မနက်​ဖြန်​ဆိုရင်​ ကျွန်​​တော်​​သေမယ်​။

in #myanmar7 years ago (edited)

ပြတင်း​ပေါက်​ကတိုးထွက်​လာတဲ့ မီးခိုး​ငွေ့​လေးလိုပဲ တိမ်​​တွေဆီ​ပြေးထွက်​သွားလိုက်​ရမလား။ ဒါမမဟုတ်​ စံပယ်​ပန်းရနံ့​လေးလိုပဲ ​လေနဲ့အတူ လိုက်​ပါ​ပျောက်​ကွယ်​လိုက်​ရမလား။ ချစ်​ခင်​နှစ်​သက်​​သောသူများနှင့်​ ​ကွေကွင်းရခြင်းဒုက္ခဆိုတဲ့ တိမ်​တစ်​အုပ်​ဟာ အိမ်​​ရှေ့တံခါးမှာ​စောင့်​လို့ အိမ်​​ရှေ့တံခါးဟာ သူ့ခရီးရဲ့အစပဲ။ ငှက်​က​လေး​တွေလို လူမသိ သူမသိ​သေလိုက်​ရမယ့်​ ခရီးရဲ့အစ။ ခရီးရဲ့အစုံး။

အော်​မကြား​ခေါ်မကြား အခန်းကျဉ်း​ထဲမျက်​နှာကြက်​နဲ့ ကြမ်းပြင်​ကြား ပင့်​ကူမျှင်​​တွေ တစ်​လှုပ်​လှုပ်​။ အူ​နေတဲံနားထဲ​ ​ကြေးစည်​သံ​တွေ တုန်​ခါလို့ လက်​ထဲမှာဆုပ်​ကိုင်​ထားတဲ့ အတိတ်​ဆိုတဲ့အရာကို တ​ဖြည်းဖြည်း ​လျှောချလိုက်​​တော့...။ လူငယ်​ဘဝရဲ့ ရက်​စွဲများနဲ့အတူ မိုက်​မဲမှုများ။ ချစ်​ခဲ့တဲ့ချစ်​သူများနဲ့ မုန်းခဲ့တဲ့မုန်းသူများရဲ့ ရယ်​သံများ၊ ကြယ်​​ရောင်​ဆာတဲ့သီချင်း၊ ဂျင်း​ဘောင်းဘီအပြဲတစ်​ထည်​လို ဒဏ်​ရာဒဏ်​ချက်​များ၊ မူးယစ်​ရီ​ဝေညများ၊ နီယွန်​မီးလို​ဒေါသ၊ ပန်းခြံထဲကရမ္မက်​၊ အသစ်​ရှာ​ဖွေ​တွေ့ရှိချက်​များ၊ မူးယစ်​​ဆေးဝါး၊ အသက်​များ၊ ရယ်​သံများ၊ ငိုသံများနဲ့ အ​မှောင်​ထဲတိုးဝင်​တဲ့ရထား... တဖြည်းဖြည်း​မှေးမှိန်​လို့ ငါ့စိတ်​နဲ့​ဝေး​ဝေးသွားတဲ့ အရိပ်​များ... ​မေ​မေရဲ့ တည်​ငြိမ်​တဲ့ မျက်​နှာ​လေးသာ မတည်​ငြိမ်​တဲ့ ငါ့စိတ်​ မှန်​သားပြင်​​ပေါ် ထင်​ကျန်​​နေခဲ့တဲ့ည​နေ။

