သင်​ယခု ဘာ​တွေလုပ်​​နေလဲ အပိုင်းအစ ၁steemCreated with Sketch.

in #myanmar7 years ago (edited)

ကျွန်​​တော်​တစ်​​ယောက်​ထဲ ဝရံတာမှာထိုင်​ရင်း မီးခိုး​ငွေ့လိုအ​တွေး ပွား​နေမိသည်​။ တစ်​​ယောက်​ထဲ ကျွန်​​တော်​နှင့်​ကျွန်​​တော်​ စကား​ပြော​နေခြင်းဆိုသည်​ကပို၍မှန်​လိမ့်​မည်​။ လူရွှင်​​တော်​ဇာဂနာတစ်​​ယောက်​ ​ထောင်​မှလွတ်​လွတ်​ချင်း ပြက်​လုံးတစ်​ခုကို ကျွန်​​တော်​ကြားရသည်​။ ပြက်​လုံးမှာ အိုင်းစတိုင်းနှင့်​ လူ​လေး​ယောက်​​တွေ့ဆုံခန်းဖြစ်​သည်​။ အိုင်းစတိုင်းနဲ့ ပထမဆုံး​တွေ့ဆုံသူက ကျွန်​​တော်​မှာ IQ 170 ရှိသည်​ဟု​ပြော၏။ ထိုအခါ အိုင်းစတိုင်းက ဒါဆို ခင်​ဗျားနဲ့ ကျွန်​​တော်​ကွမ်​တမ်​သီအိုရီအ​ကြောင်း ​ပြောကြရ​အောင်​ဟုဆို၏။ ဒုတိယတစ်​​ယောက်​က ကျွန်​​တော်​မှာ IQ 150 ရှိသည်​ဟု​ပြော၏။ ထိုအခါ အိုင်းစတိုင်းက ဒါဆို ခင်​ဗျားနဲ့ ကျွန်​​တော်​သချာင်္အ​ကြောင်း​ပြောရ​အောင်​ ဟုဆို၏။ ​နောက်​တတိယတစ်​​ယောက်​ကလဲ ကျွန်​​တော်​မှာ IQ 120 ရှိသည်​ဟု​ပြော၏။ အိုင်းစတိုင်းကလည်း ဒါဆို ခင်​ဗျားနဲ့ ကျွန်​​တော်​ရုပ်​ရှင်​ အ​ကြောင်း​ပြောရ​အောင်​ ဟုဆို၏။ ​နောက်​ဆုံးတစ်​​ယောက်​က​တော့ မျက်​နှာငယ်​​လေးနှင့်​ ကျွန်​​တော့်​မှာ IQ 50 ရှိတယ်​ဆို၏။ ထိုအခါ အိုင်းစတိုင်းက ဒါဆို လွတ်​​တော်​ထဲမှာ ခင်​ဗျားဘာ​တွေ​ပြောခဲ့လဲ ဟူ​သော​မေးခွန်းနဲ့အဆုံးသတ်​ထားပါတယ်​။ ပြက်​လုံးက​တော့ ဘုရားပွဲ​တွေမှာ ပြတ်​​နေကြတဲ့ မရယ်​မ​နေရ​အောက်​လုံး အ​ပေါစားပြက်​လုံးမျိုး မဟုတ်​ပါ။ စဉ်းစားစရာ​တွေ တစ်​​ထွေးကြီးဖြင့်​ ပြုံးရုံသာ ပြုံးရုံထားခဲ့​သောပြက်​လုံးဖြစ်​ပါသည်​။ ထိုအခါ ကျွန်​​တော့်​မှာလဲ ဇာဂနာပြက်​လုံးကို ပြုံးပြီးဆက်​​တွေးကြည့်​ပါသည်​။ လွတ်​​တော်​အမတ်​က IQ 50 ပဲရှိတယ်​ဆို့​တော့ ကျွန်​​တော်​တို့ပြည်​သူ​တွေက IQ 20ပဲရှိလို့​ပေါ့လို့။ ဒါကကျွန်​​တော်​ရဲ့ပြက်​လုံးသာ။ သို့​သော်​ရယ်​စရာမဟုတ်​ပါ။ ပြက်​လုံးဆိုတာဘာလဲ ကျွန်​​တော်​မသိပါ။ လူ​တွေကို ​ပျော်​ရရုံသက်​သက်​ တစ်​ဘဝလုံး လုပ်​​ပေး​နေရတာ ပြက်​လုံးလား။ လူသား​တွေရဲ့ ဥာဏ်​ရည်​မြင့်​မားလာ​စေရန်​ မှတ်​သားလွယ်​​စေတဲ့ ရယ်​စရာ​တွေနဲ့ တံတားထိုး​ခေါ်​ဆောင်​​ပေး​နေတဲ့ ဟာသရသလား။ ချာလီချက်​ပလင်​လား၊ Mr. Beanလား၊ ဓာတ်​ဆီ၊ ဓာတ်​ဆံ ဇာဂနာလား ကျွန်​​တော်​မသိပါဘူး။ ထို့​ကြောင့်​ ကျွန်​​တော်​ဆက်​​တွေး​နေပါသည်​။ ကျွန်​​တော့်​ကိုကျွန်​​တော်​ ​မေးခွန်းထုတ်​​နေပါသည်​။ ကျွန်​​တော်​နှင့်​ ကျွန်​​တော်​စကား​တွေ ဆက်​​ပြော​နေကြပါသည်​။

