2018မှာ အမှိုက်ထုပ်တွေ ထားခဲ့ပါ

in #20186 years ago

"အမှိုက်ထုပ်တွေ ထားခဲ့ပါ။"

2017 မှာ အမှိုက်ထုပ်တွေ ထားခဲ့နိုင်ဖို့ လက်ဆောင်စာအုပ်
ထဲက "အမှိုက်ထုပ်သီအိုရီ"လေးကို ပြန်လည်ဖော်ပြပေးလိုက်
ပါတယ်။

ဒီစာအုပ်လေးရဲ့ ပထမဆုံး အခန်းမှာ စာဖတ်သူတွေကို
အရမ်းအဖိုးတန်ပြီး ကျွန်တော့်အတွက် တကယ်အသုံးဝင်
ခဲ့တဲ့ ပုံပြင် လေး တစ်ခုပြောပြချင်ပါတယ်။ ဒီပုံပြင်လေးကို
Kindspring ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကနေ ဖတ်ပြီး
နောက်ပိုင်း လက်တွေ့ အသုံးချရာကနေ အရမ်းကို အသုံး
ဝင်လို့ ခေါင်းထဲမှာ အမြဲစွဲနေခဲ့ပါတယ်။ ပုံပြင်လေး ဆိုတာ
ထက်အကြောင်းအရာလေးတစ်ခုလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။
အခုအရင်ဆုံး ဒီအကြောင်းအရာလေး ဖတ်ကြည့်ကြရအောင်။
သာသာယာယာရှိတဲ့ မနက်ခင်းတစ်ခုပါပဲ။ ကျွန်တော်
လေဆိပ်ကိုသွားဖို့ရှိတာကြောင့် တက္ကစီတစ်စီးကို ငှားလိုက်
ပါတယ်။ တက္ကစီစထွက်ပြီး ခဏအကြာမှာတော့ လမ်းဘေး
က ပါကင် ထိုးထားတဲ့ ကားတွေထဲက တစ်စီးက ဝုန်းကနဲဆို
အရှိန်ပြင်းပြင်းနဲ့ ကျွန်တော်တို့ ကားရှေ့ကနေ မောင်းထွက်
သွားပါတယ်။ ကျွန်တော့် တက္ကစီဆရာကလည်း ဘရိတ်ကို
ချက်ချင်းနင်းလိုက်ရပြီး ပွတ်ကာ သီကာလေး လွတ်သွားပါ
တယ်။ တကယ်တော့ ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ်
ကသွားနေတာပါ။ရှေ့က ရုတ်တရက် မောင်းထွက် သွားတဲ့
ကားက ရပ်ပြီးတော့တောင် ကျွန်တော်တို့ကားကို လှည့်ဆဲ
သွားပါသေးတယ်။ သူကလည်း မှားသေးတယ်။ ဆဲလဲဆဲ
သွားသေးတယ်ဆိုတော့ ကျွန်တော် တော်တော်လေးကို
ဒေါသထွက်သွားပါတယ်။

ဒါပေမယ့် အံ့သြစရာက ကျွန်တော့်ရဲ့ တက္ကစီဆရာပါ။ သူက
ဒေါသမထွက်ပဲ ရှေ့က ဒရိုင်ဘာကို ပြုံးတောင်ပြုံးပြလိုက်ပါ
သေးတယ်။ ကျွန်တော်လည်း အရမ်းသိချင်တာနဲ့ “သူ့ကား
က ခင်ဗျားကားကိုပျက်ဆီးသွားနိုင်စေသလို ကျွန်တော်တို့
နှစ်ယောက်လုံးလည်း ဆေးရုံ ရောက်သွားနိုင်တယ်။ ဒါကို
ခင်ဗျားက ဘာလို့ ပြုံးနေနိုင်တာလဲ”လို့ မေးလိုက်မိပါတယ်။
အဲ့ဒီအခိုက်အတန့်မှာပဲ ကျွန်တော့်ဘဝမှာ အရမ်းအသုံးဝင်
လာမယ့် အမှိုက်ထုပ်သီအိုရီကို ကျွန်တော်သိခွင့်ရခဲ့ပါ
တယ်။ အမှိုက်ထုပ်သီအိုရီဆိုတာ ကျွန်တော့်ဘာသာ
နာမည်ပေးထားတာပါ။ သူတကယ်ပြောပြခဲ့တာကတော့
ဒီလိုပါ။

