Beautiful Paper Wall Hanging

in #myanmar7 years ago

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​တစ်​ခုပြုလုပ်​ထားပါတယ်​။စက်​၀ိုင်းပုံစံကတ်​ထူတစ်​ခု​ပေါ်စက္ကူအပိုင်းများဖြင့်​အကွက်​​ဖော်​ပြီး၊ပန်းပွင့်​များပြုလုပ်​ကာအလှဆင်​ထားပါတယ်​။

ပထမအဆင့်​မှာ​တော့စက်​၀ိုင်းပုံစံကတ်​ထူတစ်​ခုပြုလုပ်​မယ်​။ပြီး​တော့စက္ကူအပိုင်းများဖြတ်​ပြီး၊​လေး​ထောင့်​ကွက်​ပုံစံ​ဖော်​၍​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​ပန်းပွင့်​များပြုလုပ်​ပါ့မယ်​။ပန်းပွင့်​ကို​တော့အ​ရောင်​နှစ်​မျိုးဖြင့်​ပြုလုပ်​ထားပြီး၊အ၀ါ​ရောင်​နှင့်​ပန်း​ရောင်​ပါ။ပြုလုပ်​နည်းကစာရွက်​ကိုစက်​၀ိုင်းပုံအရွယ်​တူများဖြတ်​ပြီး၊​အလယ်​မှ​ခေါက်​ချိုးလိုက်​ပါတယ်​။အခြားစာရွက်​တစ်​ခု​ပေါ်စက္ကူ​ခေါက်​များကိုညီညာစွာ​ကော်​ကပ်​ရင်းပန်းပွင့်​ငါးပွင့်​ပြုလုပ်​လိုက်​ပါတယ်​။

ဒီအဆင့်​မှာ​တော့သစ်​ရွက်​များပြုလုပ်​မှာပါ။အစိမ်း​ရောင်​စာရွက်​ကိုပထမဆုံးသစ်​ရွက်​ပုံဖြတ်​မယ်​။ပြီး​တော့အလယ်​မှ​ခေါက်​ချိုးပြီး၊ပုံပါအတိုင်းထပ်​မံ၍အဆင့်​ဆင့်​​ခေါက်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းသစ်​ရွက်​များပြုလုပ်​မှာပါ။နောက်​တစ်​ဆင့်​မှာစာရွက်​ကို​ခေါက်​ချိုး၍စာရွက်​အပိုင်းများပြုလုပ်​မယ်​။ပြီး​နောက်​အ၀ိုင်းပုံစံရ​အောင်​​ခေါက်​လိုက်​မယ်​။အ​ရောင်​နှစ်​မျိုးပြုလုပ်​ပါတယ်​။ပြုလုပ်​ပြီးတဲ့ပန်းပွင့်​များ၊အရွက်​များ၊စက္ကူ​ခေါက်​​လေး​တွေကိုစက်​၀ိုင်းပုံကတ်​ထူမှာပုံပါအတိုင်းအလှဆင်​​ကော်​ကပ်​ပြီး၊နံရံအလှဆင်​တစ်​ခုပြုလုပ်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Token Tag တွေ တွဲသင့်တယ် ထင်တာပဲ

Posted using Partiko Android

ဟုတ်​ကဲ့...ဘယ်​လိုtagမျိုးလဲ...​ပြောပြ​ပေးပါ...

Posted using Partiko Android

ဒါလေးလဲ တစ်မျိုးလှနေပြန်ပါပြီ

ဟုတ်​ကဲ့...​ကျေးဇူးပါ...​​နောက်​လည်းအသစ်​အဆန်းများကြိုးစားပါ့မယ်​...

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.090
BTC 62403.07
ETH 1753.89
USDT 1.00
SBD 0.39