Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၁၀)
ဒီကနေ့ဗျာ ကျွန်တော်၏ Steemit အကြောင်းတစေ့တစောင်း သိသလောက်Posts များကို ခဏနားထားပြီး အခြားအကြောင်းအရာများ ရေးချင်ပေမယ့်လို့ ကျွန်တော့်ဆီလာမေးမြန်းကြတဲ့ မေးခွန်းလေးတွေ အချို့ကြောင့် ထပ်ရေးဖြစ်ရပြန်ပါပြီ သိသလောက် ၁၀ သို့ရောက်ရှိလာခဲ့ပြီ သိသလောက် ၁၁ တော့ ခဏနားဦးမယ် ဒီPost မှာ Newbie များ ဇာတ်တငင့်ငင့် ဖြစ်နေမှာစိုးလို့ နည်းနည်းထပ်ရေးရပေဦးမည်။ တက်နိုင်ဘူး သိသလောက်များ အကြောင်း ရေးသားခြင်းအား ခဏနားချင်သော ဆန္ဒရှိသောငြားလည်း Newbie များ အဆင်မပြေစိုးသဖြင့် သိသလောက် ၁၀ အား တင်ဆက်လိုက်ပါတယ်...
ယခင် သိသလောက် ၁ မှစကာ သိသလောက် ၉ အထိ ပါဝင်ခဲ့ပြီးသော အကြောင်းအရာများကို အကျဉ်းပြန်လည်ဖော်ပြချင်ပါတယ်..
Steemit တွင် လုပ်ငန်းလုပ်ကိုင်ရမည့် သဘောတရားများ
Steemit အတွင်းရှိ ငွေကြေး၂မျိုးဖြစ်သည့် Steem Dollar (SBD) နှင့် (Steem) တို့အကြောင်း
Steemit အားစိတ်ပါဝင်စား၍ စတင်လုပ်ကိုင်ရန် အကောင့်ဖွင့်လှစ်ခြင်း
အကောင့်ဖွင့်လှစ်ပြီး Post တင်သည့် အချိန်တွင် ဆောင်ရန် ရှောင်ရန်များ
Steemit အတွင်းရှိ အသွင်အပြင်များနှင့် စကားလုံးများ၏ ဖွင့်ဆိုချက်များ
Post တင်ပြီး ရရှိမည့် ငွေကြေးခွဲခြမ်းခြင်း နှင့် ရရှိလာမည့် ငွေများ
မိမိ တင်ထားသော Post အတွက် ၇ရက်ပြည့်လျှင် ငွေရရှိရန် Claim ခြင်း များအပြင် အခြားအကြောင်းအရာများ ထည့်သွင်းရေးသားထားပြီးဖြစ်ပါသည်။ တင်ခဲ့ပြီးသော Post တိုင်းသည် ကျွန်တော် သိသလောက်သာဖြစ်တဲ့အတွက် ခေါင်းစဉ်များကိုလည်း သိသလောက် ဟု နာမည်ပေးထားခြင်းဖြစ်ပါသည်။ အကယ်၍ အမှားအယွင်းများပါရှိခဲ့သော် သည်းခံနားလည် ခွင့်လွှတ်ပေးပါဟုလည်း ဆရာသမားများအား မေတ္တာရပ်ခံအပ်ပါသည်။ အပြုသဘောဆောင်ကာလည်း ကျွန်ုပ်၏ အမှားများအား ပြင်ဆင်ပေးစေလိုပါတယ်ခင်ဗျာ.. Newbie များ အတွက် အသုံးဝင်စေရန် တက်နိုင်သမျှ ရေးသားထားခြင်းသာဖြစ်ပါသည်။
ဒီနေ့မှာတော့ ကျွန်တော်ပြောပြမယ့် အကြောင်းအရာက မိတ်ဆွေတို့ သိခဲ့ကြပြီးတဲ့ အတိုင်း Steemit မှာ အဓိက ငွေဝင်နည်းလမ်းက Post တင်ခြင်းဖြစ်ပါသည်။ မိတ်ဆွေတို့ တင်လိုက်သည့် Post အတွက် ကောင်းရင်ကောင်းသလို လူစိတ်ဝင်စားခံရသလောက် မိတ်ဆွေတို့ ငွေကြေးများ ပြန်လည်ရရှိမှာ သိခဲ့ကြပြီးပြီ.. နောက်တစ်ခုလည်း သိထားကြပါသေးတယ် Post တင်မှ ပိုက်ဆံရမှာလား .. မဟုတ်ပါဘူး Comment , Reply နှင့် Resteem လုပ်ခြင်းများမှလည်း ပိုက်ဆံရဦးမယ်လေ..