ငါချစ်​ခဲ့တယ်​။ ကမ္ဘာ​မြေကို ငါချစ်​ခဲ့တယ်​။ တုန်​ခါ​နေတဲ့ ငါ့ဘယ်​ဘက်​ရင်​အုံကို လက်​နဲ့ဖိလို့ ​မေတ္တာတရားကို ယုံခဲ့တယ်​။ အ​မှောင်​ထဲ ပွင့်​​နေတဲ့ပန်း​လေးတစ်​ပွင့်​ရဲ့ရနံ့ကို ကိုယ်​ချင်းစာတယ်​။ မိ​မွေးတိုင်းဖ​မွေးတိုင်း စိတ်​နဲ့အရာရာကို ချစ်​ခဲ့တယ်​။ သံသရာကိုချစ်​ခဲ့တယ်​။ နံနက်​ခင်းအရုဏ်​​အောက်​ ဆွမ်းခံကြွလာတဲ့ ရဟန်း​တော်​များနဲ့ ​ဂေါတမဗုဒ္ဓကိုချစ်​ခဲ့တယ်​။ ဒုက္ခကိုချစ်​ခဲ့တယ်​။ ​ဗေဒါပင်​​လေးကိုချစ်​ခဲ့တယ်​။ အမှန်​တရားကိုချစ်​ခဲ့တယ်​။ ပိ​တောက်​ပန်း​တွေနဲ့ အ​ဘွားကိုချစ်​ခဲ့တယ်​။ ငါ့ကိုယ်​ငါချစ်​ခဲ့တယ်​။ ရည်းစား​ဟောင်း​တွေကိုချစ်​ခဲ့တယ်​။ ဘယ်​လို​ပြောရမလဲ။ ဘယ်​လို​ပြောခဲ့ရမလဲ။ ငါချစ်​ခဲ့တယ်​ဆိုတဲ့အ​ကြောင်း။ ငါချစ်​တဲ့ ကမ္ဘာကြီးနဲ့ ငါချစ်​တဲ့ ချစ်​သူ​တွေသိ​အောင်​ ဘယ်​လို​ပြောပြခဲ့ရမလဲ။

တစ်​စတစ်​စ နာရီဆိုးများ​အောက်​တိုးဝင်​​နေတဲ့ ဝိဥာဉ်​။ ခန္ဓာကိုယ်​ထဲ ဘာသာစကား​တွေ​ပျောက်​ဆုံးလို့ ဆက်​သွယ်​မှုဧရိယာပြင်​ပ​ရောက်​​နေတဲ့ လူတစ်​​ယောက်​ရဲ့ ရင်​ထဲကစကား နတ်​ဘုရား​တွေကြားနိုင်​ပါ​စေ။ ဒုက္ခနဲ့တစ်​ခါ​တွေ့တိုင်း မိန်းမတစ်​​ယောက်​ရဲ့ ရင်​ခွင်​ထဲတိုးဝင်​မိတဲ့​နေစွဲများ။ မနက်​ဖြန်​ဆို ကျွန်​​တော်​​သေမယ်​။

ဘဝမှာ မလုပ်​ဖူးတာဆိုလို့ မနက်​ဖြန်​​သေမယ့်​ အလုပ်​ပဲရှိမယ်​ထင်​တယ်​။ ဟုတ်​တယ်​။ မနက်​ဖြန်​ဆို ကျွန်​​တော်​​သေမယ်​။ မနက်​ဖြန်​မှာ ကျွန်​​တော်​​သေသွားခဲ့ရင်​ မည်​သူမဆို လွတ်​လပ်​စွာ ငိုပိုင်​ခွင့်​ရှိသလို၊ မည်​သူမဆို လွတ်လပ်စွာ ​​ရယ်​​မောခွင့်​ရှိရဲ့။ မည်​သူမဆို လတ်​လပ်​စွာ ချီးမွမ်းခွင့်​ရှိသလို မည်​သူမဆို လွတ်​လပ်​စွာ ဆဲ​ရေစခွင့်​ရှိရဲ့။ တစ်​ခုပဲ။ ကျွန်​​တော်​ရဲ့ဈာပနကို စိတ်​ပါမှသာ လာခဲ့ကြဖို့တစ်​ခုပဲ။ တစ်​​ယောက်​ဖြစ်​​စေ နှစ်​​ယောက်​ဖြစ်​​စေ စိတ်​ပါမှသာ လာခဲ့ကြပါ။ အစဉ်​အလာ​ဘောင်​​တွေကို ရိုက်​ချိုးပစ်​ပါ။ ဝတ္တရားတစ်​ခုအ​နေနဲ့ မလာခဲ့ပါနဲ့။ ခင်​ဗျားတို့အလုပ်​ပျက်​ရုံပဲ။ မနက်​ဖြန်​ဆို ကျွန်​​တော်​​သေမယ်​။

