ရိုသေလေးစားခြင်း

in #writing6 years ago

ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် တစ်ဦးနှင့် တစ်ဦး ရိုသေလေးစားသင့်သည့် ။ ကြီးသူရိုသေ ငယ်သူလေးစားဆိုသည့်အတိုင်း တစ်ဦးနှင့် တစ်ဦး လေးစားကြရမည်။ မိဘများသ်ည အနန္တဂိုဏ်းဝင်ဖြစ်သဖြင့် လူတိုင်းရိုသေလေးစားကြသည်။ ကျွန်ုပ်တို့သည် လူကြီး ၊ မိဘများ ကို ရိုသေလေးစားကြသည်။ စာသင်ခန်းထဲတွင်လည်း ဆရာ/ဆရာမများကို စာသင်လာသော ကျောင်းသား ကျောင်းသူအားလုံးက လေးစားကြရလေသည်။

ရိုသေလေးစား တတ်အောင်လည်း ကျောင်းမှ ဆရာ/ဆရာမများက သင်ကြားပို့ချလျက်၇ှိသည်။ လူကြီးသူများကို ရိုသေလေးစားသူကို လူလိမ္မာဟု သတ်မှတ်ကြပြီး ................ လူကြီးသူမဆို ဆုံးမစကားကို ပစ်ပယ်သူများကို လူမိုက်ဟု လူ့အသိုင်းအ၀ိုင်းတွင် ပစ်ပယ် တတ် ကြသည် ။ တစ်ယောက်ျနှင့် ရိုသေလေးစားမှု ရှိမှာသာ ​ကမ္ဘာလောကကြီးသည် အေးချမ်းသာယာပါမည်။ အလုပ်ခွင်တွင်လည်း ကြီးသူ ရိုသေ ငယ်သူလေးစားပြီးဆက်ဆံကြလျှင် အလုပ်အဆင်ပြေ ချောမွေ့မည်မှာအမှန်ပင်။ ထို့ကြောင့် ကျွန်ုပ်သည် နေရာတိုင်ုးတွင် ရိုသေ လေးစားခြင်း ကိုစိတ်ထဲစွဲကာ အလုပ်လုပ်မည်ဆိုပါလျှင် အောင်မြင်နိုင်မည် အဆင်ပြေချောမွေ့ နျိုင်သည်ဟု တစ်ထစ်ချ ယုံကြည် မိပါသည်။ နောက်ဆုံးမှာ ဘ၀မှာ ပျော်ရွှင်ခြင်းနဲ့ ကြုံဆုံရမည်မှာ မလွဲဧကန်ဖြစ်ပေသည်။
happy_people_2.jpg
Image Source:http://cypresschamber.org/visitors/happy-business-people-laughing-against-white-background-2/

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99