ယိုယွင်း ပျက်​စီး​နေ​သော သဘာဝပတ်​ဝန်းကျင်​များ

in #myanmar6 years ago (edited)

IMG_20180129_112959.jpg

(ယိုယွင်း ပျက်​စီး​နေ​သော သဘာဝပတ်​ဝန်းကျင်​များ)

myanmar steemit ရှိ
အစ်​ကို​မောင်​နှမများ အားလုံး မင်္ဂလာပါဗျာ
ကျွန်​​တော်​တို့ရဲ့. ယိုယွင်းပျက်​စီး​နေ​သော
သဘာဝ. ပတ်​ဝန်းကျင်​အ​ကြောင်းများကို
ကျွန်​တော်​​ ရေးသား၍ တင်​ပြချင်​ပါတယ်​ခင်​ဗျာ ။
ပထမဦးဆုံးအ​နေနဲ့​ ကျွန်​​တော် ​က​လေးဘဝကစလို့
အခု ကြီးပြင်းလာတဲ့အထိ မှတ်​မိခဲ့သမျှကို စု​ဆောင်း​၍
ကျွန်​​တော်​​ရေးသားပါရ​စေ ။
ကျွန်​​တော်​ က​လေးဘဝအရွယ်​တုန်းက. ရှမ်းပြည်​​မြောက်​ပိုင်း
နမ့်​ခမ်းမြို့​လေးမှာ ကျွန်​​တော်​နေထိုင်​ခဲ့ဖူးပါတယ်​။
အဲ့ဒီတုန်းက. ကျွန်​​တော်​ရဲ့အသက်​က ရှစ်​နှစ်​အရွယ်
က​လေးဘဝပဲ ရှိပါ​သေးတယ်​ ။
ကျွန်​​တော်​​နေထိုင်​ခဲ့​သောနမ့်​ခမ်း မြို့​ဆိုတဲ့ ​ဒေသအရပ်​မှာ
တော​တောင်​​တွေက. အရမ်းကို စိမ်းလန်းစို​ပြေလွန်းတဲ့ အတွက်
နွေ မိုး ​ဆောင်းဆိုတဲ့ ဥတုသုံးပါးထဲမှာ ​နွေ ဟု​ခေါ်​သော
နွေရာသီမရှိသလိုပဲဗျ ။
ဘာဖြစ်​လို့လဲဆို​တော့ မိုး ရာသီဆိုရင်​ ရွာ​နေတဲ့မိုးကို
တိတ်​ပါ​တော့လို့​ ဆု​တောင်း​နေရလို့ပဲ ။
ဆောင်းလကို ​ ​ရောက်​ပြန်​​တော့လဲ
မနက်​မိုးလင်းလို့ မျက်​နှာသစ်​တော့မယ်​ဆိုရင်
ရေက ခဲ​နေလို့ ​ရေ​နေွးနဲ့​ရောစပ်​၍ မျက်​နှာသစ်​ခဲ့ရတဲ့ 
ဆောင်းလ ရာသီရဲ့​ ဖြစ်​ရပ်​​လေး​ပေါ့ဗျာ ။
ဆောင်းလရာသီမှာ အ​နွေးဓာတ်​ကိုရရှိ​စေဖို့အတွက်
ဆောင်းလရောသီရဲ့​​နေမင်းအရှင်​ကို ​မျှော်​ရတာလဲ အ​မောပဲ
အဲ့ဒီအချိန်​တုန်း မြူ​တွေကဆိုင်းပြီး နှင်း​ရည်​​တွေစိုစွတ်​ကာ
မိုးနှင်းလေး​တွေ အဆက်​မပျက်​ ကျ​ခဲ့တယ် ။
နေမင်းရှင်လဲ ​ဆောင်းလ ရာသီရဲ့မြူ ခိုး​တွေကို
မခွဲနိုင်တဲ့ရက်ေ​တွမှာဆိုရင်​ ၊​နေမင်းရှင်ရဲ့​​အလင်း​တန်းေ​တွ
ပျောက်​​နေ​ရတဲ့ ​​ဆောင်းရာသီရဲ့အချိန်​​ပေါ့ ။
နွေလသို့ ​ရောက်​ပြန်​​တော့လဲ ​နွေဆိုတာ ပူတယ်​လို့
ပြော​နေ​ကြပေမဲ့ ကျွန်​​တော် ​​နေထိုင်​ခဲ့ဖူးတဲ့ နမ့်​ခမ်းမြို့ ရဲ့
မြောက်​ပိုင်း​​ဒေသ အရပ်​မှာ​တော့
အ​နွေးထည်​ကို ဝတ်​ထားရပါမှ ​နွေး​​နွေး​ထွေး​ထွေးရှိလှတဲ့
နွေရာသီ​ ရှမ်း​မြောက်​​ဒေသရဲ့ သဘာဝပတ်​၀န်း​ကျင်​​ပေါ့ဗျာ ။
တရုတ်​ပြည်​နဲ့ . ရှမ်း​မြောက်​​ဒေသကို
နယ်​နိမိတ်​လို အမှီပြုထားတဲ့မြစ်​တစ်​စင်းရှိတယ်
မြစ်​ရဲ့အမည်​က​ ​ရွှေလီမြစ်​လို့ ​ခေါ်ဝေါ်ကြပြီး
အဲ့ဒီမြစ်​တစ်​စင်းဟာ ​တော်​​တော်​​လေးကျယ်​ပြန့့်​သလို
စီးဆင်း​နေတဲ့ ​မြစ်​ရေ​တွေဟာ
ဗန်း​မော်​မြစ်​မှာ​ သွားပြီး ​ပေါင်းဆုံကြတယ်
ရွှေလီမြစ်​ရဲ့စီးဆင်းမှုက ​သဘာဝပတ်​၀န်းကျင်​​မှာ
ရှိကြတဲ့ သူ​တွေကို အကျိုးပြု​စေခဲ့ပါတယ်
ရွှေလီမြစ်​​ရေဟာ ရှမ်း​မြောက်​​တောင်​တန်း​​က
ကြလာတဲ့စိမ့်​စမ်း​​ရေ​တွေ​ကြောင့်
ခါးပိုင်း​လောက်​နစ်​တဲ့​နေရာမျိုးမှာဆိုရင်
မြစ်​​အောက်​မှာရှိ​နေတဲ့​ ဖြူလွှလွှ ​ကျောက်​စလစ်​ဂဲ​လေး​တွေကို
မြင်​​ရ​လောက်​တဲ့အထိ ကြည်​လင်​လို့​နေပါတယ်
နှင်းများ အကျလွန်​လာတဲ့ရက်​မျိုးမှာဆိုရင်​ ​ရွှေလီမြစ်​​ရဲ့
ရေပြင်​​ပေါ်မှာ ၊ ​ရေလွှာ​လေး​တွေ ခဲ​နေတတ်​ပါတယ်
ရွှေလီမြစ်​ဟာ ကျယ်​ပြန့်​ပြီး
အလွန်​ကြည်​နူးစရာ​ကောင်းတဲ့အတွက်
ရှမ်း​မြောက်​​ဒေသရဲ့အလှတရားအဖြစ်​နဲ့
ရပ်​တည်​နေပါတယ်​ ။
သိပ်​မကြာခင်​မှာပဲ ကျွန်​​တော်တို့​မိသားစုတွေ
မြန်​မာပြည်​ ​အောက်​ပိုင်းဖြစ်​တဲ့ ပြည်​မြို့ကို
ပြောင်း​ရွှေ့သွားရ​တော့ ကျွန်​​တော်​ရဲ့. အသက်​က
ဆယ့်​တစ်​နှစ်​ပြည့်ခဲ့ပါပြီ ​အဲ့ဒီတုန်းက
ကျွန်​​တော်​တို့ ပဲခူးရိုးမ​တောကြီးဟာ အရမ်းကို
စိမ်စိမ်းလန်းစို​​ပြေပြီး ​တောရိုင်း တရိစ္ဆာန်​​​ပေါင်းစုံတို့
နားခိုရာအရိပ်​တစ်​ခု​ပေါ့ဗျာ ။
အဲ့ဒီတုန်းက​တော့ ကျွန်​​တော်​ရဲ့အသက်​က​ငယ်​​သေး​တော့
ဆော့ကစားတာကလွဲလို့. ကျန်​တာကို စိတ်​မဝင်​စားခဲ့ဘူး
သဘာဝဆိုတာ ဘာလဲလို့  ကျွန်​​တော်​ရဲ့မိဘ​တွေကို
မေးခဲ့ဖူးပါတယ်​ ။ မိဘ​တွေက ကျွန်​​တော်​ကို သားကငယ်​​တော့
ပြောပြလဲ သိဦးမှာမဟုတ်​ပါဘူးဆိုတဲ့ အ​ဖြေနဲ့ပဲ
ကျွန်​​တော်​​နေခဲ့ရတယ်​ ။
အခု ကျွန်​​တော်​ ငယ်​ငယ်​က ကြုံခဲ့ဖူးတဲ့ ​ဒေသအရပ်​ရပ်​တို့နှင့်
တ​ဖြေး​ဖြေးယိုယွင်းလာတဲ့ သဘာဝပတ်​ဝန်းကျင်​များ
အ​ကြောင်း​လေး​တွေကို ၊အပြုသ​ဘော​ဆောင်​၍
ယနေ့ထိတိုင်​​အောင်​ ကြုံ​နေရတဲ့ သဘာဝတရား​တွေကို
ကျွန်​​တော်​ ​ရေးသားတင်​ပြခွင့်​ပြုပါလို့ ​တောင်းဆိုပါရ​စေ ။

