လတပေါင်း (Tabaung)

in #myanmar8 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


02.png

Image from google


မြန်မာ့ဆယ့်နှစ်ရာသီလများထဲမှ နောက်ဆုံးလသည် တပေါင်းလ ဖြစ်ပေသည်။ လတပေါင်းသို့ရောက်ရှိလာခဲ့ပြီဖြစ်ရာ ဆောင်း၏ အအေးဓာတ်တို့သည် တဖြည်းဖြည်းချင်းဆုတ်ခွာနေကြကုန်ပြီဖြစ်ပေသည်။ ပူပြင်းလှသော နွေရာသီအချိန်အခါသို့ ရောက်ရှိတော့မည်ဖြစ်ပေသည်။ သို့သော်လည်း ညအချိန်အခါတွင်မူ အေးမြနေဆဲပင်ဖြစ်ပါသည်။ ဆောင်းဥတု၏ သဘာဝကုန်ဆုံးသောအချိန်မဟုတ်သေးသောကြောင့် အအေးဓာတ်တို့သည် ကျန်နေဆဲ။ အေးမြနေဆဲပင်ဖြစ်ပါသည်။ နေ့ခင်းဘက်အချိန်များတွင် နွေဥတု၏ အရှိန်ကိုပြသနေပြီး ညအချိန်တွင်မူ ဆောင်းဥတု၏ သဘာဝကျန်နေဆဲကာလဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် နေ့တွင်ပူပြင်းပြီး ညအချိန်တွင်အေးနေသေးသောကာလသည် လတပေါင်းပင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ရှေးလူကြီးများမှ “နေ့ပူညချမ်း တပေါင်းလဆန်း” ဟု လည်းကောင်း နေ့ပူလို့ ညချမ်း ၊ တပေါင်းလ လသရမ်း ဟု လည်းကောင်း အမှတ်အသား ပေးခဲ့ကြခြင်းဖြစ်မည်ထင်ပါသည်။ တချို့သော စာဆိုရှင်များကမူ ရာသီဥတုများထဲတွင် တပေါင်းလသည် ဘုရင်တစ်ဆူဖြစ်သည်ဟုလည်း ဆိုကြပါသေးသည်။


03.png

Image from google


တပေါင်းလကိုမူ ကဗျာစာဆိုရှင်တို့သည် သာယာကြပေသည်ဟု ဖွဲ့ဆိုတတ်ကြသည်ကို ကဗျာများတွင် တွေ့ရှိမိပါသည်။ တပေါင်းလသည် သဲပုံစေတီပွဲကျင်းပသည်လဖြစ်ပေသည်။ သဲပုံစေတီပွဲကိုမူ ယနေ့အချိန်တိုင်အောင် တစ်ခုမျှ မတွေ့ကြုံဖူးသေးပါချေ။ တပေါင်းလတွင် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီများ ဘုရားပွဲကျင်းပတတ်ကြပါသေးသည်။ နွေမိန်တပေါင်း ဟုလည်းကောင်း ခါနွေတပေါင်း ဟုလည်းကောင်း သီချင်းစပ်ဆိုကြသေးပေသည်။ တပေါင်းလနှင့်ပတ်သက်သော လူသိများသည့် စကားအချို့လည်း ရှိနေပေသည်။ ဆယ့်နှစ်ရာသီလများတွင် တပေါင်းလသည် သာယာဆုံးဖြစ်သည်ဟု စပ်ဆိုကြသည့် စာဆိုအများအပြားပင် ရှိနေပါသည်။ လေရူးလေးများ တောင်မှတိုက် မြောက်မှတိုက်ဖြင့် ဖုန်များ စတင်ထကြွလာသော ရာသီတစ်ခုပင်ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော့်အနေနှင့်မူ နွေနေပူပြင်းပြင်းကိုကြောက်နေမိပေသည်။ ရှေးယခင်နှစ်များက နွေရာသီကို မကြောက်မိသော်လည်း ယခုနောက်ပိုင်းနှစ်များ၏ နွေရာသီအပူချိန်နှင့် ခရမ်းလွန်ရောင်ခြည်တို့ကြောင့် ကြောက်မိပေသည်။ ပူပြင်းလာခြင်းသည်လည်း အလွန်အန္တရာယ်များသော ရာသီတစ်ခုဖြစ်သည်မဟုတ်ပါလား။ ထိုပူပြင်းသော နွေရာသီတွင် ညအိပ်ချိန်တွင်ပင် ကောင်းမွန်စွာ အိပ်စက်ကြရသည်မဟုတ်ပါ။ မီးလောင်မှာကလည်း ကြောက်ကြရသေးသည်။


