သူငယ်ချင်းတွေ အကြောင်း အပိုင်း ၁၅

in #wafrica6 years ago

images(3).jpg

ရုံးမှာ တခါတလေ ညအိပ်ဧည့်သည် များတတ်တယ်။
ထမင်းစားရင် လူတွေ အများကြီး၊ ပန်းကန်မလောက်လို့ ဒန်အိုးဖုံးတွေနဲ့ စားရတယ်။
ညဖက် အပျော်တမ်း ဖဲဝိုင်းလဲ လူစည်တယ်။
ဖဲဝိုင်း မရှိရင် လူတွေစုပြီး ဟိုအကြောင်း ဒီအကြောင်းတွေ ပြောကြတယ်။
နယ်စုံဆိုတော့ အကြောင်းအရာလဲ စုံတယ်။
သူရဲ အကြောင်းတောင် ပါတယ်။
ခင်မောင်ဝင်းက သူရဲကြောက်တတ်တယ်၊ နားမထောင်ပဲလဲ မနေနိုင်ဘူး။
ကြောက်တတ်ရင် နားမထောင်နဲ့ ပြောကြတယ်၊ မရဘူး။
လူတစ်ယောက် အနားကပ်ပြီး နားထောင်တယ်။
ကိုချစ်ဆွေက လာရှိုးက၊ သူရဲအကြောင်း အပြောကောင်းတယ်။
လူတစ်ယောက် ထန်းပင်ပေါ်က ပြုတ်ကျတာ၊ အောက်ရောက်တော့ မြေကြီးနဲ့ ရိုက်မိပြီး ခေါင်းပြားသွားတယ်။
အဲဒီလူက ချက်ချင်း ထရပ်ပြီး ကံကောင်းလို့ မသေတယ် လို့ပြောတယ်။
လူတွေ အကုန် ဝိုင်းရီကြတယ်။
ခင်မောင်ဝင်း မရီနိုင်ဘူး၊ ကိုချစ်ဆွေ ဆက်မပြောပါနဲ့တော့ လို့ပြောတယ်။
ဘာကြောက်စရာကောင်းလို့လဲ၊ ရီစရာ ပြောတာပဲ။
လူ ခေါင်းပြားသွားမှတော့ သေပြီပေါ့ဗျ၊ ပြန်ထလာတာ လူမဟုတ်ဘူး တဲ့။
အဲဒါဆို ဘာလဲ မေးတော့၊ သရဲဖြစ်သွားတာလား သရဲပူးပြီး ထလာတာ ဖြစ်မယ်တဲ့။
မင်းက သရဲကြောက်တာ မြင်ဘူးလို့လား ဆိုတော့ မမြင်ဖူးဘူး တဲ့၊ အခြောက်ခံရဖူး လားဆိုတော့လဲ မခံရဘူးတဲ့။
ဒါဆို ဘာကို ကြောက်တာလဲ ဆိုတော့၊ သရဲကလာပြီး သူ့ကို မဟုတ်တရုတ် လုပ်ပြမှာ ကြောက်တယ် တဲ့။
မင်းကို ဝင်ပူးလိုက်ရင် ဘယ်လိုလုပ်မလဲ။
အမလေး မပြောကြပါနဲ့တော့၊ ကျနော် သွားအိပ်တော့မယ်။
ခြင်ထောင်ထဲ ဝင်လာရင်ကော။
ဒီည ဦးစိန်မောင်နဲ့ သွားအိပ်တော့မယ်၊ မခြောက်ကြပါနဲ့ဗျာ။

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-06-06T14:02:27
Account Level: 1
Total XP: 104.00/200.00
Total Photos: 16
Total comments: 0
Total contest wins: 0
And have also received a 0.09 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Dear friend, you do not appear to be following @artzone. Follow @artzone and get added to our voting list for valuable up-votes!

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70112.96
ETH 3549.99
USDT 1.00
SBD 4.71