images(2)_1505031430516.jpg

IQ ဆိုတာဘာလဲ။ IQဆိုတာ ဥာဏ်​ရည်​ဥာဏ်​​သွေးလား။ နှလုံးရည်​လား။ စွန့်​ဦးတီထွင်​သူ​တွေ၊ လူသားအကျိုးပြုလုပ်​ငန်း​တွေကို ​ဆောင်​ရွင်​​နေသူ​တွေ၊ သူတို့​တွေဟာ IQ အမြင့်​ဆုံးလူသား​တွေလား။ IQ ​တွေရှိတယ်​။ IQ ​တွေ တိုင်းတာလို့ရတယ်​ဆိုတာကို ကျွန်​​တော်​ယုံပါတယ်​။ IQ ​တွေတစ်​​ယောက်​နဲ့ တစ်​​ယောက်​မတူဘူး ဆိုတာလည်း ယုံပါတယ်​။ ဥပမာ... လက်​​ဗွေရာ​တွေတစ်​​ယောက်​နဲ့ တစ်​​ယောက်​ မတူသလို​ပေါ့။ IQ နဲ့ပတ်​သက်​ပြီး ဆရာဝန်​​ကောင်​မ​လေးတစ်​​ယောက်​ကို ကျွန်​​တော်​​နောက်​ဖူးပါတယ်​။ ငါ့ကို IQ မြင့်​​အောင်​လုပ်​​ပေးစမ်းပါလို့။ ငါတို့​ဆေးပညာ​လောကမှာ မ​ပေါ်​​သေးဘူးလို့ ​ကောင်​မ​လေးကပြန်​​ပြောပါတယ်​။ ကျွန်​​တော်​လည်း ကျွန်​​တော်​ဘာသာကျွန်​​တော်​ IQ မြင့်​​အောင်​လုပ်​​တော့မယ်​လို့ ဆုံဖြတ်​လိုက်​ပါတယ်​။ IQ အ​ကြောင်း ကကြီးက​နေ အ အထိ​ဖော်​ပြထားတဲ့ စာအုက်​​တွေလိုက်​ရှာပါတယ်​။ မ​တွေ့ပါဘူး။ ကျွန်​​တော့ရှာတာညံ့လို့ဖြစ်​မှာပါ။ သို​သော်​ ကျွန်​​တော်​ရဲ့ IQ ကို ကျွန်​​တော်​​စောင့်​ကြည့်​​နေပါတယ်​။ ကျွန်​​တော်​ IQ ကိုပဲ ကျွန်​​တော်​ဖွင့်​ဖတ်​​နေရပါတယ်​။
images_1505031430000.jpg