Untitled-1 copy.png

Image from google


ယခုခုချိန်ကစ ဦးထွန်းရွှေရဲ့ နိုင်ငံကျော် သီချင်းကို နှစ်စဉ်ကြားမြဲအတိုင်း ကြားနေရပါသည်။ “မီးဘေးရှောင်လို့ မလောင်ခင်တားကြပါ” "လူခိုးရင် အစုတ်ကျန်မှာ မီးလောင်ရင်တော့ အပြုတ်နှံတော့လေတာ" ဆိုတဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ လွှမ်းမိုးနေခဲ့တဲ့ နိုင်ငံကျော်သီချင်းက မြို့တိုင်း မြို့တိုင်း ကြားနေရပါသည်။ မည်သို့ပင် သတိပေးနေသော်လည်း နှစ်တိုင်း နှစ်တိုင်းလည်း မီးကတော့ လောင်နေဆဲပင်ဖြစ်ပါသည်။ လောင်ကာမှ လောင်ကြလေရော့ပေါ့နော်။ သတိလေးတော့ပေးလိုက်ချင်ပါသေးသည်။ ရှေ့ရှောက် နွေရာသီကာလမှာ မီးသတိပြုကြပါဗျို့ လို့ ချစ်မိတ်ဆွေများအားလုံးကိုလည်း သတိပေးလိုက်ပါသည်။ ယခုအချိန် လတပေါင်းသည် လက်ပံပွင့်များ ကြွေကုန်ကြပြီဖြစ်ပါသည်။ လက်ပံပွင့်များကြွေကျကုန်ကြသကဲ့သို့ စိန်ပန်းပွင့်များလည်း ဝေနေကြကုန်ပါပြီ။ တစ်ချို့ကကြွေနေကြသည်။ တစ်ချို့က အားသစ်လောင်းကာ ဝေနေကြသည်။ သဘာဝ၏ လှပသော ပန်းချီကားတစ်ချပ်ပင်ဖြစ်မည်ထင်ပါသည်။ ဆရာမောင်ထင်ရေးသားခဲ့သော တပေါင်းလ ကဗျာအား ဖော်ပြပေးလိုက်ပါသည်။


01.png


တပေါင်း မိန်ရာသီ အတွက် ရှေးက သတ်မှတ်ခဲ့သော ပန်းသည် သရဖီပန်းဖြစ်ပါသည်။ သို့သော်လည်း သရဖီပန်းကို ယခုအခါ မြင်တွေ့ရန်ခဲယဉ်းနေပြီဖြစ်သည်ထင်ပါသည်။ နေရာအများစုတွင် သရဖီပန်းကို မမြင်ရတော့ပါ။ နောက်နောင်တွင် တပေါင်းလအတွက်ပန်းသည် သရဖီပန်းဖြစ်နိုင်ပါဦးမည်လားတော့မသိနိုင်ပါချေ။ စာရေးရန် ယခုရက်ပိုင်းတွင် အာရုံစိုက်မရ ဖြစ်နေပါသော်လည်း တတ်နိုင်သမျှ ရေးသားလိုက်ခြင်းသာဖြစ်ပေသည်။ အမှားအယွင်းရှိက ခွင့်လွှတ်နားလည်ပေးကြပါ။


04.png

Image from google



Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

16-Feb-2018 သောကြာနေ့(Friday)

Sort:  

Good တယ်​အကို

ကျေးဇူးပါဗျာ

အရမ်းကောင်းပါတယ် bro အားပေးနေပါတယ်

ကျေးဇူးပါ

အမှားပါတယ် ခွင့်လွှတ်ဘူး
သရဖီပန်းလည်းတွေ့ဘူး
မကြုံဖူးဘူးဆိုတဲ့ သဲပုံစေတီပဲတွေ့တယ်
ခရမ်းလွန်ရောင်ခြည်ကြောင့်
သရဖီပန်းလေးတွေ
နွေရာသီရဲ့ လတပေါင်းမှာ
လေရူးနဲ့အတူ ကြွေဖူးခဲ့ပြီလား။

မိန်ရာသီလတပေါင်းမှာ
ချိန်ခါညီပွင့်လာအကြောင်းနဲ့
ဖူးပွင့်ခဲ့သရဖီ
ခေတ်ဆက်မညီ အချိန်လင့်ခဲ့ပေါ့
သူဖူးပွင့်ဖို့မေ့ခဲ့ပြီ

မမေ့တက်သည်လူသားတို့
မီးလန့်မည် အလွန်စိုးတာကြောင့်
သည်ရာသီလတပေါင်းမှာ
ကင်းတဲနှင့် လူညီညီစောင့်ပါမှ
ကင်းရှင်းမည် မီးအန္တရာယ်နှင့် ဘေးရန်အသွယ်သွယ်။

#myanmar

နီဆက်ရေးလိုက်တော့လေ အစဖော်ထားပီးဘီ

ဟီး ရေးတက်ဘူး
ကိုစိုးရေးတာတေ အားကျလို့ ကဗျာစပ်လိုက်တာ😂😁😁

အခုမှပြည့်ပြည့်စုံစုံသိရတာပေါ့

အတော်လေ့လာထားတယ်ပေါ့

တပေါင်းလလေးရောက်လာရင် ဘာကိုလွမ်းသလိုလိုနဲ့ကွယ်

ဘာမှမရှိတာကို လွမ်းတာနေမှာပေါ့

လတ‌ပေါင်းမှာ ဥ သြ သံ ‌လေးနဲ့ လွမ်း‌မော ဖွယ်‌ရသ ကို ‌ရေး ချင်‌စရာ ပါ ဆရာ။ ဆရာ့ စာ‌တွေ ‌စောင့်‌ ဖတ်‌‌နေပါတယ်‌။

ရေးချပါလေ မအားလပ်တော့အချိန်ပေးမရေးနိုင်ဘူး စိတ်ထဲပေါ်ရာရေးချလိုက်ရတာ

ဘယ်ကြားကနှိုက်နှိုက်ထုတ်နေတာလဲ စာတွေက။

စာသိုက်တွေက အိမ်ရှ့သစ်ပင်ပေါ်တင်မကဘူး အိမ်ထဲထိပါရှိတယ်ဟ ပေါမှပေါဗျာ

နွေ​ရောက်​ပြန်​ပြီ​လေ ​ရော်​ရွက်​တို့​ကြွေ ....
မီးသတိပြုကြပါဗျို့ 😀😀

အရေးကြီးဆုံးပဲဗျို့

You got a 7.52% upvote from @foxyd courtesy of @ansoe!

Delegate Steem Power to this Bot and get 90% of the earnings. More Informations here.

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 64030.48
ETH 1733.98
USDT 1.00
SBD 0.44