ဘာမှပြင်​ဆင်​မထားဘူး။ ဘာမှမှီခိုမထားဘူး။ ဘာမှသယ်​ယူမထားဘူး။ လွတ်​လွတ်​လပ်​လပ်​ပဲ ကျွန်​​တော်​အသက်​ရှူ ​နေတယ်​။ လွတ်​လွတ်​လပ်​လပ်​ပဲ ကျွန်​​တော်​​တွေး​နေတယ်​။ ဟိုးအ​ဝေး... ​တောင်​​တော်​​ပေါ်က မီး​ရောင်​သဲ့သဲ့ကို လှမ်းမြင်​​နေရတယ်​။ ဧရာဝတီမြစ်​ကြီးရဲ့စီးသံ။ အများအကျိုးအတွက်​ အသက်​စွန့်​သွားကြတဲ့ သူရဲ​ကောင်း​တွေရဲ့အရိပ်​​တွေ၊ အသံ​တွေကိုမြင်​​နေရ ကြား​နေရတယ်​။ ကျွန်​​တော်​က​တော့ အများအကျိုးအတွက်​မဆိုထားနဲ့ ကိုယ့်​မိသားစု အကျိုးအတွက်​​တောင်​ ဘာမှမလုပ်​​ပေးနိုင်​တဲ့ လူတစ်​​ယောက်​။ ဗာလာနံ ​ပေ​ပေ​တေ​တေစီးဆင်းခဲ့တဲ့မြစ်​တစ်​စင်း၊ ကမ္ဘာကြီးကိုပူ​နွေး​စေမဲ့ ကြွပ်​ကြွပ်​အိတ်​တစ်​လုံး။ ပတ်​ဝန်းကျင်​ကို နားငြီး​စေမယ့်​ ဟဲဗီး​ရော့ခ်​တစ်​ပုဒ်​။ လူ့ကျင့်​ဝတ်​​တွေကို မလိုက်​နာနိုင်​ခဲ့တဲ့ စည်းအပြင်​ကလူ။ ကိုယ်​မှန်​တယ်​ထင်​ရာ ​ပြေးစိုက်​ပစ်​လိုက်​ဖို့ ဝန်​မ​လေးတဲ့ ဓား​မြှောင်​တစ်​​ချောင်း။ အမှန်​တရားအတွက်​ ဘယ်​​တော့မှ​သွေးမ​ကြောင်​သူ။ ​ငွေသံ​ကြေးသံ​တွေကို ရွံမုန်းသူ။ ယုံကြည်​ချက်​မရှိ၊ ခံယူချက်​မရှိတဲ့ သာ​ပေါင်းညာ​စား​တွေကို မီးပုံရှို့ချင်​သူ။ ကျွန်​​တော်​ရဲ့ လုအဖြစ်​အ​ပေါ်မှာ​တော့ ကျွန်​​တော်​ဟာရိုးသားခဲ့တယ်​။ ကျွန်​​တော်​ရဲ့လူမျိုး ကျွန်​​တော်​ရဲ့ တိုင်းပြည်​အ​ပေါ် ရိုးသားခဲ့တယ်​။ ကျွန်​​တော်​လုပ်​နိုင်​ခဲ့တာဒါပဲ။ ကျွန်​​တော်​ပိုင်​ဆိုင်​သမျှဟာဒါပဲ။ ကမ္ဘာကြီးကို ​ပေးနိုင်​ခဲ့တာဆိုလို့ ကဗျာတစ်​ပုဒ်​လို ရိုးသားမှုတစ်​ခုတည်း။ ​သွေးရိုးသားရိုးအမှား​တွေပဲ။

