How to Make Paper Pencil Holder

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့pencil holderတစ်​ခုထပ်​မံပြုလုပ်​လိုက်​ပါတယ်​။ဒီတစ်​ခုမှာ​တော့ပန်းပွင့်​များဖြင့်​အလှဆင်​ထားတာမဟုတ်​ပဲ၊စက္ကူ​ခေါက်​များဖြင့်​ပုံ​ဖော်​၍အလှဆင်​ထားပါတယ်​။

ပထမအဆင့်​မှာ​တော့ကတ်​ထူနှစ်​ခုဖြတ်​ရမှာပါ။ပန်း​ရောင်​စာရွက်​​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​ထိုကတ်​ထူနှစ်​ခုကိုပုံပါအတိုင်းဆက်​ပြီး၊ဘူးခွံတစ်​ခုကိုယူ၍လိုအပ်​သလိုဖြတ်​ကာ၊အစိမ်း​ရောင်​စာရွက်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​ပန်း​ရောင်​ကတ်​ထူနှစ်​ခုနှင့်​အစိမ်း​ရောင်​ဘူးခွံကိုဆက်​၍​ကော်​ကပ်​ပါတယ်​။

ပြီး​နောက်​စက္ကူ​ခေါက်​များပြုလုပ်​ပါ့မယ်​။အ​ရောင်​က​တော့အစိမ်းနှင့်​အနီ​ရောင်​စက္ကူ​ခေါက်​များပြုလုပ်​ပါတယ်​။စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​ပြီး၊အလယ်​မှ​ခေါက်​ချိုးကာ၊ထိုအလယ်​မျဉ်းအထိ​ဘေးဘက်​မှစာရွက်​ကို​ခေါက်​မယ်​။ပြီး​နောက်​အလယ်​မှထပ်​မံ​ခေါက်​ချိုးရမှာပါ။ထိုအလယ်​မျဉ်းထိကိုတစ်​ဘက်​စီမှစာရွက်​ကိုပုံပါအတိုင်း​ခေါက်​ချိုးလိုက်​ပါတယ်​။ထို​ခေါက်​ချိုးပုံအတိုင်းကျန်​တစ်​ဘက်​ကိုလည်း​ပြောင်း၍​ခေါက်​ရမှာပါ။ရရှိထားတဲ့​ခေါက်​ချိုးမျဉ်းများအတိုင်းထပ်​မံ​ခေါက်​ကာတူညီတဲ့စက္ကူ​ခေါက်​​လေး​တွေပြုလုပ်​ပါတယ်​။အစိမ်းနှင့်​အနီ​ရောင်​စက္ကူ​ခေါက်​​တွေကိုတစ်​ခုနှင့်​တစ်​ခုညီညာစွာစီ၍​ကော်​ကပ်​ကာပုံ​ဖော်​ပြီးpencil holderမှာအလှဆင်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှပတဲ့ pencil holder လေးပါအစ်မ။ကလေးတွေ ကျောင်းတက်နေတာ လက်ဆောင်ပေးရင် ကောင်းမယ်နော်။

Posted using Partiko Android

ဟုတ်​ပါတယ်​....စာ​ရေးကိရိယာ​တွေထည့်​လို့ရ​တော့က​လေး​တွေကိုလက်​​ဆောင်​​ပေးလို့ရတာ​ပေါ့....👍

Posted using Partiko Android

ဟုတ်​ကဲ့...​ကျေးဇူးပါ

Posted using Partiko Android

တစ်မျိုးနဲ့တစ်မျိုးမရိုးအောင် တင်ဆက်ပေးနိုင်ပါပေတယ်

ဟုတ်​ကဲ့....​နောက်​လည်းဆန်းသစ်​တာ​တွေဆက်​ကြိုးစားပါ့မယ်​...

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63744.49
ETH 2639.10
USDT 1.00
SBD 2.77