သူငယ်ချင်းတွေ အကြောင်း အပိုင်း ၁၄

in #wafrica6 years ago

images(3).jpg

ဒီနေ့မနက် ဦးစိန်မောင်က ဈေးလိုက်ခဲ့ဘို့ပြောတယ်။
စားချင်တာတွေ့ရင်ပြော၊ သူဝယ်ချက်ကျွေးမယ်တဲ့။
သူလဲ လူတစ်မျိုးပဲ၊ တစ်ခုဝယ်မယ်ဆို တစ်ဈေးလုံး အကုန်ပတ်တယ် ။
တွေ့တဲ့ဆိုင်တိုင်း ဈေးမေးတယ်၊ ဈေးဆစ်တယ်။
ပြီးမှ ဈေးအသက်သာဆုံး ဆိုင်မှာဝယ်တယ်။
နောက်တမျိုးဝယ်မယ်ဆို နောက်တစ်ပါတ်၊ ဈေးမေး ဈေးဆစ် ပြီးမှဝယ်တယ်။
၅ မျိုးဝယ်ရင် ၅ ပါတ်ပဲ၊ နောက်ဆို သူနဲ့ဈေးမလိုက်တော့ဘူး။
ဆီပုလင်းကလဲ သေးသေးလေး၊ အဖုံးမပါဘူး။
ဆီဝယ်ပြီးရင် ကြက်သွန် တစ်လုံး ကောက်ပြီး ပိတ်လိုက်တယ်။
ဆိုင်ရှင်က ဘယ်လိုလူလဲ ထင်မှာ မကြောက်ဘူး။
ရုံးပြန်ရောက်တော့ ဘူးသီးအခွံနွှာခိုင်းတယ်၊ အသားမပါအောင် နွှာရတာ။
ဟင်းချက်တာ ဇီဇာကြောင်တယ်၊ ကိုယ့်ကို စိတ်တိုင်းမကျတော့ သူပဲ လုပ်ရတယ်။
ဟင်းချက်တော့ကောင်းတယ်၊ မင်းကြီးချုပ်အိမ် နေခဲ့တော့ ဘိုစာတောင် ချက်တတ်တယ်။ ကြက်ဟင်းခါးသီး မခါးအောင် ချက်တတ်တယ်။
ပြည်က လာတည်းတဲ့ စာရေးကြီး ဦးမြင့်ကြည်ဆို သူဟင်းချက်ကောင်းကြောင်း အမြဲကြွားတယ်၊ ဟိုတယ်စာတောင် ချက်တတ်တယ် ပြောတာ။
ပါးစပ်နဲ့ ချက်ပြတာ နားထောင်လို့ အရမ်းကောင်း၊ သူတကယ်ချက်ကျွေးတော့ စားလို့ သိပ်မကောင်းဘူး။
အောင်သိန်းနဲ့ မောင်တိုးလဲ ဟင်းချက်ကောင်းတယ်၊ တခါက ဦးစိန်မောင် ခရီးသွားလို့ သူတို့ ချက်တယ်။
ငါးခြောက်ကြော် ပဲဟင်း သရက်ချဉ်သုပ်၊ စားလို့ကောင်းတယ်။
ကျနော်ကတော့ ဘာဟင်းမှ မချက်တတ်ဘူး၊ ဘဲဥ တောင် ကောင်းကောင်း မကြော်တတ်ဘူး။
သူများချက်တာ ကောင်းမကောင်းပဲ ဝေဖန်တတ်တာ။

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-06-04T09:37:45
Account Level: 0
Total XP: 97.50/100.00
Total Photos: 15
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

Dear friend, you do not appear to be following @artzone. Follow @artzone and get added to our voting list for valuable up-votes!

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64549.55
ETH 3170.62
USDT 1.00
SBD 4.13