IMG_20180129_113432.jpg

ယိုယွင်း ပျက်​စီး ​နေ​သော သဘာဝတရားကြီးကို
ကျွန်​​တော်​တို့ ​နေ့စဉ်နဲ့​အမျှ မြင်​​တွေ့​နေရပါတယ်
သဘာဝတရားကြီးက ဘာဖြစ်​လို့များ တ​ဖြေး​ဖြေးနဲ့
ယိုယွင်းပျက်​စီးလာရတာလဲလို့. ကျွန်​​တော်
လိုက်​ကြည့်​မိ​သောအခါ ။ ပျက်​စီး​စေတတ်​​သော
အ​ကြောင်းရင်းများကို ကျွန်​​တော်​အနည်းငယ်
ရှာ​ဖွေ​တွေ့ရှိလိုက်​ပါတယ်​ ။
အဓိကဖြစ်​တဲ့အရာက. လူဖြစ်​​နေတယ်
ဘာဖြစ်​လို့လဲဆို​တော့ လူဟာ အသိဥာဏ်​ရှိပြီး
အရာရာကို လုပ်​နိုင်​စွမ်းရှိ​နေလို့ပါပဲ
ကျွန်​​တော်​ အဲ့ဒီလို​ပြောလိုက်​လို့ ကျွန်​​တော်​ကို
"မင်း​ပြောမှပဲ ငါတို့သိ​တော့တယ်​"လို့
ထင်​ချင်​ထင်​ကြလိမ့်​မယ်​ ။ ကျွန်​​တော်​​ပြောတာက
အဲ့ဒီလိုအ​တွေးမျိုးကို ​ပြောတာမဟုတ်​ပါဘူး ။
အဓိကဆိုတဲ့စကားလုံးကို ကျွန်​​တော်​သုံးလိုက်​တဲ့အတွက်
လူဟာ သဘာဝကြီးအတွက်​ အ​ရေးကြီးဆုံး
ပထမ အ​ခြေခံသူလို့ ကျွန်​​တော်​ယူဆလိုက်​တာပါ။
သဘာဝတရားကြီးအတွက်​ ပထမ အ​ခြေခံဖြစ်​တဲ့
ကျွန်​​တော်​တို့ လူသားတိုင်းမှာ စိတ်​ခြင်းမတူသလို
အ​တွေး​ခေါ် အထင်​အမြင်​​တွေလဲ ကွာခြား​နေတယ်​ဆိုတာ
လူတိုင်းလိုလိုသိ​နေကြပြီးသားဖြစ်​မှာပါ အဲ့ဒီ​တော့
လူတစ်​​ယောက်​​နေထိုင်​မှုနဲ့ ဆက်​နွယ်​​နေတဲ့လူ့ဘဝနဲ့
သဘာဝတရားကြားမှာ ဖြစ်​​ပေါ်လာတဲ့ တစ်​နှစ်​ပြီးတစ်​နှစ်​မှာ
လူဦး​ရေ​တွေက တိုးပွားလာကြတယ်​ ။
လူဦး​ရေ. တိုးပွားလာတာနဲ့အမျှ 
နေ​ထိုင်​​ရေးက အစ စားဝတ်​​​နေရေးပါ ခက်​ခဲလာကြပါတယ်​ 
အလုပ်​အမျိုးမျိုးနဲ့ ဆင်းရဲနွမ်းပါးမှုတွေကို လိုက်​ပြီးကြည့်​လိုက်​ရင်
ကျွန်​​တော်​တို့နိုင်​ငံမှာ ချမ်းသာ​နေတဲ့သူ​တွေထက်
ဆင်းရဲတဲ့သူ​တွေက ပိုများ​နေတာကို ​တွေ့မြင်​ကြရမှာပါ ။
အလုပ်​အကိုင်​ကရှားပါပြီး ​​မူရင်းဖြစ်​တဲ့ ​တောင်​ယာအလုပ်​နဲ့
လယ်​အလုပ်​ကိုပဲ အားကိုး​နေရတဲ့ ဘဝ​တွေကများ​နေ​တော့
ငွေရဖို့အတွက်​ဆိုရင်​ ဥပ​ဒေလွတ်​ကင်းတဲ့ အလုပ်​မျိုးကို
ကြုံရာကျပန်း လုပ်​ကိုင်​စား​သောက်​​နေထိုင်​​တော့
သဘာဝတရားကြီးကို ယိုယွင်းပျက်​ဆီးဖို့အတွက်
အခွင့်​ကြုံသလိုမျိုး ဖြစ်​​နေတယ်​ ။ ဘာ​ကြောင့်
အဲ့ဒီလိုမျိုးဖြစ်​ရတာလဲဆို​ရင်​ ပထမအချက်​က
လယ်​ယာမရှိ အလုပ်​အကိုင်​မရှိတဲ့ တစ်​ရက်​လုပ်