သိပြီးသားကိစ္စတွေချည်းထပ်ထပ်ပြောနေရမှာပဲ Post တင်လို့ရသည့် ငွေ၏ 100% လုံးက စာရေးသူရမှာမဟုတ်တာ သတိပြုပါ..
ဒီနေရာမှာ အခေါ်အဝေါ်လေးတွေ ထပ်မံပြောပြပေးမယ်
စာရေးသူ ရတဲ့ ဆုငွေ ကို Author Rewards လို့ခေါ်ပြီး Comment, Reply နှင့် Resteem လုပ်သူများအတွက် ရရှိသည့်ဆုငွေကို Curation Rewards လို့ခေါ်ပါတယ်..အဲ့ဒီတော့ စာရေးသူ(Authors) များက ရေးပြီး တင်လိုက်တဲ့ Post အတွက် ရရှိလာမယ့် ဆုကြေးငွေ Rewards များဟာ စာရေးသူတစ်ယောက်တည်း ခံစားခွင့်မရှိပါဘူး.. Post ၏ 100% မှ Author Reward 75% နှင့်အတူ Curation Reward 25% ဆိုပြီးခွဲခြားပေးမှာပါ.. ဒီအထိကသိပြီးသားအကြောင်းအရာတွေချည်းပါပဲ ထပ်ခါတလဲလဲလည်း မမေ့အောင်ပြောနေရတာပါ..
အဲ့ဒီတော့ စာရေးသူ မိတ်ဆွေများအနေဖြင့် တွေးကောင်းတွေးလိမ့်မယ်.. ''ဟာ ငါရေးထားတာထဲက 25% ကြီးတောင် ဖဲ့ပေးရတာကွာ မတန်ပါဘူးပေါ့.." ဒါကအလကားရတာမို့ အဲ့လောက် Feel မဖြစ်ပါနဲ့လို့ပဲ အရင်ဆုံးပြောချင်ပါတယ်.. မိတ်ဆွေ ရရှိမည့်ဆုငွေမှ အခြား Comment , Reply နှင့် Resteem လုပ်သူများကို ပေးရသလို မိတ်ဆွေကလည်း မိမိနှစ်သက်ရာ Post တိုင်းကို သူတို့လိုပဲ Comment, Reply နှင့် Resteem လိုက်လုပ်ခြင်းအားဖြင့်လည်း Curation Rewards တွေပြန်ရမှာပဲဖြစ်တယ်..
အဲ့ဒီတော့ ပြောချင်တာက အားရင် အားနေသလို မိတ်ဆွေကလည်း မိမိသူငယ်ချင်း Post များဖြစ်စေ. မြန်မာနိုင်ငံသားများ၏ Post ဖြစ်သော myanmar tag အောက်တွင်ရှိသော Post များဖြစ်စေ.. ပိုက်ဆံများများလိုချင်လို့ Trending Tag မှာရှိတဲ့ Post တွေကိုပဲဖြစ်စေ.. ကြိုက်နှစ်သက်ရာ Post များအား Comment လိုက်ပေး Reply လိုက်ပြန် Resteem လိုက်လုပ်ပေါ့... Comment လုပ်နည်း Reply ပြန်နည်း Resteem လုပ်နည်းများကို တစ်နိုင်ငံလုံး Facebook အသုံးပြုသူများကြားမှာ သင်ပေးစရာလိုမည်မထင်ပါ.. တစ်ခုတော့ရှိတယ် Steemit မှာ ဆက်တိုက် ဆက်တိုက် Comment Reply ထိုင်လုပ်နေလို့တော့ မရဘူးဗျ.. သူက Second 20 ကို တစ်ကြိမ်သာ ပေးခွင့်ရေးခွင့်ရှိတယ်.. ပြောချင်တာက တစ်ခါပေးလိုက် Second 20 စောင့်လိုက်ရနဲ့ စိတ်မရှည်မှာစိုးလို့ပါ..
