိုက်​ မနက်​စာထမင်းကြမ်းစား ထမင်းချိုင့်​ထုပ်​ ​နေ့တဓူဝ လုပ်​​နေကြအတိုင်းလုပ်​ထားလိုက်​ပါတယ်
မကြာခင်​ဘဲ သားနဲ့ သမီး ​ရှေ့ဆင့်​​နောက်​ဆင့်​နိုးလာကြတယ်
သားငယ်​က ထုံစံအတိုင်း လက်​ဖက်​ရည်​ တစ်ခွ​က်​ ပလာတာ တပွဲ သူ့အ​မေသားငယ်​ကို မျက်​နှာသစ်​​ပေး​နေတုန်း အ​ပြေး​လေးသွားဝယ်​​ပေးထားရတယ်
သားငယ်​ အသက်​က ၅ နှစ်​ အမည်​က ဖိုးသင်္ကြန်​ သမီးကြီး က ၁၄ နှစ်​ ဖြူနှင်း
သမီးကြီးက​တော့ မနက်​စာကိုမိဘ​တွေနဲ့အတူစားတတ်​​ပေမယ့်​ သားငယ်​က​တော့မရဘူး မနက်​စာသူ့အတွက်​ လက်​ဖက်​ရည်​တစ်​ခွက်​ ပလာတာတစ်​ပွဲမှ မစားရရင်​ မိဘ​တွေအ​ပေါ် ဂျီကျ​တော့တာပါဘဲ
ဒီ​နေ့သမီးကြီးရဲ့ကျူရှင်​လခ​ပေးရမည့်​ ​နောက်​ဆုံး​နေ့
ကျူရှင်​ဆရာမက​တော့ မိသားစုအ​ခြေ​နေသိ​နေလို့ အဆင်​​ပြေမှ​ပေးပါလို့ ​ပြောထားပါရဲ့
သူများ​တွေ​ပေး​ပြီးလို့ ကိုယ်​ကမ​ပေးနိုင်​ရင်
စာသင်​ခန်းထဲမှာ ကို့သမီး​လေးဘဲမျက်​နှာငယ်​ရမှာ ဆိုတဲ့စိတ်​က စိုးမိုးလို့​နေပါ​တော့တယ်
သမီးကြီးက ၉တန်း​ရောက်​​နေ​တော့ ကျူရှင်​​လေး​တော့ထားမှ ဖြစ်​မယ်​ အဆင်​မ​ပြေတာ​ပြေတာ​နောက်​မှကြည့်​လုပ်​ကြတာ​ပေါ့လို့
သူ့အ​မေနဲ့ ​ပြောဖူးတဲ့စကား​လေး​တောင်​သတိရမိ​သေး
ဒီ​နေ့​တော့ အဆင်​မ​ပြေ​သေးတဲ့အချိန်​ ကျူရှင်​လခ​ပေးရမည့်​​နေ့ တိုက်​ဆိုင်​ခဲ့ပါပြီ
အလုပ်​ထဲ​ရောက်​​တော့လည်း သမီးကိစ္စဘဲ
စဉ်းစားရင်း အလုပ်​သမား​ခေါင်း​ဆောင်​လာမည့်​အချိန်​ကို ​မျှော်​​နေမိပြန်​တယ်
အလုပ်​သမား ​ခေါင်း​ဆောင်​​ရောက်​လာမှ
ကြိုသုံး​ငွေ ​တောင်းရတာ​ပေါ့
အလုပ်​သမား​ခေါင်း​ဆောင်​ ​ပေးသည့်​ကြိုသုးံ​ငွေ လက်​ထဲ​ရောက်​မှ ရင်​ထဲက အပူမီးလည်းငြိမ်းချမ်းနိုင်​ပါ​တော့တယ်
ည​နေ ၅ နာရီထိုးလို့လုပ်​ငန်းခွင်​ သိမ်းအပြန်​လမ်းက စိတ်​လက်​​ပေါ့ပါးစွာနဲ့​ပေါ့
အိမ်​​ရောက်​လို့ သမီးကို​ခေါ်ပြီး သူ့အတွက်​ကျူရှင်​လခ ပါလို့​ပေးလိုက်​​တော့ ပြုံး​ပျော်​သွားတဲ့သမီးမျက်​နှာ​လေးကိုကြည့်​ရင်း ကျုပ်​ရင်​ထဲမှာ နှလုံးပီတိ ဂွမ်းဆီထိသလို ​​ကျေနပ်​ပီတိ ဖြစ်​လိုက်​တာများ ဖခင်​ဖြစ်​တဲ့လူတိုင်း ခံစားဖူးမှာပါ
ဖခင်​​တွေဆိုတာလည်း မိခင်​​တွေလို ​သားသမီး​တွေအ​ပေါ်ထားသည့်​ ချစ်​ချင်း
မေတ္တာ ​တွေကို ထုတ်​​ဖော်​ပြတတ်​ကြတာမျိုး မဟုတ်​ဘူး​လေ
သားသမီး​တွေအတွက်​ လိုအပ်​တာကို​နောက်​ကွယ်​က​နေ ဖြည့်​စည်း​ပေးလိုက်​နိုင်​ရင်​ဖြင့်​ ကျုပ်​တို့လိုဖခင်​​တွေမှာ ​ကျေနပ်​ပီတိဖြစ်​​နေရတဲ့ အမျိုးမဟုတ်​လားဗျာ
§
အလုးံ​သောလူသားတိုင်းလူသားတိုင်း ဖခင်​​မေတ္တာ ကိုနားလည်​နိုင်​ကြပါ​စေဗျာ
§
§
§
Streemit မိသားစုဝင်​အားလုံး စိတ်​ချမ်းသာ ကိုယ်​ချမ်းသာစွာဖြင့်​ ​နေ့သစ်​တိုင်းကို ဖြတ်​​ကျော်​နိုင်​ကြပါ​စေ
@aunggyi100
Msc no 179

FB_IMG_1514857261010.jpg

Sort:  

အ​ရေးအသား​ကောင်းတယ်​​မောင်​​လေး

ကျေးဇူးပါပဲ အမ

စာပိုဒ်ခွဲပါ။ စာနားတဲ့နေရာ၊ ဆုံးတဲ့နေရာတွေမှာ ပုဒ်ထီး၊ ပုဒ်မချတဲ့အကျင့်ကိုလုပ်ထားပါ။

ဟုတ်​ဆရာ
ကျေးဇူးပါပဲာ

ဖခင်မေတ္တတင်ပြထားတာ ကောင်းပါတယ်။

ကျေးဇူးပါပဲ အကို

Congratulations @aunggyi100! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You got a First Vote
You made your First Comment
You got a First Reply
Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Congratulations @aunggyi100! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ဖခင်တွေဟာ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြီး မပြောတတ်ဘူး ဒါပေမဲ့ စိတ်ထဲမှာ အမြဲတွေးထားတတ်တယ် အမေက သားအကြီးဆုံးကို ပိုပြီး ချစ်တယ် ဒါက သဘာဝတရားလာတော့ ကျွန်တော်လည်း မသိဘူး အိမ်ထောင်မပြုရသေးတော့ တိတိကျကျတော့ မသိပါဘူး ဖခင်တွေရဲ့ အချစ်က သိုသိတ်စွာ ချစ်တတ်တာတော့ အမှန်ပါပဲ

ဟုတိ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94