တစ်​ရက်​စားသမား​တွေအတွက်​က. သဘာဝ​တောတန်းတွေကို
မှီခိုပြီး ​နေထိုင်​ရလို့ပါပဲ ။
သူတို့မိသာစုအတွက်​ ဝမ်း​ရေးကို ​ဖြေရှင်းဖို့က
သဘာဝ​တောထဲမှာ​နေပြီး (၂ )အချက်​ကိုပြုလုပ်​ကြတယ်
ထင်းခုတ်​​တဲ့သူ​တွေကခုတ်​ မီး​သွေးဖုတ်​တဲ့
သူ​တွေက ၊ မီး​သွေးဖုတ်​ကြပြီး ​ငွေရဖို့အတွက်​ကို
အမြို့မြို့အနယ်​နယ်​ထိ သယ်​​ဆောင်​ပြီး​ရောင်းကြတယ်
ရလာတဲ့​ငွေ​လေးနဲ့. မိသားစုဝမ်းတစ်​ထွာအ​ရေးကို
ရှာေ​ဖွ​စား​သောက်ကာ
အသက်​ရှင်​သန်​​ရေးအတွက်​ ရပ်​တည်​​နေကြတယ်​ ။
(၃ ) အချက်​ သဘာဝ. ​တောတန်း​​တွေထဲမှာရှိတဲ့
နှစ်​​ပေါင်းများစွာက ​ပေါက်​​နေကြတဲ့အဖိုး​တန်​ သစ်​​​တွေကို
ခုတ်​နေကြတဲ့သူ​တွေဟာ လိုတာထက်​ကို ပို​နေကြတယ်​ ။
( ၄ )အချက်​က ​တောရွာတိုင်း​မှာ အိမ်​မှာမီး​မွှေးတဲ့အခါ
မြို့ပြလို လျှက်​စစ်​မီး​တွေ ဂတ်​အိုးမီ​တွေမရှိကြတဲ့အတွက်
ထင်း​ကို အရွယ်​မ​ရောက်​​သေးတဲ့ သစ်​​တွေနဲ့
မီးအဖြစ်​သုံးကြရတယ်​ ။
( ၅ ) အချက်​က လယ်​မရှိ ယာမရှိတဲ့​သေးတဲ့ သူ​တွေအတွက်
စိုက်​ပျိုး​ရေးတစ်​ခုခု လုပ်​​ဆောင်​နိုင်​​​အောင်​လို့
တောရိုင်း​တွေကို မီးရှိုပြီး ယာကွင်းအဖြစ်​သို့
ပြုလုပ်​ကြတယ်​ ။
အခုလို အချက်​(၅ )ချက်​နဲ့ လုပ်​ကိုင်​​နေတဲ့သူ​တွေဟာ
သဘာဝကြီးသည်​ ယိုယွင်းပျက်​စီးသွားမလားလို့
ဘယ်​နှစ်​​ယောက်​များ ​တွေးမိကြမလဲ
စဉ်​စားကြည့်​ရင်​ သိနိုင်​ပါတယ်​ ။
စာ​ပေပညာ​တွေ ​ဗဟုသုတ​တွေကို အလွန်းနည်းပါးလိုသာ
ယိုယွင်းပျက်​စီး​စေတဲ့ အ​ကြောင်းကို သူတို့မသိ​သေးလို့
လုပ်​​နေကြတာပဲလို့ ကျွန်​​တော်​​တွေးမိခဲ့တယ်​ ။
ဒါ​ပေသိ ကျွန်​​တော်​​ဖြည့်​​တွေး​နေ​သော်​လဲ
တချို့တချို့​သော လူ​တွေမှာ စာ​ပေ ပညာများနှင့်
ဗဟုသုတ ကြွယ်​ဝ​နေသူ​တွေကိုလဲ
ကျွန်​​တော်​ ​တွေ့မြင်ခဲ့​​နေရတယ်​ သဘာဝတရားကို မှီခိုပြီး
နေထိုင်​ကြတဲ့ လူ​တွေက. သဘာဝတရားကို
ပြန်​ပြီး ဖျက်​စီး​နေသလို ဖြစ်​​နေတယ်​ ။
"ဥပမာနဲ့. ကျွန်​​တော်​​ပြောရမယ်​ဆိုရင်​ "
ကျွန်​​တော်​တို့ကို လူဖြစ်​လာဖို့အတွက်​ မိဘနှစ်​ပါးက​မွေးခဲ့သလို လူဖြစ်​လာတဲ့ ကျွန်​​တော်​တို့ကိုလဲ မိဘနှစ်​ပါးက
ရှေ့က​နေပြီး အပြီးပိုင်​ ခွဲခွာရမဲ့အချိန်​ကို​ရောက်​ခဲ့မယ်​ရင်
သားသမီးတိုင်းဘယ်​လိုခံစားရမလဲဆိုတာကို
တွေးကြည့်​ရင်​ သိနိုင်​ပါပြီ ။

