ဂုတ်​ထိပ်​သို့အလည်​တစ်​​ခေါက်

in #wafrica6 years ago

ဂုတ်​ထိပ်​သို့အလည်​တစ်​​ခေါက်
ကျွန်​မက​တော့ ဝန်​ထမ်းတ​ယောက်​ပါ မအားလပ်​​ပေမဲ့လည်း ခရီးထွက်​ရတာကိုဝါသနာပါသူပါ။ပိတ်​ရက်​​ရှည်​​လေးရလိုက်​တာနဲ့ ဘယ်​ကို သွားရမလဲ စဉ်းစားမိသူပါ။ ခုလည်း မြန်​မာ့နှစ်​သစ်​ကူးရုံးပိတ်​ရက်​ ၁၀ရက်​ရမယ်​ဆို​တော့ ပူပြင်းလှတဲ့ရန်​ကုန်​​နွေရာသီကို အ​ကြောင်းပြချက်​ရှာပြီး ​အေးချမ်းလှတဲ့ ရှမ်းပြည်​ ​ဒေသ ဘက်​ကို ခရီးထွက်​ချင်​ခဲ့မိတယ်။သူငယ်​ချင်းကလည်း ပြင်​ဦးလွင်​မှာ ​နေတာဆို​တော့ ပိုအဆင်​​ပြေသွားတာ​ပေါ့ အတူတူသွားဖို့လည်း သူငယ်​ချင်းက နှစ်​ခါ​ခေါ်စရာမလို အဲလိုနဲ့ ပိတ်​ရက်​​လေးမှာ ပြင်​ဦးလွင်​သို့သွားဖြစ်​ခဲ့တယ်​။

credit source
ပြင်​ဦးလွင်​က​တော့ ခနခန​ရောက်​​နေ​တော့ အဲက​နေ မ​ရောက်​ဖူး​သေးတဲ့ ဂုတ်​ထိပ်​တံတားတို့ လားရှိုး မူဆယ်​ထိပါ ခရီးဆက်​ချင်​ခဲ့မိတယ်​ ဒီခရီးစဉ်​​လေးမှာ မူဆယ်​ထိ​တော့်​မ​ရောက်​ခဲ့ဘူး နယ်​​မြေအ​ခြေအ​နေ​ကြောင့်​လည်းဆက်​မသွားဖြစ်​ခဲ့ဘူး
ပြင်​ဦးလွင်​က​နေ မနက်​ရထားနဲ့ လားရှိုးသို့ ခရီးဆက်​ခဲ့တယ်

ဘူတာ​ရောက်​တာနဲ့ က​လေး​တွေက ​ရေပြွတ်​​သေနတ်​​လေး​တွေ​ရေ​ဆော့​နေကြတယ်​ foreinger ​တွေကလည်း အများကြီး သူတို့က​တော့ သီ​ပေါ ကိုသွားမယ်​လို့ထင်​မိခဲ့တယ်​ အဲလိုနဲ့ရထားကြီးလည်းစထွက်​​လယ်​ကွက်​​လေး​တွေ စိုက်​ခင်း​လေး​တွေကြည့်​ရင်း လားရှိုးသို့ စတင်​ ထွက်​ခွာလာခဲ့တယ်

တစ်​ဘူတာပြီးတစ်​ဘူးတာ ဖြတ်​လာပြီး ​နောငိပိန်​တို့ ​နောင်​ချိုတို့လို့ ဘူတာ​တွေမှာ​ပေါ့ က​လေး​တွေက ​ရေကစားဖို့ ရထားကြီးကို​စောင့်​​မျှော်​​နေကြတယ်​ ကျွန်​မတို့လိုခရီးသွား​တွေကလည်း လားရှိုးကို ညဘက်​မှာ​ရောက်​မှာဆို​တော့ ​ရေကအစိုမခံချင်
သူတို့ကလည်း​ရေ​ပတ်​ချင်​ ဘူတာ​ရောက်​တာနဲ့တံခါး​တွေပိတ်​ကြ သူတို့​လေး​တွေကလည်း တံခါးပိတ်​လည်းလှမ်းပတ်​ အဲဒါနဲ့ ကျွန်​မတို့ သူငယ်​ချင်းတစု က​လေး​တွေကိုသနားမိသွားတယ်​ အဲဒါနဲ့ ဘူတာဆိုက်​တိုင်း ​က​လေး​တွေဆို အပတ်​ခံလိုက်​တယ်​ သူတို့​ရေကလည်းမများ​တော့ ​ရေများရင်​​တော့ ရထားတစ်​တွဲလုံးရဲ့တာဝန်​က အသီးသီးတံခါး​တွေ ပိတ်​ကြ ပိတ်​ရင်းနဲ့လည်း တံခါးကကြပ်​​နေရင်​ ​ရေပတ်​ခံရ ​ပျော်​စရာ​ကောင်းတဲ့ အ​တွေ့အကြုံသစ်​​လေး​တွေ​ပေါ့ ဂုတ်​ထိပ်​​ရောက်​​တော့ လည်းတခါမှမမြင်​ဖူးဘူးတဲ့ ရှုခင်းနဲ့တံတားကြီးရဲအလှ တံတား​ပေါ်က ဖြတ်​​တော့လည်း ရင်​တထိပ်​ထိပ်​နဲ့ ​ပျော်​ဖို့လည်း​ကောင်း ​ကြောက်​လည်း​ကြောက်​တဲ့ အ​တွေ့အကြုံ သစ်​​လေးကို ခံစားခဲ့ရတယ်​ ခန်းနားထည်​ဝါလှတဲ့ဒီတံတားကြီးကို ဗြိတိသျှ လက်​ထက်​က မြန်​မာ ဗြိတိသျှ အင်​ဂျင်​နီယာများ​ဆောက်​လုပ်​ခဲ့ကြတယ်
တံတားကြီးကို ဖြတ်​ပြီး ​တောင်​ နံရံကို ​ဖောက်​လုပ်​ပြီး ​ဆောက်​ထားတဲ့ရထားလမ်းကလည်း ည အ​မှောင်​အတိကို​ရောက်​သွားသလို ပါပဲ အဲအချိန်​မှာ ရထားကမီး​တွေဖွင့်​​ပေးထားလို့​ပေါ့ မဖွင့်​ထားရင်​ဖြင့်​ 😁😁😁အဲလိုနဲ့ ဂုတ်​ထိပ်​ခရီးစဉ်​​လေးပြီးဆုံးပြီး ဂုတ်​ထိပ်​မှသည်​ လားရှိုးသို့ ခရီးဆက်​သွားခဲ့ပါတယ်

Sort:  

Beautiful photography

thanks you very much.

Congratulations @yway! You received a personal award!

1 Year on Steemit

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @yway! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59128.17
ETH 2522.40
USDT 1.00
SBD 2.48