နောက်တစ်ခု Comment Reply လိုက်လုပ်တိုင်းတော့ Curation Reward က ရမှာမဟုတ်ဘူးခင်ဗျ... ကိုယ် Comment Reply လုပ်မယ့် Post ကိုတော့ Vote ခဲ့ရမယ်.. မVote ပဲ ပေးနေရင်တော့ ဘာReward မှရမှာမဟုတ်ပါဘူး အဲ့တစ်ခုတော့ သတိထားပါ ပြီးမှ Comment Reply တွေ အချိန်ကုန်ခံပေးနေပြီးတော့ မရဘူးဖြစ်နေမှာစိုးလို့ပါ.. ကျွန်တော်ပြောတာ မိမိ Comment Reply လုပ်မယ့် Post ကိုပဲ Vote ဖို့ပြောတာနော် မိမိ Comment Reply ကြီးကို Vote စရာမလိုသလို အခြားသူများ၏ ဟာကိုလည်း Vote စရာမလိုပါဘူး အရမ်းကြိုက်လို့ အားပေးချင်သပ ဆိုလည်း သဘောတော်ရှိပါ..ကိုယ်က Vote ပေးလိုက်လို့ Post ပိုင်ရှင် ဆုငွေရသွားသလို ကိုယ်လည်းပဲ အကျိုးခံစာခွင့်ပြန်ရတဲ့သဘောပဲ..
နောက်တစ်ခု Vote တိုင်း Comment ပေးတိုင်းပိုက်ဆံမရပါဘူးး ဘာလို့လဲဆို မိမိ Power ပေါ်မူတည်နေလို့ပဲဖြစ်ပါတယ်..
ဆိုလိုတာက လက်ရှိအချိန်တွင် Newbie များအနေဖြင့် Power ရှိကြဦးမှာမဟုတ်ပါဘူး.. ထိုအခါ မိမိ Power မှာအရမ်းနည်းနေချိန်တွင် Vote သော်ငြားလည်း ကိုယ့်ရဲ့ Voting Power သာကျသွားမယ် Post ပိုင်ရှင်အတွက် ဆုငွေထူးရမှာ မဟုတ်သလို မိမိလည်း အရမ်းနည်းတဲ့ပမာဏသာ ပြန်လည်ရရှိမှာဖြစ်တယ်.. ဒီ့ထက်မကနည်းနေရင်တော့ ဘာမှကိုရမှာမဟုတ်ပါဘူး.. ထို့ကြောင့် မိမိကို သတိထားမိစေရန်သာ myanmar tag အောက်တွင် လိုက် Vote ထားပါ.. နောက်ပြီး Follow လုပ်ထားပါ.. အပြန်အလှန် Follow လုပ်ရင် Post တင်ချိန်ကျ အပြန်အလှန်မြင်ရမယ်..
Newbie များ ရွာလည်မနေစေရန် Steem Power, Voting Power, Voting Weight အကြောင်းထပ်မံရှင်းပြပေးပါမယ်.
မိမိက အခြားသူPost များကို လိုက်လံ Vote ရင်သော်လည်းကောင်း ၊ အခြားသူများက မိမိ Post အား လာ Vote ရင်သော်လည်းကောင်း ရရှိမည့် ဆုကြေးငွေသည် အထက်ပါ Power ၂ခုပေါ်မူတည်နေပါသည်။ ထို့ကြောင့် Steem Power နှင့် Voting Power , Voting Weight အကြောင်းအရင်ရှင်းပြပေးပါမည်။
Steem Power
Newbie များအနေဖြင့် အကောင့်စဖွင့်ဖွင့်ချင်းမှာ Steem Power 0.5 ကိုအပိုင်ရရှိကာ (+27 Power) ကို Steemit မှ အလိုအလျောက်ငှားရမ်းပေးထားပြီးဖြစ်သည်။ မိမိတို့ wallet တွင် ကြည့်နိုင်ပါသည်။ ထို့ကြောင့် အကောင့်စဖွင့်လျှင်ဖွင့်ချင်း မိတ်ဆွေရရှိသော Power မှာ အပိုင်နှင့် အငှားပေါင်း 28 နီးပါးရရှိလိမ့်မည်. ထိုမျှလောက်သော Power ဖြင့် Post တစ်ခုအား Voting Power 100% ဖြင့် အပြည့်Vote လျှင် Post ပိုင်ရှင်မှာ မိတ်ဆွေ Vote အတွက် $0.01 ရရှိလိမ့်မည်။ ထို Power တိုးလာသည်နှင့်အမျှ မိတ်ဆွေ၏ Vote တစ်ချက်အတွက် ရရှိလာမည့် ငွေပမာဏသည်လည်း လိုက်တက်လာမည်။ Power တိုးရန်မှာ မိတ်ဆွေတို့ Post တင်သည့်အခါရရှိသည့် Author