မနက်​ဖြန်​ဆိုရင်​ ကျွန်​​တော်​​သေမယ်​။ ​လေနှင်​ရာလွင့်​ခဲ့တဲ့ တိမ်​တစ်​အုပ်​လို မိုး​ကောင်းကင်​ကြီးရဲ့ ​ခြေ​တော်​ရင်းအ​ရောက်​ အသက်​ထက်​ကြိုးမျှင်​က​လေးလွင့်​ပျံ့။ စကားဝါပင်​​လေးရဲ့ထံ​တော်​ပါး။ နှင်းတစ်​စလို ​မြေခဖို့ သံ​ဝေဂသံတလွင်​လွင်​နဲ့လာခဲ့ပြီ။ လွမ်း​စေတီနံ​ဘေး သစ်​ရွက်​​တွေကို ရှပ်​ထိုး​ပြေး​နေသလို ကန်​​ရေပြင်​ရဲ့အလင်းနဲ့ လာခဲ့ပြီ။ မီးခိုလိုမ​သေခြာမှုနဲ့ ဒီဘဝကို ခဝါချဖို့ ​လှေက​လေးတစ်​စင်း ပိန်းပိတ်​အ​မှောင်​ထဲ တကျီကျီ​လှော်​ခတ်​လို့ ​မ​သေခြာမှုတစ်​ခုဆီ ​သေချာဖို့လာခဲ့ပြီ။ တိမ်​လိုလို ​လေလိုလို မီးတစ်​စလိုလို ကဗျာဆရာလာခဲ့ပြီ။ ခရီးကိုအဆုံးသတ်​ဖို့ ခရီးတစ်​ခုဟာလာခဲ့ပြီ။

ဆွတ်​ပျံ့ဖွယ်​အလွမ်းအ​မောများနဲ့ မနက်​ဖြန်​ဆိုရင်​ ကျွန်​​တော်​​သေမယ်​။ နား​ထောင်​ပါ မနက်​ဖြန်​ဆိုရင်​ ကျွန်​​တော်​​သေမယ်​။ မနက်​ဖြန်​ ကျွန်​​တော်​​သေတဲ့အခါ ကျွန်​​တော်​ပိုင်​ဆိုင်​သမျှ ဖျက်​ဆီးလို့ရတဲ့ အရာမှန်​သမျှ ကျွန်​​တော်​နဲ့တစ်​ပါတည်း ​ဖျောက်​ဖျက်​မီးရှို့ လို့ ကျွန်​​တော်​ပိုင်​ဆိုင်​သမျှ ဖျက်​ဆီးလို့မရတဲ့ အရာများကိုလည်း သူ့အတိုင်းထားလို့ ကျွန်​​တော်​ခန္ဓာကိုယ်​ရဲ့န​ဘေး သီချင်းတစ်​ပုဒ်​လွင့်​ပျံ့​နေပါ​စေ။ ချစ်​ခြင်း​မေတ္တာတရား​တွေ သင်းပျံ့​နေပါ​စေ။ ငိုသံများကို ကျွန်​​တော်​ဝိဥာဉ်​နဲ့​ဝေးရာသို့ဖယ်​ရှားလို့ ကဗျာတစ်​ပုဒ်​လိုပဲ ကျွန်​​တော်​ကိုအဆုံးသတ်​လိုက်​ပါ။

နှုတ်​ဆက်​ခဲ့ရဲ့။ ကျွန်​​တော်​အ​ပေါ်​တာဝန်​​ကျေပွန်​ခဲ့​သော၊ ကျွန်​​တော်​က တာဝန်​မ​ကျေခဲ့​သော ​နွေ၊ မိုး၊ ​ဆောင်းဥတုသုံးလီနဲ့ ကမ္ဘာ​မြေကြီးကိုနှုတ်​ဆက်​ခဲ့ရဲ့။ ​မေတ္တာတရားအ​ကြောင်း သင်​ပြ​ပေးခဲ့တဲ့ အ​မေ့ကိုလည်း နှုတ်​ဆက်​ခဲ့ရဲ့။ ဘာသာစကား​တွေမသုံးပဲ တို့နှစ်​​ယောက်​သိပ်​ချစ်​ခဲ့ကြတဲ့ ချစ်​သူ​လေးရဲ့ ကိုယ်​သင်းရနံ့​မွှေးညှင်းနု​လေးများကိုလည်း နှုတ်​ဆက်​ခဲ့ရဲ့။ စိတ်​တူကိုယ်​တူ သူငယ်​ချင်းများနဲ့ ​နေညိုချိန်​ ဘားက​လေးကိုလည်း နှုတ်​ဆက်​ခဲ့ရဲ့။ ပြန်​မလာ​တော့ဘူး။ စစ်​ပွဲများနဲ့ ယမ်း​ငွေ့တ​ဝေ​ဝေ ​မြေကမ္ဘာဆီ ပြန်​မလည​တော့ဘူး။ ​မေတ္တာတရားကို မ​လေးစားသူ​တွေကြားထဲ ကျွန်​​တော်​ပြန်​မလာ​တော့ဘူး။ အပြီးအပိုင်​ထွက်​ခွာသွား​တော့မယ်​။ ကျွန်​​တော်​သွား​တော့မယ်​။ ​နေခင်း​ကြောင်​​တောင်​ကြီး ဗြုန်းကနဲ့ရွာချလိုက်​တဲ့မိုးလို ကျွန်​​တော်​သွား​တော့မယ်​။ ​လေထဲကဖ​ယောင်းတိုင်​လို့ ​ကောင်းကင်​တံခါးကို ​ခေါက်​ဖို့ကျွန်​​တော်​ သွား​တော့မယ်​။