IMG_20180130_090922.jpg

တကယ်​​တော့ သဘာဝတရားကြီးက. ကမ္ဘာကြီးရဲ့
မိခင်​တစ်​ဦးလိုပဲ လို့. ကျွန်​​တော်​​ပြောလိုက်​ရင်​ လွန်​သွားမလား ကျွ​န်​​တော်​တို့​​တ​တွေ အခု အသက်​ရှင်​​နေတယ်
 ဒါ​ပေသိ သဘာဝတရားကြီးအတွက်
ကျွန်​​တော်​တို့. ဘာများလုပ်​ခဲ့ပြီးပြီလဲဆိုတာ
 တွေး​ရော​တွေးမိကြရဲ့လားလို့ ကျွန်​​တော်​အပါဝင်
မေးခဲ့မယ်​ဆိုရင်​ ကျွန်​​တော်​ အခု အသက်​ရှင်​​နေတယ်
သဘာဝတရားကြီးအတွက်
ကျွန်​​တော်​ ဘာတစ်​ခုမှ မလုပ်​​ပေး​​ရ​သေးဘူးဆိုတဲ့​ဖြေက
ကျွန်​​တော်​ရဲ့. ဝန်​ခံချက်ပါ​ပဲ ။
ကျန်​တဲ့သူ​တွေ​​တော့ သဘာဝတရားကြီးအတွက်
ဘာများ လုပ်​​ပေး​နေကြသလဲဆိုတာ​တော့
ကျွန်​​တော်​ မသိဘူး​ပေါ့ဗျာ ။
"သဘာဝပတ်​ဝန်​ကျင်​ကြီးက ဘာ​ကြောင့်​များ
ယိုယွင်းပျက်​စီးမ​တွေမြန်​လာရသလဲ "
ကျွန်​​တော်​ အဲ့ဒီအ​ဖြေကို ကျွန်​​တော်​ကိုယ်​တိုင် ​ပြန်​​ဖြေ​ပေးပါရ​စေ
အ​ပေါ်မှာ ​ပြောပြခဲ့သလိုမျိုး​နဲ့ ​ပေါင်းစပ်​ကြည့်​လိုက်​တဲ့အခါ
တ​ဖြေး​ဖြေးနဲ့ ​ခေတ်​ကြီးက တိုးတက်​လာသလို
သဘာဝပတ်​ဝန်းကျင်​ကလဲ တ​ဖြေး​ဖြေးနဲ့
ယိုယွင်းပျက်​စီးလာပါတယ်​ ။
ဘာ​ကြောင့်​လဲလို့. ကျွန်​​တော်​ကို ​မေးစရာ​တွေဖြစ်​လာပါလိမ့်​မယ်
ဟုတ်​ပါတယ်​ ကျွန်​​တော်​​က​လေးဘဝအရွယ်​ ငယ်​ငယ်​တုန်းက
တိုးတက်​မှုမရှိ​သေးတဲ့​ခေတ်​မှာ သဘာဝပတ်​ဝန်းကျင်​ကြီးက
ယိုယွင်းမှုတွေနဲ့. မကြုံရ​သေး​တော့
ဘယ်​​နေရာကြည့်​ ကြည့်​ စိမ်းလန်းစို​ပြေ​နေလို့ပါပဲ ။
အခု ကျွန်​​တော်​တို့တ​တွေ တိုးတက်​လာတဲ့​ခေတ်​ကို
ရောက်​လာတာနဲ့အမျှ သဘာဝတရားကြီးက
ယိုယွင်းပျက်​စီးလာတာ ပိုပြီးမြန်​လာတယ်​လို့ ခံစားမိတယ်
ကျွန်​​တော်​ဆိုလိုခြင်းက တိုးတက်​လာတဲ့​ခေတ်​​ကြောင့်
ပျက်​စီးလာရတယ်​ဆိုတဲ့ သ​ဘောမျိုးနဲ့ ဆိုလိုခြင်းမဟုတ်​ပါဘူး
တိုးတက်​လာဖို့အတွက်​ အားလုံးကကြိုးပမ်းလာကြတယ်
ကြိုးပမ်းလာသမျှလဲ ​ခေတ်​ကြီးက တိုးတက်​လာတယ်
တိုးတက်​လာလို့လဲ အရင်​ကလိုမျိုး မျက်​ကန်း တစ်​​ယောက်​လို
မဟုတ်​​တော့ဘူး ။
ကိုယ်​သိချင်​တဲ့အရာမှန်​သမျှကို လိုက်​ရှာ​စရာမလို​တော့တဲ့
မျက်​လုံးဖွင့်​ နားဖွင့်​စေလွယ်​တဲ့ ​ခေတ်​ကို​ရောက်​​နေတဲ့အတွက်
အားလုံးက ဦး​နှောက်​အသိဥာဏ်​​တွေ
တိုးပွား​နေတာကို ကျွန်​​တော်​တို့​​တ​တွေ မြင်​​တွေ့ရမှာပါ။
ဒါ​ပေသိ တိုးတက်​​နေသော်​​လဲ ​ခေတ်​ရဲ့ ​ရေစီး​ကြောင်းပေါ်မှာ
လူတိုင်း​မလိုက်​နိုင်​ကြ​သေးလို့သာ
သဘာဝ​ပတ်​ဝန်းကျင်​ကြီးက ယိုယွင်းပျက်​စီးမှု​တွေ
မြန်​လာရခြင်းပဲလို့ ထင်​မိပါတယ်​ ။
ဘယ်​လို​ကြောင့်​ ယိုယွင်းပျက်​စီးခြင်းက မြန်​လာရသလဲလို့
မေးစရာ​​တွေဖြစ်​လာလိမ့်​မယ် ။
ဒီ​တော့ ကျွန်​​တော်​သိ​လောက် ​မြင်​သ​လောက်​ကိုပဲ
ကျွန်​​တော်​​ပြောပြပါရ​စေ ။
(၁) အချက်​ တိုးတက်​​နေတဲ့​ခေတ်​မှာ
လူရဲ့ခွန်​အားကို ​လျှော့ချပြီး စက်​ယန္တရား​တွေနဲ့
အသုံးပြုလာကြတယ်​ ။
အရင်​က စက်​ယန္တရား​တွေ သိပ်​မ​ပေါ်​သေးတဲ့အချိန်​မှာ
လူ့ရဲ့ခွန်​အားနဲ့ သဘာဝကိုမှီခိုပြီး
လုပ်​ကိုင်​​စား​သောက်​​နေတဲ့အချိန်​ သစ်​တစ်​ပင်​ကို ခုတ်​မယ်​ဆိုရင်
တ​နေကုန်မှသစ်​တစ်​ပင်​ပဲခုတ်​နိုင်​မယ်။