Reward ၏ ၅၀% မှလည်းရရှိနိုင်သလို .. အလျှင်အမြန်တိုးလိုလျှင် Post တင်သည့်အခါရရှိမည့် Author Reward အား 100% Steem Power မြင့်တင်ရန် Post တင်စဉ်တွင် Option ပေးခဲ့နိုင်သည်ကို သိပြီးသားဖြစ်သည်။ သည့်ထက် မြန်မြန်တိုးချင်ရင် မိတ်ဆွေတွင်ရှိသော Steem Dollar (SBD) မှ တစ်ဆင့် Steem Power သို့ ပြောင်းလဲနိုင်ပါသည်။ ထို့သို့ပြောင်းလဲခြင်းကို Powering Up လုပ်သည်ဟုခေါ်သည်။ အဲ့ထက်များချင်တယ်ဆိုရင်လည်း ပြင်ပ Exchange ဆိုက်များမှတဆင့် Steem Power , Steem Dollar များကို ၀ယ်ယူကာ Power မြင့်တင်နိုင်ပါသည်။ ထိုPower ပေါ်မူတည်၍ မိမိVote ပေးလိုသော Post ပိုင်ရှင်ရရှိမည့် ဆုငွေတိုးလာမည်ဖြစ်သည်။ ထို့အတူ မိမိ Comment Reply လုပ်သော Post များအတွက် မိမိရရှိမည့် Curation Reward လည်း တိုးလာမှာဖြစ်ပါတယ်...
Voting Power and Voting Weight
Post တစ်ခုအား Voting ပေးသည့်အချိန်တွင် မိတ်ဆွေတွင်ရှိသော Steem Power ပေါ်မူတည်၍ Post ပိုင်ရှင် ဆုငွေမည်မျှရရှိရန် ချိန်ဆပေးနိုင်ပါသည်။ ဥပမာ - Steem Power 2,000,000 ရှိသော User အတွက် Voting Weight 100% ဖြင့် Vote ပေးမည်ဆိုပါက ယခုပေါက်ဈေးဖြင့် Post ပိုင်ရှင်ရရှိနိုင်မည့် ပမာဏသည် $1000 ဖြစ်လိမ့်မည်။ သို့သော် ထိုသူက $100 ဖိုးသာ Vote ချင်လျှင် Voting Weight အား 10%ထားကာ Vote နိုင်သည်။ ထို့အတူ $10 ဖိုးသာ Vote ချင်လျှင် Voting Weight အား 1% ထားကာ Vote နိုင်သည်။ Voting Power သည် Steem Power လို တန်ဖိုးမရှိ ရောင်းစားနိုင်ခြင်းမရှိပါ.. မိမိ Vote ပေးသော Voting Power သည် Vote ပေးခဲ့သော Voting Weight ရာခိုင်နှုန်းအပေါ်လိုက်၍ လေျာ့သွားမည်ဖြစ်သည်။ လျော့သွားသော Voting Power သည် ဖုန်းများအားသွင်းသလိုပင် အချိန်တန်လျှင် ပြန်လည် ပြည့်လာမည်ဖြစ်သည်။ Voting Weight 100% တိုင်းအတွက် Voting Power 2% စီလျော့မည်ဖြစ်သည်။ ထို 2% အားပြန်လည်ဖြည့်တင်းရန် အချိန် ၂နာရီကြာပါသည်။ ထို့ကြောင့် မိမိသည် Voting Weight 100% ဖြင့် Post ၁၀ခု အား Vote ပေးလိုက်ပါက Voting Power 20% လျော့ကျသွားလိမ့်မည် မိတ်ဆွေတွင် Voting Power 80% သာကျန်တော့မည်။ ထိုလျော့သွားသော 20% အား ပြန်ပြည့်ရန် နာရီ ၂၀ စောင့်ရမည်.. တစ်ရက်တွင် ၂၄နာရီရှိသောကြောင့် Voting Weight 100% ဖြင့် အပြည့် Vote မည်ဆိုလျှင် တစ်ရက် 10 Posts လောက်သာ အသင့်တော်ဆုံးဖြစ်ပေမည်။ Voting Power လျော့ကျလာသည်နှင့်အမျှ Voting Weight 100% သုံး၍ Vote သော်လည်း Voting Power အပြည့်တုန်းကရခဲ့သလောက် အမောင့် ရရှိတော့မည် မဟုတ်ဘဲ လျော့လာမည်။