“ဒီလို လူမျိုးတွေက တကယ်တော့ အမှိုက်ထုပ်တွေ အများ
ကြီးတင်ထားတဲ့ အမှိုက်ကားနဲ့တူတယ်ဗျ... သူတို့မှာ အမှိုက်
နဲ့ တူတဲ့ စိတ်လေးစရာ ဒေါသတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊
စိတ်ပျက်မှုတွေနဲ့ ပြည့်နှက်နေတာ။ သူတို့ရဲ့ အမှိုက်ပုံကြီး
က ကြီးလာတဲ့အခါ သူတို့က အဲ့ဒီအမှိုက်တွေကို သွန်ဖို့
နေရာ လိုက်ရှာတတ်တယ်။ တစ်ခါတစ်လေ ခင်ဗျားအပေါ်
ကို အဲ့ဒီအမှိုက်တွေ သွန်ချလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားမယူ
ရင် ဘာမှမဖြစ်ပါဘူး။ ပြုံးပြသင့်ရင် ပြုံးပြလိုက်၊ မသိသလို
နေသင့်တဲ့အခါ မသိသလိုနေလိုက်၊ သူတို့ကို စိတ်မဆိုးနဲ့၊
ပြီးရင် ကိုယ့်ခရီးကိုယ်ဆက်လျှောက်။ သူတို့အမှိုက်တွေကို
ယူပြီး အခြား လူတွေဆီကို လက်ဆင့်မကမ်းမိစေနဲ့။”လို့
တက္ကဆီဆရာက တည်တည်ငြိမ်ငြိမ်ပဲ ကျွန်တော့်ကို
ပြောပြခဲ့ပါတယ်။ ကျွန်တော် လေဆိပ်ရောက်သွားပြီး
နောက်ပိုင်း သူ့ရဲ့အမှိုက်ထုပ်သီအိုရီအကြောင်းပဲ ဆက်လက်
တွေးနေမိတော့တယ်။ ဒီနေ့အထိလည်း အဲ့ဒီ အမှိုက်ထုပ်
သီအိုရီကို ကျင့်သုံးလျှက်ရှိပြီး ကျွန်တော့်ဘဝပိုပြီး ပျော်ရွှင်
လာခဲ့ပါတယ်။

အထက်ပါ အကြောင်းအရာလေးကတော့ ကျွန်တော်
အွန်လိုင်းပေါ်မှာ ဖတ်ခဲ့မိတာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်
လည်း ဒီအကြောင်းအရာလေးထဲက တက္ကဆီဆရာလို
အရင်က မတွေးခဲ့ဖူးပါဘူး။ ကိုယ့်ကို အမှိုက်တွေ လာသွန်ချတဲ့
အခါ ယူထားမိခဲ့ဖူးပါတယ်။ ဒေါသတွေကို ဒေါသတွေနဲ့
တုန့်ပြန်ခဲ့ဖူးပါတယ်။

ကိုယ့်မကောင်း ကြောင်း ပြောတဲ့သူတွေကိုလည်း စိတ်ထဲ
မှာ ထားခဲ့ဖူးပါတယ်။ အဲ့လို စိတ်တွေကြောင့်လည်း ပူလောင်
ခဲ့ရဖူးပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကို တစ်စုံတစ်ယောက်
က စိတ်အနှောက်အယှက်ပေးသွားရင် တစ်ပတ်လောက်
ကြာတဲ့အထိ စိတ်ထဲက ဖျောက်လို့မရ ဖြစ်တတ်ပါတယ်။
ကိုယ့်ကို လာပေးတဲ့ အမှိုက်တွေကို မသိပဲ ယူထားခဲ့မိတာပါ။
ဒီစာအုပ်လေးရဲ့ အခန်း(၁)မှာ ဒီအကြောင်းကို ရေးတာ
အကြောင်းရှိပါတယ်။ လူတော်တော်များများ စိတ်ညစ်ရခြင်းရဲ့
အဓိက အကြောင်းအရင်းက သူများတွေဆီက အမှိုက်ထုပ်တွေ
ကို ယူထား မိလို့ပါ။ ကျွန်တော် ကိုယ်တိုင်လည်း လုပ်ခဲ့တဲ့
အရာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှ တဖြည်းဖြည်း အမှိုက်
ထုပ်တွေ မယူမိအောင် ကြိုးစားရာကနေ ပိုပြီး စိတ်ချမ်းသာ
လာတာဖြစ်ပါတယ်။ ကျွန်တော် ၂၀၁၆ မေလက
“သူစိတ်ဓာတ်ကျတိုင်း ဖတ်ဖို့” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့
ပါတယ်။ စာအုပ်က အရမ်းအောင်မြင်ပြီး အကြိမ်ကြိမ်
ထုတ်ဝေခဲ့ရပါတယ်။ လက်ရှိစာရေးနေချိန်မှာ အဲ့ဒီ
စာအုပ်ထွက်တာ တစ်နှစ်ကျော်သွားပါပြီ။ City Mart ရဲ့
အရောင်းရဆုံး စာရင်းမှာ Top Ten အတွင်း တစ်နှစ်နီးပါး
ရပ်တည်ခဲ့ပါတယ်။ အဲ့ဒီလို စာအုပ်ထုတ်ထုတ်ချင်း
အောင်မြင်တော့ ကျွန်တော် အဝေဖန်ခံခဲ့ ရပါတယ်။
ဘာဝေဖန်လဲဆိုတော့ကျွန်တော်ရေးတဲ့စာတွေက တစ်ရာဖိုး
သုံးပုဒ်တွေတဲ့။ အရမ်းပေါတဲ့ စာမျိုးတွေတဲ့။ စာအုပ်ကလည်း
ပါးတယ်တဲ့။ ကျွန်တော့်ကို သူငယ်ချင်း တစ်ယောက်
ကပြောလို့ သူတို့ ဝေဖန်ထားတဲ့ပို့စ်တွေကို ကြည့်ခဲ့မိတာ
ပါ။ ကျွန်တော် မညာပါဘူး။ ကျွန်တော် တော်တော်လေး
စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ပါတယ်။

“သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့” စာအုပ်က ဘာသာပြန်
ပုံပြင်လေးတွေပါသလို ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အတွေ့
အကြုံတွေကိုလည်း ထည့်သွင်းရေးထားတာပါ။ စာအုပ်လေး
က အရမ်းတော့ မထူပါဘူး။ ဒါပေမယ့် အဲ့ဒီစာအုပ်လေးထဲက
အတွေ့အကြုံနဲ့ အသိတရားတွေဟာ နှစ်တွေနဲ့ ရင်းခဲ့ရတာပါ။
အဲ့ဒီအချိန်က တစ်ခုခု ပြန်ပြောချင်ခဲ့မိတယ်။ ဒါပေမယ့်
ကျွန်တော်ဘာမှမပြောပဲ သူ့ပို့စ်ကနေ ပြန်ထွက်လာနိုင်ခဲ့
တယ်။ အဲ့ဒီတုန်းက ဒီအမှိုက်ထုပ်သီအိုရီဆိုတာလည်း
မဖတ်ဖူးသေးပါဘူး။ ပြန်ထွက်လာရခြင်း အကြောင်းအရင်းက
(၁)အဲဒီလို လူတွေ ကျွန်တော့်ဘဝမှာ အများကြီး ကြုံခဲ့ဖူးပါ
တယ်။ စေတနာ အပြည့်ထားလည်း အပြစ်ပြောခံရခြင်းကနေ
လွတ်ကင်း အောင်နေလို့ မရဘူးဆိုတာ ကျွန်တော် သဘော
ပေါက်ပြီးနေပါပြီ။ (၂)ဝေဖန်တာ မခံနိုင်ရင် အမြင့်ရောက်မှာ
မဟုတ်ပါဘူး။ (၃) သူလည်း လူသား တစ်ယောက်ပေမို့
သူ့အထင်အမြင်ကို လွတ်လပ်စွာ သူ့Wallမှာ ရေးခွင့်ရှိပါ
တယ်။ အဲ့ဒီ အချက်တွေကြောင့် ကျွန်တော် ဘာမှမပြောဖြစ်
ခဲ့ပါဘူး။ ကျွန်တော့် လုပ်ရပ် အတွက်လည်း ကျွန်တော်အရမ်း
အားရမိပါတယ်။ မိမိလိပ်ပြာသန့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တဲ့
အတွက် လူတိုင်းကို လိုက်ရှင်းပြနေစရာ မလိုပါဘူး။ ဟိုးအရင်
၅နှစ်လောက်က စိတ်မျိုးဆိုရင်တော့ ကျွန်တော် အဲ့ဒီလို
တုန့်ပြန်ခဲ့ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို မုန်းတဲ့သူ
တွေကို ကျွန်တော် အကောင်းဆုံး ပြန်လည် ရှင်းပြပြီး
ဆက်ဆံခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘဝမှာ ကျွန်တော်သင်ယူ
လိုက်ရတဲ့ အရာတစ်ခုက အချို့လူတွေက သင်ဘယ်လောက်
ပဲ ကောင်းအောင်နေနေ သင်လုပ်သမျှကို အဆိုးပဲ မြင်နေ
တတ်တယ်ဆိုတဲ့ အချက်ပါပဲ။ အဲ့လိုလူမျိုးတွေကို ရှင်းပြနေ
လို့ကတော့ သင်ရှေ့ရောက်မှာ မဟုတ်ပါဘူး။ ရှင်းပြဖို့ တကယ်
လိုအပ်တဲ့အခါ ရှင်းပြပြီး မလိုအပ်တဲ့အခါမှာတော့ မသိမသာ
ကိုယ့်လမ်းကိုယ် ဆက်လျှောက်တတ်လာခဲ့ပါတယ်။
အချို့လူတွေက တကယ်တော့ အမှိုက်ထုပ်သီအိုရီလိုပဲ
သူတို့ နေ့စဉ်ဘဝက မကျေနပ်မှု၊ မရောင့်ရဲမှု၊ လောဘ၊
ဒေါသ စတာတွေကို အခြားသူခေါင်းပေါ် ပုံချဖို့ အမြဲကြိုးစား
တတ်ကြပါတယ်။ သင်သာ လက်ခံလိုက်လို့ကတော့
သင်လည်း အမှိုက်တွေနဲ့ နံစော်နေပါလိမ့် မယ်။ ဒါ့အပြင်
သင်လည်း သင့်အမှိုက်တွေကို မနိုင်တော့တဲ့အခါ
လက်ဆင့်ကမ်းပြီး အခြားသူခေါင်းပေါ် သွန်ချဖို့ ကြိုးစား
ကောင်း ကြိုးစားနိုင်ပါသေးတယ်။