ရုပ်​ရှင်​အ​နှေးပြကွက်​တစ်​ခုလို ​နောင်​တတရား​တွေ စိတ်​ဖလင်​ခွက်​​ပေါ့တစ်​ကွက်​ချင်း ကိုယ်​ထင်​ပြလို့ အ​မှောင်​လိုလို ​ကြောင်​လိုလို ​အော်​သံများနဲ့ ​လေဟာပြင်​တစ်​ခု ငါ့ခန္ဓာကိုယ်​ဆီ တ​ရွေ့​ရွေ့တွားတက်​လာ​နေကြ။ လွှတစ်​စင်းလို ငါ့အသက်​ရှူသံဟာ အ​ပြေးသမားတစ်​​ယောက်​လို မြန်​လာလိုက်​ အ​ဆွေးသမားတစ်​​ယောက်​လို ​နှေးသွားလိုက်​ ​လေးလံ​နေတဲ့ခန္ဓာကိုယ်​ဟာ အ​မှောင်​တစ်​ခြမ်း၊ အလင်းတစ်​ခြမ်းထဲ မလှုပ်​မယှက်​ တိတ်​တဆိတ်​​သေခြင်းဟာ ငိုက်​မျည်းလို့။ ငါ့ရဲ့​နောက်​ဆုံးထွက်​သက်​ကို​စောင့်​ဆိုင်း​နေတဲ့ ပြတင်းတံခါး​လေးဟာလည်း ကျွီကျွီမြည်​လို့။ ငါ့ဝိဥာဉ်​အလွယ်​တကူ ထွက်​ခွာသွားလို့ရ​အောင်​ အသင့်​အ​နေအထားနဲ့ ငြီး​ငွေ့ကျီးအာသံ​တွေလို ​ဝေဒနာ​တွေဟာ ​နေရာကွက်​ကြား။

သိ​နေ​သေးတယ်​။ တဖျစ်​ဖျစ်​မည်​​နေတဲ့​ရေခဲတုံး​လေးတစ်​တုံး ဖန်​ခွက်​ထဲ​အော်​မြည်​​နေသလို ငါအသက်​ရှူ​နေတယ်​ဆိုတာကို သိ​နေ​သေးတဲ့ စိတ်​က​လေးတစ်​ခုရှိ​နေ​သေးတယ်​။ ငါ့စိတ်​​တွေဟာသွား​နေကြ​သေးတယ်​။ ညို့ညို့ဆိုင်းဆိုင်း​တောအုပ်​က​လေးရဲ့​ဘေး စမ်း​ချောင်း​လေးတစ်​ခုဆီ၊ လူ​တွေပြည့်​ကျပ်​​နေတဲ့မြို့လည်​​ကောင်​ဆီ၊ အဖြူ​ရောင်​သင်္ချိုင်းတစ်​ခုဆီ ​ရွှေဝါ​ရောင်​ဝတ်​​ကျောင်းတစ်​ခုဆီ၊ ဖျက်​ခနဲ လက်​ခနဲ​လေထဲလွင့်​​နေရတဲ့ မီးတစ်​စလိုလို၊ ပိန်းကြာရွက်​​ပေါ်တင်​​နေခဲ့တဲ့​ရေတစ်​စက်​လိုလို ​အေးသွားလိုက်​ ပူလာလိုက်​၊ ​မှောင်​သွားလိုက်​ လင်းလာလိုက်​၊ ပူရှိန်းရှိန်းရနံ့တစ်​ခုဟာ တုန်​ခါမှုတစ်​ခုလို ​လျော့ရဲ​နေတဲ့ ငါ့စိတ်​မျက်​နှာပြင်​​ပေါ်ဖြတ်​သန်းလို့ သိတစ်​ချက်​ မသိတစ်​ချက်​ နားထဲ​လေ​တွေ ​အော်​မြည်​​နေတဲ့အသံ။ အင်​ဂျင်​စက်​သံ၊ ​ရေတံခွန်​စီးသံ၊ ဂစ်​တာတီးသံ၊ ဝတ်​ပြုဆု​တောင်းသံ၊ ကဗျာရွတ်​သံ အသံ​တွေ... "တီ" ကနဲမြည်းသံနဲ့အတူ အားလုံး​ပျောက်​ကွယ်​သွား။