Newbie များအနေဖြင့် အစကတည်းကမှ ကိုယ်မှာ ရှိတဲ့ Steem Power နဲ့ Voting Power အပြည့် Voting Weight 100% ဖြင့်ပေးလျှင်တောင် Post ပိုင်ရှင်ရရှိမည့် ဆုငွေက $0.01 ဆိုတော့ Voting Power ကျလာတာနဲ့အမျှ Post ပိုင်ရှင်လည်း ဘာမှရတော့မှာမဟုတ်ပါဘူး.. မိမိ Voting Power သာ ကုန်ဆုံးပြီး ကိုယ်လည်း အကျိုးမရှိ သူလည်းအကျိုးမရှိ ဖြစ်မှာပါ ရမှာကမှ $0.01 ပါဆို Post တွေ အများကြီး Vote ချင်လို့ Voting Weight လျော့ Vote လည်း ဘာမှရမှမဟုတ်တော့ဘူး .. ထို့ကြောင့် ယခု Steem Power နည်းနေချိန်တွင် တွေ့သမျှ မြင်သမျှ Post တိုင်းအား လိုက်လံ Vote ဖို့ မသင့်ပါ.. Steem Power များလာသည့်အချိန်တွင်တော့ Vote ချင်သလိုVote ပေါ့...နောက်တစ်ခုသတိထားစရာရှိသေးတယ် Post တိုင်းဟာ တင်ပြီး ၇ရက်တိတိပြည့်သည့်အချိန်တွင် Payout လုပ်သောကြောင့် ၇ရက်ကျော်လွန်သွားသော Post များအား Vote ခြင်းသည် Author လည်း အကျိုးမရှိသလို Curator လည်းအကျိုးမရှိတော့ပါ ထို့ကြောင့် မိမိ Voting Power ကုန်ဆုံးခြင်းသာ အဖတ်တင်ပေလိမ့်မည်..ထို့ကြောင့် Vote ပေးမည့် Post
များကို တင်သည့် ရက်စွဲကြည့်ပြီးမှ ပေးကြပါ..
မိမိ Comment ပေး Reply ပြန် Resteem လုပ်ထားတဲ့ Post တွေ Payout လုပ်တဲ့နေ့ကျ မိမိပါ Curation Reward ကို တစ်ခါတည်းရမှာဖြစ်ပါတယ်.. Curation Reward ကိုတော့ ငွေယူနည်းအကြောင်းမှာပြခဲ့သလိုပဲ အဲ့နေရာမှာပဲ Claim ဖို့ ခလုပ်ပေါ်လာမှာပါ..ဘယ် Post အတွက်ရခဲ့လဲ သိချင်ရင်တော့ မိမိ Profiles အတွင်းက Rewards ဆိုတဲ့ Button ကနေတဆင့် Rewards History များကို သွားရောက် ကြည့်ရှုနိုင်ပါတယ်...
ဒီPost တော့ ဒီလောက်ပဲ နောက် Post တွေကျမှ Voting Power ချိန်၍ Vote နည်းများကို ပြောပြပေးပါမယ်
အားပေးမှုကို ကျေးဇူးတင်ပါတယ်..
Author : Arkar Phyo
@arkarphyo
4.1.2018 (Independence Day of Myanmar)
MSC-214
good your sharing
ဟုတ်ပါပြီ
This post has received gratitude of 0.57 % from @appreciator thanks to: @arkarphyo.
Thanks
This post has received a 0.41 % upvote from @booster thanks to: @arkarphyo.
Thanks
You got a 0.65% upvote from @upme requested by: @arkarphyo.
Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness
Thanks
This post has received a 19.31% upvote from @lovejuice thanks to @arkarphyo. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.
Thanks
This post has received a 0.82 % upvote from @boomerang thanks to: @arkarphyo
Thanks
Thank you @arkarphyo for promoting this post together with https://steemit.com/budget/@jerrybanfield/introducing-steem-budget-proposals
Thanks