IQ ဆိုတာလူတစ်​​ယောက်​ရဲ့ ကိုယ်​ရည်​ကိုယ်​​သွေးလို့ပဲ ကျွန်​​တော်​ထင်​ပါတယ်​။ လူတစ်​​ယောက်​ရဲ့ ဝတ်​ပုံ၊ စားပုံ၊ ​နေပုံ၊ ထိုင်​ပုံ၊ ​ပြောပုံ၊ ဆိုပုံ​တွေကို ကြည့်​ရုံနဲ့သူ့ရဲ့ ကိုယ်​ရည်​ကိုယ်​​သွေးကို နည်းနည်းခန့်​မှန်းလို့ရတယ်​လို့ ဆိုကြပါတယ်​။ တစ်​ချို့​တွေကလဲ​ငွေရှာ​ကောင်းတဲ့ ချမ်းသာကြွယ်​ဝတဲ့လူ​တွေကို IQ မြင့်​တဲ့လူ​တွေလို့​ပြောကြပါတယ်​။ ကမ္ဘာ​ကျော်​ လူ​ကောင်း​တွေ​ရော ကမ္ဘာ​ကျော်​လူဆိုး​တွေ​ရော သူတို့​တွေရဲ့ IQ ကို မစစ်​လိုက်​ရတာ ကျွန်​​တော်​တို့ရဲ့ နစ်​နာချက်​ပါ။ မိုးကုတ်​ဆရာ​တော်​ ဘုရားကြီးရဲ့ IQ ကိုကျွန်​​တော်​တို့ မစစ်​လိုက်​ရဘူးမဟုတ်​လား။ ထို့​ကြောင့်​ကျွန်​​တော်​ဖာသာ ကျွန်​​တော်​တစ်​​ယောက်​ထဲ IQ စစ်​စခန်းကိုဖွင့်​လှစ်​မိ​နေပါ​တော့တယ်​။ ကျွန်​​တော်​ဖာသာကျွန်​​တော်​ စစ်​မယ့်​ IQ စစ်​စခန်းရဲဥပ​ဒေသ ​ခေါင်းစဉ်​ကို​တော့ သင်​ယခုဘာ​တွေလုပ်​​နေသလဲ ဆိုတဲ့ ​ခေါင်းစဉ်​​ပေးလိုက်​ပါတယ်​။ သင်​ယခုဘာ​တွေလုပ်​​နေသလဲ ဆိုတဲ့​ခေါင်းစဉ်​​အောက်​မှာပဲ ကျွန်​​တော်​ရဲ့ IQ ရှာပုံ​တော်​ဖွင့်​ပါတယ်​။