 တိုးတက်​လာတဲ့ ​ခေတ်​ထဲမှာ​တော့ စက်​ယန္တရား​တွေနဲ့
့သုံး​နေတဲ့အခါ ၊ တစ်​​နေကုန်​ခုတ်​​မယ်​ဆိုရင်
အနည်းဆုံး သစ်​ဆယ်​ပင်​​​လောက်​ ခုတ်​နိုင်​ခဲ့တယ်​ ။
( ၂ ) အချက်​ ​လောဘသမား​တွေ ပိုများလာတယ်
ဘာဖြစ်​လို့လဲဆို​တော့ ကိုယ်​တိုင်​စိုက်​ပျိုးထားခြင်း 
မရှိတဲ့အတွက်​​ကြောင့်​ ၊ သစ်​တစ်​ပင်​ရဲ့တန်​ဖိုးကို
ကောင်း​ကောင်းမသိတဲ့အတွက်​​ကြောင့်
အရွယ်​မ​ရောက်​​သေးတဲ့ သစ်​​ပင်​​တွေ​ရော
အရွယ်​​ရောက်​ပြီးသာ သစ်​ပင်​​တွေ​ရော
အကုန်​ခု​တ်​ကြတယ်​ ။
( ၃) အချက်​ သဘာဝပတ်​ဝန်းကျင်​ကို
အ​လေးအနက်ထားသူ​တွေ ပိုနည်းသွားတယ်​။
တိုးတက်​လာတဲ့ ​ခေတ်​မှာ ​ပျော်​စရာ​တွေ
များလာသလို လူတစ်​​ယောက်​ကိုညှိ့ယူနိုင်​စွမ်းရှိတဲ့
အသုံး​အဆောင်​ပစ္စည်း​တွေက အိမ်​တိုင်း​လိုလိုရှိ​နေကြတယ်
စာ​ပေလိုက်​စားမှုတွေ​လျှော့နည်းသွားပြီး
ဘာမဆို သိနိုင်​စွမ်းရှိ​နေ​တဲ့​ခေတ်​ထဲမှာ ကိုယ်​ကြိုက်နှစ်သ​​​က်​တဲ့ အရာမှန်​သမျှကိုကမ္ဘာပတ်​လို့ စူးစမ်း​လေ့လာ​နေကြတယ်​ ။
(၄) အချက်​ သူ့ထက်​ငါ အပြိုင်​အဆိုင်​​တွေများလာတယ်​ ။
အရင်​ကလို ကိုယ့်​ရွာကိုယ့်​​မြေမှာ မိရိုးဖလာအလုပ်​​တွေကို
မလုပ်​​တော့ပဲ ၊ တိုင်းတစ်​ပါးကိုထွက်​ပြီး လုပ်​ကိုင်​​နေတဲ့သူ​တွေ
အရမ်းများ​နေတယ် ။ ​ခေတ်​ရဲ့​ရေစီး​ကြောင်း​နောက်​ကို
လူတိုင်း​လိုလိုလိုက်​​​နေ​​တော့
သဘာဝရဲ့ အလှတရားကို ​မေ့​နေကြတယ်​ ။
တိုးတက်​လာတဲ့​ခေတ်​ဆို​တော့ စီးပွား​ရေးသမား​တွေကလဲ
အရမ်းများလာတယ်​ ။
ဒီ​တော့ သူထက်​ငါခြေတစ်​လှမ်းသာဖို့အတွက်
သဘာဝကြီးကို ပြန်​မကြည့်​နိုင်​တော့ဘူး​။
(၅)အချက်​က တီထွင်​ဆန်းသစ်​တဲ့ပစ္စည်း​တွေပိုများလာတယ်​ ။
တိုးတက်​လာ​ခေတ်​မှာ က​လေးလူကြီးပါမကျန်​​အောင်
မက်​​မောစရာ​တွေ အရမ်းများလာတယ်​ အရင်​ကမမြင်​ဖူးကြတဲ့
ပစ္စည်း​တွေ​ရော မြင်​ဖူးကြတဲ့ပစ္စည်း​​ရော
လွယ်​လင့်​တကူ ဝယ်​ယူလို့ရလာတဲ့အခြါ​က​တော့
တစ်​​နေ့တာရဲံ့ပင်​ပန်းသမျှကို ခဏတာနဲ့ အ​မော​ပြေ​​စေခဲ့​တယ်။
 ဇိမ်​ခံစရာပစ္စည်း​တွေ​ပေါ်များလာတာနဲ့အမျှ
လူတစ်​​ယောက်​ရဲ့စိတ်​​နေစိတ်​​ထားကို ​ပြောင်းလဲစေခဲ့တယ်
တီထွင်​ဆန်းသစ်​တဲ့ ပစ္စည်း​လေး​ပေါ်မှာ
ကိုယ့်​ရဲ့စိတ်​​တွေကိုနှစ်​မြှုတ်​ထားတဲ့သူ​တွေ ပိုများလာတယ်​ 
အဲ့လိုတ​ဖြေး​ဖြေးနဲ့ များလာတာနဲ့အမျှ
ယိုယွင်းပျက်​စီး​နေတဲ့သဘာပတ်​ဝန်း​ကျင်​များကို
အ​လေးမထားမိကြ​တော့ဘူး ။
ခု ကျွန်​​တော်​​​ပြောပြတဲ့ အချက်​ ( ၅) ချက်​ကို
မင်း​ရောကင်းလို့လားလို့ ကျွန်​​တော်​​ကို​မေးရင်​ကျွန်​​တော်​လဲ
မကင်းပါဘူး ။
ဒါ​ပေသိ ကျွန်​​တော်​​ပြောချင်​​တာက တိုးတက်​​နေတဲ့ ​ခေတ်​ကြီးမှာ အရင်​ကလိုမျိုးမတိုးတက်​သေးတဲ့​ခေတ်​နဲ့ စာရင်
တိုးတက်​​နေတဲ့​ခေတ်​မှာ သဘာဝပတ်​ဝန်းကျင်​က
ပိုပြီး​တော့ စိမ်းလန်းစို​ပြေလာရမယ်
ယိုယွင်းပျက်​စီး​နေတဲ့ သဘာဝ​တရားတွေကိုလဲ
တ​ဖြေး​ဖြေးနဲ့ ​လျှော့နည်းလာရမဲ့အစား
ပိုများလာတာကို ​​မြင်​​တွေ့​နေရလို့ပါ ။
ကျွ​န်​​​တော်​ ခရီးသွားလာရင်းနဲ့ သဘာဝပတ်​ဝန်းကျင်​ကို
ယိုယွင်းပျက်​စီး​စေတဲ့ အ​တွေ့ကြုံ​လေး​တွေကို
ကျွန်​​တော်​​ပြောပြပါရ​စေ။