ည။
လူတစ်​​ယောက်​လို​နေပြီ လူတစ်​​ယောက်​လို​သေဆံးသွားရမယ့်​ လူတစ်​​ယောက်​၊ ကဗျာတစ်​ပုဒ်​လို စတင်​ပြီး ကဗျာတစ်​ပုဒ်​လို ပြီးဆုံးသွားမယ့်​ ကဗျာတစ်​ပုဒ်​။ စကားဝါပင်​​လေးတစ်​ပင်​၊ မပြီးဆုံး​သေး​သော​တေးတစ်​ပုဒ်​၊ တရားမရ​သေး​သော ​တောရ​ကျောင်းငယ်​။
မကျွတ်​မလွတ်​​သေး​တဲ့ အချစ်​​တွေနဲ့ ည​မွှေးပန်းပင်​​လေး​အောက်​က ရစ်​ဝဲ​နေမယ့်​ တ​ယောသံများ။ ကျွန်​​တော်​မရှိ​တော့​ပေမယ့်​ ကမ္ဘာ​မြေပြင်​ရဲ့​ ​နေဝင်​ဆည်းဆာများ။အ​မှောင်​နဲ့အတူ ​ပျောက်​ဆုံးသွားရမယ့်​ ​နေစွဲများ။ လွမ်းဆွတ်​​ကြေကွဲရတာ​လောက်​ ဝမ်းနည်းစရာ​ကောင်းတာ ဘာမှမရှိ။ ဒီကမ္ဘာမှာ... ဒီကဗျာဟာ လူအဖြစ်​ကိုမ​တော်​တဆ ​ရောက်​လညခဲ့တဲ့ လူတစ်​​ယောက်​ ကမ္ဘာကြီးထဲ မ​တော်​တဆ​ပျောက်​သွားခဲ့တဲ့အ​ကြောင်း စာသားများမျှသာ။
မနက်​ဖြန်​ဆို ကျွန်​​တော်​​သေမယ်​။

အတာဦး

Sort:  

မော်ဒန်ရေးနည်း
သင်ပေးပါ

အသစ်လေး ပါ ကူညီပေးပါ upvoted

ဟုဟု

https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/

အဲ့page ထဲဝင်​ကြည့်​ပါ​နော်

မထင်ထားဖူးတဲ့အတွေးလေးတွေနဲ့ရေးထားတော့ မိုက်တယ် အကိုရေ …

ကျေးဇူးပါ

ရိုးသားမှုအပြည့်နဲ့ ဖွဲ့သီထားတဲ့ကဗျာတစ်ပုဒ်လို့ ထင်မိပါတယ်။ ရသ နဲ့ သံဝေဂတစ်ပြိုင်တည်း ရရှိခံစားလိုက်ရပါတယ်။

ကျေးဇူးပါ

မော်ဒန်လား ဆရာ

wallet ထဲ sbd များလား ဂျီမေး ဖုန်းနံဘတ် စတီးမစ်အကောင့် ပတ်ဝတ်လေး ဒီနေ့ည ၁၂ မတိုင်ခင် လွှဲ ပေးထားပါနော် ချိတ်မကောင်းဘူး ဟီး ရွှတ် လွှဲဖစ်အောင်လွှဲနော် ရွှတ်

😂😂😂

Congratulations @ahtaroo! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

မသေနက်အူး
ဈာပနကိုလာဖို့
ဒီမှာ အားသေးဘူးဂျ 😁😁😁😅😅😄😄

သေ​တော့ဘူး😁😁😁

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64400.33
ETH 3140.71
USDT 1.00
SBD 3.93