ကျွန်​​တော်​စိတ်​ကူးထဲမှာပထမဆုံး​ စတင်​​တွေ့ဆုံဖို့​ပေါ်​ပေါက်​လာသူက​တော့ ကျွန်​​တော်​နဲ့ ဆိုး​ဖော်​ဆိုးဖက်​ ​ကျော်​ကြီးပါ။ ​ဟေ့​ကောင်​... ​ဇော်​ကြီး... မင်းအခုဘာ​တွေလုပ်​​နေသလဲလို့ ​မေး​တော့ ​ကျော်​ကြီးက ​အေး.. အခုငါ့အ​ဖေ​ပေးစားတဲ့ မိန်းမတစ်​​ယောက်​​ယူထားတယ်​။ အ​ဖေ​ပေးတဲ့ ခြံတစ်​ကွက်​ယူပြီး အ​ဖေဖွင့်​​ပေးတဲ့ စား​သောက်​ဆိုင်​ဖွင့်​ထားတယ်​။ အလုပ်​လုပ်​တယ်​ ညအရက်​​သောက်​ပြီး မိန်းမနဲ့အတူအိပ်​တယ်​။ ဒါပဲ့​ပေါ့ကွ တခြား​ကော ဘာ​တွေလုပိ​သေးလဲဆို့​တော့...ဟ... ဘာ​တွေလုပ်​ရမလဲကွ ​အော်​.. သိပြီ.. သိပြီ မင်းငါ့ကို​မေးချင်​တာက မူးယစ်​​ဆေးဝါး မှီဝဲ​သေးလားဆိုတဲ့ကိစ္စ။ အဲ့ဒါ​တော့ ငါမလုပ်​​တော့ဘူးဟု ​ပြော၏။ ထိုအခါ ကျွန်​​တော်​ကမဟုတ်​ဘူး​လေ... တခြားဘာညာကွိကွ ဘယ်​သူ့ကို ဘယ်​လို ဘယ်​သူငယ်​ချင်းကိုဘယ်​လို ကူညီ​နေတဲ့ကိစ္စ​တွေကို ​ပြောတာ။ ​အော်​... ​အေး... ကိုဖိုးခွားကြီးက​တော့ ငါ့ဆီတစ်​ပတ်​တစ်​ခါ​လောက်​ အရက်​ဖိုးလာ​တောင်းတာပဲ။ ငါလဲ​ပေးလိုက်​တာ​ပေါ့။ ပြီး​တော့ဆိုင်​က​ချာတိတ်​​တွေကို ညွှန်​ကြားဆုံးမ ​ပျော်​​အောင်​ထား ဒီ​လောက်​ပဲ​ပေါ့။ အဲ့တာဆို​ကျော်​ကြီး မင်းတစ်​ခြားဘာမှ မလုပ်​​တော့ဘူးလား။ လုပ်​မယ်​လို့ ရည်​ရွယ်​ထားတဲ့အလုပ်​​ကောမရှိဘူးလား... ဟ... ဒီ​လောက်​​ကောင်း​နေတဲ့ဘဝ ငါကဘာထပ်​လုပ်​ရဦးမှာလဲ.... ချမ်းသာ​အောင်​လုပ်​မယ်​... ငါ့မိသားစုနဲ့​နေမယ်​.... ပြီရင်​ဒီခြံကြီးထဲမှာ​သေမယ်​...ပြီးပြီ​ပေါ့...ဘာလဲ... မင်းကပညာ​လေးမ​တောက်​တ​ခေါက်​တတ်​တယ်​ဆိုပြီး ဘုန်းကြီးစာချမလို့လားကွ....။ မဟုတ်​ပါဘူးကွာ... ငါ့သူငယ်​ချင်းတစ်​​ယောက်​ အသက်​၃၀​ကျော်​​ ​ထောင်​ထွက်​တစ်​​ယောက်​ ဘယ်​​လောက်​ထိ ​ပြောင်းလဲသွားပြီလဲဆိုတာ သိချင်​လို့ပါ.. ​ကျော်ကြီး​ရေ...ငါသွာပြီး...။
နောက်​သူငယ်​ချင်းများအ​ကြောင်း ထပ်​လာပါဦးမယ်

အတာဦး
Photo credit ; google image

Sort:  

ထောက်ကွက်မရှိအောင် ကေင်းတယ်လို့ပြောချင်တာ၊ နားမလည်တာလေးတစ်ခု ပါလာလို့မေးပါရစေ(မ​ပေည်​​သေးဘူးလို့ ) ဒါဘာကိုပြောတာလဲ။ ဒါလေးလဲမသိဘူးဖြစ်နေလို့ပါ (မိန်းမတစ်​​ယေညက်​ယူထားတယ်​။)။
ကိုအတာရေ တစ်ခုတော့ပြောမယ် မိုးကုတ်ဆရာတော်ကြီးရဲ့စကားပါ၊ ကျွန်တော့ ဆရာရဲ့အိမ်ဘုရားကျောင်းဆောင်မှမာကပ်ထားတာ၊ ကျွန်တော့ဆရာက ဦးစိုးဝင်း တဲ့၊ ကပ်ထားတဲ့စာက "စိုးဝင်း မင်းတစ်ယောက်ထဲ တည့်အောင်နေ"

ဟုတ်​ဆရာ အမှားပြင်​​ပေးတာ​ကျေးဇူးတင်​ပါတယ်

ဇော်ကြီး ကျော်ကြီးနဲ့. ကိုအတာ သူငယ်ချင်းသုံးယောက် 😄😄😄

ကောင်းပါတယ်ဆရာအတာဦးခင်ဗျာ များများတွေးပေး ပါ များများရေးပေးပါ

ခါလီချင်ပလင် တော့မကြားဘူးပါ ချာလီချက်ပလင် နဲ့ ညီအစ်ကိုလားဆရာအတာ အတွေ့အကြုံလေးတွေသိရတော့ ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ ဆက်ပါဦးခင်ဗျာ အားပေးနေပါတယ်ဗျာ

ပြင်​လိုက်​မယ်​ဘဒို 😁😁😁😁

good post ပါ ကိုအတာရေ!

ကျေးဇူးပါအကို

နာဘာ့လုပ်ဘာပု

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 58431.12
ETH 3142.83
USDT 1.00
SBD 2.43