IMG_20180130_090444.jpg

ကျွန်​​တော့်​လိုလဲ ခရီးထွက်​ကြတဲ့ သူ​တွေအများကြီးရှိကြပါတယ်
ကျွန်​​တော်​က​တော့ တစ်​ခါတစ်​ရံမှ ခရီးထွက်​​လေ့ရှိတာမို့
ခရီးတစ်​ခါထွက်​တိုင်းလဲ သဘာဝအလှ​တွေကို
ကျွန်​​တော်​ လိုက်​ကြည့်​ဖူးပါတယ်​ ဒါ​ပေမဲ့
အရင်​လိုမဟုတ်​တာ​တော့ အ​သေအချာပဲဗျ 
ဘာဖြစ်​လို့လဲဆို​တော့ ကျွန်​​တော်​ငယ်​ငယ်​က ​နေခဲ့ဖူးတဲ့
သဘာဝအလှနဲ့ အရွယ်​​ရောက်​လို့ မြင်​​နေရတဲ့
သဘာဝ​အလှတွေက. အရမ်းကို​ပြောင်းလွဲသွားလို့ပါပဲ
ကျွန်​​တော်​ ၁၆ နှစ် လူပျို​ပေါက်​စအရွယ်​မှာ ပြည်​မြို့က​နေပြီး
ကျွန်​​တော်​​နေခဲ့ဖူးတဲ့ နမ့်​ခမ်းမြို့​လေးဆီသို့
အလည်​တစ်​​ခေါက်​အ​နေနဲ့. ကျွန်​​တော်​ပြန်​ရောက်​ရှိခဲ့တယ်
 စီးပွား​ရေးမပြည့်​စုံတဲ့ မိသားစုမို့
ကျွန်​​တော်​ စီးပွားရှာဖို့အတွက်​ ပြန်​​ရောက်​ရှိခဲ့ခြင်းဖြစ်​ပါတယ်
အဲ့ဒီအချိန်​က ရှမ်း​မြောက်​​ဒေသအရပ်​မှာ
ကျွန်​​တော်​ ၈ နှစ်​သားအရွယ်​တုန်းက​လို​ မဟုတ်​​တော့တဲ့အတွက်​ ​​သဘာဝတရားက နည်းနည်​လေး ယိုယွင်းလာတယ်
အဲ့ဒီအချိန်​က​တော့ ကျွန်​​တော်​လဲ သဘာဝအ​ကြောင်းကို
သိပ်​နားမလည်​​သေးတဲ့အရွယ်​​ပေါ့ အဲ့ဒီလိုနဲ့
အလုပ်​အကိုင်​ရှာ​ဖွေရင်း သူငယ်​ချင်းတစ်​​ယောက်​နဲ့ဆုံမိလိုက်​တဲ့အချိန်​မှာ ၊ ကျွန်​​တော်​အတွက်​ ပထမဦးဆုံး အလုပ်​ရခဲ့တယ်
ကျွန်​​တော်​ရဲ့အလုပ်​က ​ထော်​လာဂျီ စပယ်​ယာအလုပ်​ပါ
တရုတ်​ပြည်​ထဲက အဝတ်​ပိတ်​စ​တွေကို ဝယ်​ထားတဲ့
ကုန်​သည်​​တွေရဲ့ ပစ္စည်း​တွေကို
ကျွန်​​တော်​တို့က ဗန်း​မော်​မြစ်​ကြီးနားဘက်​ကို
ပို့​ပေးရတဲ့အလုပ်​ပေါ့ဗျာ ။ နမ့်​ခမ်းက​နေပြီး ဗန်း​မော်​ကို
ရောက်​ဖို့အတွက်​ တစ်​ညအိပ် ​​နောက်​​နေ့. ည​နေပိုင်းမှ
ရောက်​တယ်​ဗျ ။
တောလမ်းဆို​တော့ ကြမ်းတယ်
ပြီး​တော့ ​တောင်​​တွေကလဲ အရမ်းကိုမြင့်​လွန်း​​တော့
နည်းနည်း​တော့ ဒုက္ခ​ရောက်​တာ​ပေါ့
ဗန်း​မော်​မြို့ကိုသွား​တော့မယ်​ဆိုရင်
ကျွန်​​တော်​တို့ အိမ်​က​နေပြီး ဟင်းချက်​စရာ​တွေ
တရုတ်​​ခေါက်​ဆွဲ​ခြောက်​​တွေ ဆန်း ဆီ ဆား ငါးပိ​တွေနဲ့
ရိက္ခာအပြည့်​ ထည့်သွားတယ်​ ။
နမ့်​ခမ်းနဲ့ ​ဗန်း​မော်​ကြားက. ​ရွာ​လေး​တွေမှာ​တော့
ထမင်းဆိုင်​​တွေ​တော့ရှိပါတယ်​ ဒါ​ပေသိ
လမ်းကကြမ်းလွန်းသည်​အတွက်​ အရံယူ​ဆောင်​ထားရခြင်း
ဖြစ်​ပါတယ် ၊ အဲ့ဒီချိန်​တုန်း​က
ဘယ်​​နေရာပဲကြည့်​ကြည့်​ သဘာဝတရားကြီးက
အရမ်းကိုလှပလွန်းတဲ့
နမ့်​ခမ်းနဲ့ ဗန်း​မော်​ကြားက သဘာဝ​တွေ​ပေါ့ဗျာ
ကျွန်​​တော်​လဲ ကြာလာတဲ့အမျှ
အဲ့ဒီအလုပ်​ကို မလုပ်​​တော့ပဲနဲ့ သူငယ်​ချင်းတစ်​​ယောက်​ရဲ့
အဆက်​အသွယ်​ကြောင့်​ ၊ ကျွန်​​တော်​ အလုပ်​​ပြောင်းလုပ်​ခဲ့တယ်
ကျွန်​​တော်​ ​ပြောင်းလုပ်​ရတဲ့အလုပ်​က ပန်းရံအလုပ်​​ပါ
အဲ့ဒီအချိန်​တုန်း​က တစ်​​နေ့လုပ်​အားခက
တစ်​ရက်​မှ ( ၆၀၀ ) ရာပဲ ရတဲ့​ခေတ်​​ပေါ့ဗျာ
ငွေ​ကြေးကလဲ တန်​ဖိုးရှိတယ်​ တရုတ်​​ငွေ ၁၀ကို
မြန်​မာ​ငွေ ၁၀၀ ကျပ်​ပဲ ဖြစ်​​သေးတဲ့အချိန်​​မှာ
ကျွန်​​တော်​တို့ ပန်းရံ​ခေါင်းဆောင်​က အလုပ်​သစ်​ရလို့ဆိုပြီး
နယ်​ဘက်​ကို သွားပြီး လုပ်​ရမယ်
 မင်းလိုက်​မလားလို့ ​မေးလာတဲ့အခါ ကျွန်​​တော်​လိုက်​မယ်​လို့
ပြောလိုက်​တဲ့ ကျွန်​​တော်​ကို ​ခေါ်သွားခဲ့တယ်
 နီးနီးလေးထင်​ပြီး လိုက်​သွားမိတဲ့ကျွန်​​တော်
ကချင်​ပြည်​နယ်​ အင်​ဘာဘာရွာကို ကျွန်​​တော်​​ရောက်​ရှိသွားတယ်
အဲ့ဒီက ​တောရွာ​ဆို​ပေမဲ့ ​တောမြို့​လေး​တွေနဲ့နီးသလို
တရုတ်​ပြည်​နဲ့လဲ ​ချောင်းပဲခြားပါတယ်
ချောင်းကို တံတားထိုးတဲ့အတွက်​​ကြောင့်
သွားရလာရတာ ​ချော​မွေ့စေတယ်
ကျွန်​​တော်​​တို့​ရောက်​သွား​တော့ ရွာသူရွာသားများ
ကျွန်ေ​တာ်​တို့ကို ​​ဖော်​​ရွေစွာနဲ့ ကြိုဆိုကြတယ်
အင်​ဘာဘာဆိုတဲ့ရွာ​လေးမှာ ကျွန်​​တော်​တို့
နှစ်​လ​လောက်​ ​ကြာမြင့်​စွာ လုပ်​ခဲ့ရတဲ့အတွက်