လူသားပီပီ အမြဲတမ်းတော့ အမှိုက်တွေ မယူမိဖို့ သင်
ရှောင်ရှားနိုင်ချင်မှ ရှောင်ရှားနိုင်ပါလိမ့်မယ်။ ဒါပေမယ့်
အတတ်နိုင်ဆုံး တော့ သူများတွေရဲ့ အမှိုက်တွေကို
မယူမိအောင် ကြိုးစားကြည့်ပါ။ သင့်ရဲ့ သာယာလှပ
ဖွယ်ရာကောင်းနိုင်တဲ့နေ့တစ်နေ့ကို အခြားသူ တစ်ဦးရဲ့
စကားတစ်ခွန်းကြောင့် သင်အပျက်အစီးခံမှာလား။
တစ်စုံ တစ်ယောက်က စိတ်အနှောက်အယှက်ဖြစ်ဖွယ်
စကားတစ်ခွန်း ပြောလိုက်လို့ တစ်နေကုန် သင်စိတ်
အနှောက်အယှက် ဖြစ်ဖူးလား။ အဲ့ဒါ သူများပေးတဲ့
အမှိုက်ကို သင်ယူခဲ့မိလို့ပါ။ ကိုယ်ကိုယ်တိုင် အမှိုက်
မယူချင်သလို သူများကို အမှိုက်မပေးမိအောင်လည်း
အမြဲ ကြိုးစားပါ။

ဒီနေ့ကစပြီး သင့်ရဲ့နေ့စဉ်ဘဝမှာ စိတ်အနှောက်အယှက်
ဖြစ်ဖွယ်ရာလေးတွေ ကြုံတိုင်း အပေါ်က အမှိုက်ထုပ်
သီအိုရီလေးကို ပြန်စဉ်းစားပါ။ သင့်ကို စိတ်အနှောက်
အယှက်ပေးဖို့ ဝင်ရောက်လာတဲ့ အမှိုက်ထုပ်တွေကို
သင်လက်ခံမှာလား။ သင့်ရဲ့ ပျော်ရွှင်မှုအတွက် သင့်မှာ
ပဲ အပြည့်အဝတာဝန်ရှိပါတယ်။

မဖတ်ရသေးသူတွေအတွက် "လက်ဆောင်" စာအုပ်ကို
၅ကြိမ်မြောက် ပြန်လည်ထုတ်ဝေထားပါတယ်။City mart,
Ocean နဲ့ စာအုပ်ဆိုင်ကြီးများမှာရရှိနိုင်ပါပြီ။ သင့်ဘဝမှာ
အသုံးဝင်မယ့် အကြောင်းအရာအခန်း (၂၀) အထိစာအုပ်ထဲမှာ
ပါဝင်ပါတယ်။ ပျော်ရွှင်ခြင်းလက်ဆောင်တွေ ရရှိကြပါစေဗျာ။

#လက်ဆောင် #မိုးရှင်း (I.M.T)

image

image

image

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 61662.20
ETH 3059.04
USDT 1.00
SBD 3.84