ရွာက ရွာသူရွာသား​တွေနဲ့ မိသားစုလိုဖြစ်​​နေတာ​ပေါ့ဗျာ
ကျွန်​​တော်​ခုချိန်​ထိ မှတ်​မိ​နေတာတစ်​ခု​တော့ရှိတယ်
 ကချင်​ပြည်​နယ်​ကထွက်​တဲ့ ​တောင်​ယာဆန်​​တွေက
အရမ်းကိုစားလို့​ကောင်းတယ်
ပြီး​တော့ ရှမ်းဆန်​ထက်​ကို နူးညံ့​ပျော့ပျောင်းပြီး
ရနံ့တစ်​မျိုး​လေးသင်းတယ်​ဗျ ​ကောက်​ညှင်းစီးတယ်​ဆိုတာ
ကျွန်​​တော်​စားခဲ့တဲ့ ကချင်​ပြည်​နယ်​က ဆန်​ကိုမမှီဘူးဆိုတာပဲဗျ အင်​ဘာဘာဆိုတဲ့ ကချင်​ပြည်​နယ်​ဘက်​မှာလဲ
သဘာဝတရားကြီးက အရမ်းကိုလှပပြီးစိမ်းလန်းစို​ပြေ​နေတာကို
ကျွန်​​တော်​ မြင်​ခဲ့ဖူးတယ်​ ။ အင်​ဘာဘာရွာက​နေပြီး ​​ပြန်​လာတဲ့အခါ ကျွန်​​တော်​ ပန်းရံအလုပ်​ကို မလုပ်​​တော့ပဲနဲ့
ပြည်​မြို့ကို ကျွန်​​တော်​ပြန်​လာခဲ့တယ်
ကျွန်​​တော်​ပြန်​တဲ့အချိန်​ထိ သဘာဝပတ်​၀န်းကျင်​ကြီးက
စို​ပြေစိမ်းလန်း​နေ​တုန်း​​ပေါ့ဗျာ အဲ့လိုနဲ့ ပြည်​မြို့
မှာ​နေပြီး ကြုံရာကျပန်းအလုပ်​နဲ့ လုပ်​ကိုင်​ရင်း
နောင်​ဆုံးအကြိမ်​ဖြစ်​တဲ့ ​နောက်​တစ်​​ခေါက်
ကျွန်​​တော်​ ပြည်​မြို့က​နေပြန်​လာတဲ့အခါ​မှာတော့
ကျွန်​​တော်​​တွေ့ဖူးမြင်​ဖူးတဲ့ နမ့်​ခမ်းရဲ့သဘာဝကြီးက
ယိုယွင်းပျက်​စီး​နေပြီ​လေ အရင်​လိုလဲမ​အေး​တော့သလို
အရင်​လိုလဲ မစိမ်းလန်း​တော့ပဲ
အရင်​လိုလဲ နှင်း​တွေက. မ​ဝေ​တော့ဘူးဖြစ်​​နေတယ်​တယ်​​လေ
အရင်​က. ကြည်​လင်း​အေးမြခဲ့တဲ့ ​ရွှေလီမြစ်​တစ်​စင်း​ကလဲ
သောင်​ထွန်းလို့ ​ချောင်းသာသာပဲကျန်​​တော့တယ်
စိမ်းလန်း​နေတဲ့ ​တောင်​တန်းတွေကလဲ
အခုဆိုရင်​ ​တောင်​ကတုံး​တွေဖြစ်​​နေကြပြီ
ဘာ​ကြောင့်​များ အနှစ်​ နှစ်​ဆယ်​အတွင်းမှာ
ဒီ​လောက်​ထိ သဘာဝတရားကြီးက
ယိုယွင်းပျက်​စီးသွားရတာလဲလို့ အ​ဖြေကိုကျွန်​​တော်​ရှာခဲ့မိတယ်
ကျွန်​​​တော်​ရှာ​တွေ့ခဲ့ပါတယ်​ ယိုယွင်းပျက်​စီး​စေတဲ့
အ​ကြောင်းတရား​တွေကို ၊ ကျွန်​​တော်​ တစ်​ခုပြီးတစ်​ခု
ဆက်​စပ်​ကြည့်​လိုက်​​သောအခါ
ရွှေလီမြစ်​​ကဘာ​ကြောင့်​ယိုယွင်းသွားရတာလဲ
ဆိုတဲ့ အ​ဖြေတစ်​ခုက. ​ရွှေလီမြစ်​ကိုအမှီပြုပြီး
စီးပွား​ရေးလုပ်​စား​နေသူ​တွေ​က အရမ်းများ​နေတယ်
ရွှေလီမြစ်​ထဲက သဲ ​ကျောက်​​တွေကို စက်​နဲ့စုတ်​ယူပြီး 
လုပ်​ကိုင်​​နေကြ​တော့
ရွှေလီမြစ်​လဲယိုယွင်းလာတာ​ပေါ့ အဲ့ဒီကြားထဲ 
ရွှေလီတံတားနားမှာ မြစ်​အလယ်​​ခေါင်​ထိ​အောင်
ကျောက်​တုံး​တွေချပြီ စား​သောက်​ဆိုင်​ပါဖွင့်​ထားလိုက်​​တော့
ရွှေလီမြစ်​က ပိုပြီး ပျက်​စီး​စေခဲ့တာ​ပေါ့
ကျွန်​​တော်​အ​ပေါ်မှာ ​ပြောပြသလိုမျိုး
တိုးတတ်​လာတဲ့ ​ခေတ်​ကြီးမှာ သဘာဝတရားက
ယိုယွင်းပျက်​စီးမှုတွေ ​လျှော့နည်းသွားရမဲ့အစား
ခေတ်​ကြီးတိုးတတ်​လာ​လေ​လေ သဘာဝတရားက
ပိုပြီးယိုယွင်းပျက်​စီးလာ​လေ​လေ ဖြစ်​​နေသလို
မျိုးဖြစ်​​နေတယ်​ ​အဘယ်​​ကြောင့်​​ဆို​သောအခါ
မတိုးတက်​​သေးတဲ့​ခေတ်​မှာ သစ်​​တွေနဲ့
အိမ်​​ဆောက်​ ​ကျောင်း​ဆောက်​ တံ​တား​ဆောက်​​နေကြတဲ့
နေရာအသီးသီး​တွေမှာ ။ွှတိုးတက်​လာတဲ့​ခေတ်​မှာ
တိုက်​​ဆောက်​​နေကြပြီ ဖြစ်​တဲ့အတွက်
သစ်​​အိမ်​​နေရာမှာ တိုက်​အိမ်​​တွေကိုအစားထိုးလာသလို
သစ်​တံတား​နေရာမှာ ကွန်​ကရစ်​တံတား​တွေ
သံတိုင်​တံတား​တွေက အစားထိုးဝင်​လာကြပြီမို့
သဘာဝယိုယွင်းမှုအတွက်​ ​လျှော့​နည်း​နေရမှာပါ။
အခု​တော့ တိုက်​အိမ်​​တွေ​ဆောက်​​နေ​ပေမဲ့လဲ
သဘာဝပတ်​ဝန်း​ကျင်​ကယိုယွင်းမှု​တွေ
ပိုများလာသလိုပဲ မြစ်​လဲမ​နေရ ​တောင်​​တွေလဲမ​နေရ
သစ်​ပင်​​တွေလဲ မ​နေရ ဖြစ်​​နေ​ခေတ်​ကြီးထဲမှာ
သဘာဝကြီးက ဘယ်​လိုမျိုးဖြစ်​​နေသလဲဆို​တော့
သဘာဝကြီးကို လူအ​​ယောက်​တစ်​ရာက
သစ်​ပင်​​တွေလိုက်​စိုက်​​​နေ​သော်​လဲ
စိမ်းလန်းခွင့်​မ​ပေးနိုင်​ကြတဲ့သူ​တွေကြာင့်
သစ်​ရွက်​ထွက်​ဖို့​တောင်​ ​ကြောက်​​နေရတဲ့အဖြစ်​မျိုးနဲ့
တူ​နေသလိုပဲ ။ တကယ်​​တော့

IMG_20180130_090836.jpg

သဘာဝတရား​တွေကို ပျက်​စီးပစ်​ဖို့ဆိုတာ အရမ်းလွယ်​ပါတယ်
ဒါ​ပေသိ ယိုယွင်း​နေတဲ့ သဘာဝပတ်​ဝန်းကျင်​ကို နဂို အတိုင်း
ပြန်​ဖြစ်​ဖို့ဆိုတာ နှစ်​​ပေါင်းများစွာထိ
စောင့်​ရလိမ့်​ဆိုတာကို သိထားသင့်​​နေပါပြီ​လို့ ထင်​ပါတယ်​ ။
အခုကျွန်​​တော်​တို့ အားလုံးသည်
လက်​ရှိဖြစ်​​ပေါ်​နေ​သော သဘာဝပတ်​ဝန်းကျင်​ရဲ့
ယိုယွင်းပျက်​စီးမူ့​တွေကိုဘယ်​လို​စောင့်​​ရှောက်​ကြမလဲ
ဘယ်လိုနည်း​တွေနဲ့ ထိန်းသိမ်းကြမလဲ ဆိုတာ
ဝိုင်းဝန်းပြီးအ​ဖြေရှာကြည့်​ဖို့​တော့ လိုပါတယ်
တစ်​ဦး​တစ်​​ယောက်​ထဲနဲ့ သဘာဝပက်ဝန်းကျင်​ကို
စောင့်​​ရှောက်​ဖို့ဆိုတာ ဘယ်​လိုနည်းနဲ့မှမဖြစ်​နိုင်​ပါဘူး
ကျွန်​​တော်​တို့အားလုံးတို့သည်​ လက်​တွဲညီညီနဲ့
ယိုယွင်း​နေ​သော သဘာဝပတ်​ဝန်းကျင်​များကို
ကိုယ်​သိထားသ​လောက်​ ဗဟုသုတများနဲ့
လောကကြီးကို အလှဆင်​​ပေးနိုင်​ခဲ့မယ်​ဆိုရင်
နောင်​တစ်​​ခေတ်​တတ်​လာကြမဲ့ လူငယ်​ လူရွယ်​​လေးများတို့ရဲ့
အနာဂတ်​ကမ္ဘာ​လေးဟာ သာယာလှပခြင်းများစွာနဲ့
စို​ပြေစိမ်းလန်းတဲ့ သဘာဝကိုမြင်​​တွေ့ရတဲ့အချိန်​ကြရင်
ကျွန်​​တော်​တို့အားလုံးရဲ့ ကမ္ဗည်း​တွေက သူတို့အတွက်
ရှေ့​​ဆောင်လမ်း​ပြသူအဖြစ့်​နဲ့
့သဘာဝမှာ တွင်းကျန်​ရစ်​ခဲ့မှာပါဆိုတဲ့အ​ကြောင်း
ကျွန်​​တော်​သိသ​လောက်​အမြင်​​​လေးနဲ့
အပြုသ​ဘော​ဆောင်​၍ ရေးသားလိုက်​ခြင်းဖြစ်​ပါတယ်​ ခင်ဗျာ။myanmar steemit ရှိ ညီကို​မောင်​နှမများကို 
ကျေဇူးအထူးတင်​ရှိပါသည်​...။
@arkarsoe
MSC-090

Sort:  

အင်း
သဘာဝ ပတ်ဝန်းကျင်ကြီးကို လူသားတွေကပဲဖျက်ဆီးနေတာပါပဲဗျာ။ စက်ပစ္စည်းတွေပေါ်လာတော့ ပိုပြီးဖျက်ဆီးလို့ ကောင်းနေကြပြီပေါ့

ဟုတ်​တယ်​ ကိုမိုး​ရေ

ဆုရပါစေအစ်ကိုရေ 😇

စာအရေးအသားနဲ့  စာရေးအားက အရမ်းကိုကောင်းပါတယ် ဆုရပါစေbro

ကျေဇူးပါ အစ်​ကိုတူတူ​ပေါ့ဗျာ

သဘာဝတရားကို မြတ်နိုးတတ်တဲ့စိတ်တွေ
မွေးမြူရမှာပါ Bro

ဟုတ်​တယ်​အစ်​ကို​ရေ

ပျက်စိးဖို့သာလွယ်တာပါ ပြုပြင်ဖို့ကတော့ ခက်တယ်အစ်ကိုရေ

သိပ်​မှန်​တယ်​ အစ်​ကို

ပြိုင်ပွဲမှာ ဆုရပါစေ

ကျေဇူးပါ အစ်​ကို

ဆုရပါစေဗျာ

ကျေဇူးပါဗျ

ဆုရပါ​စေ bro

ကျေဇူးပါဗျ

ဆုတောင်းပေးပါတယ် bro

ကျေဇူးပါbro

ခုထက်ထိလည်း အဲဒီလိုဘ၀တွေ ရှိနေပါသေးတယ် bro ဆုရပါစေဗျာ

ဟုတ်​ကဲ့ပါ အစ်​ကို​ရေ ​ကျေဇူးပါ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63570.02
ETH 3400.95
USDT 1.00
SBD 2.56