" Our Heart Breakings "

in #myanmar6 years ago (edited)

တစ်ကယ်တော့ post တင်မယ်ဆိုလို့ သာ ညှစ်ထုတ်ပြီးရေးရမှာ
လောလောဆယ်တော့ ရေးဖို့  Direction မတွေ့ သေးဘူးလေ ဒါပေမယ့်
ကိုယ့်အားနည်းချက်က အသည်းကွဲတာ ဆိုတော့
အသည်းကွဲတဲ့ Feeling လေး ရေးချရတာပေါ့လေ
အဆီ အငေါ်မတည့်တဲ့စကားလုံးတွေ ပါလာခဲ့လည်း နားလည်ခွင့်လွှတ်ပေးပါ
ဟာသမဟုတ်ပဲ ( ပေါတောတောနည်းနည်းပါမယ်)
အနုပညာဆန်တဲ့စာသားလေးများ ပါသွားခဲ့လည်း ဗွေမယူပါနဲ့ ခင်ဗျ

imageCrd-org-source

အသည်းကွဲခြင်းကို Definition ဖွင့်မယ်ဆိုရင် အများကြီးပေါ့
"အဖေနဲ့ အမေက သဘောမတူလို့ "… " အသက်ချင်း သိပ်ကွာလို့ "…
"ဝင်ငွေနည်းလွန်းလို့ (ဘဝချင်းမတူတဲ့ အခြေအနေတွေ)…"
"ချစ်လျက်နဲ့ ကွဲတာ (ချစ်တိုင်းမညား)…" "တစ်ဖက်သက်ချစ်မိတာ …"
အမျိုးမျိုး အထွေထွေ တွေ့ ရ မြင်ရ ကြားရ ကြုံရမှာပါ
ပြီးတော့ အချိန်ပေးပြီးသာ လေ့လာကြည့်မယ်ဆိုရင်
ကျွန်တော်တို့ အသည်းကွဲတဲ့ လူတွေကို နေရာအနှံ့ အပြားမှာ တွေ့ ရတတ်ပါတယ်
ပန်းခြံမှာ ကားဂိတ်မှာ ရုပ်ရှင်ရုံမှာ ရေကူးကန်မှာ ဘီယာဆိုင်မှာ
KTV (karaoke Television )မှာ Shopping Centerတွေ မှာ ဘုရားမှာ စသည်ဖြင့်
တော်တော်များများတွေ့ ရမယ်လို့ မျှော်လင့်မိပါတယ်
(ဘာမှလည်းမဆိုင်ဘူးလို့ မထင်ပါနဲ့ ဗျာ) များသောအားဖြင့်ပြောကြည့်တာပါ
ကိုယ်တိုင်လည်း အသည်းကွဲဖူးတော့ (အသည်းကွဲတဲ့သူနေရာမှာလည်း ခံစားတတ်ဖူးတော့)
တစ်နေရာမဟုတ် တစ်နေရာ စိတ်ပြေလက်ပျောက်
သွားတတ်မိတယ်လေ မသွားရင်လည်း ဒီလိုပဲ အပေါင်းအသင်း မိတ်ဆွေတွေခေါ်တော့
(ယက်ကန်ယက်ကန်) လိုက်သွားမိတတ်ကြမှာပါ ဖြစ်တတ်ကြတဲ့သဘောလေးတွေပါဗျ
အသည်းကွဲနေတဲ့သူရော အသည်းကွဲပြီး ကုသနေတဲ့သူရော စိတ်ပြေရာပြေကြောင်း
သွား လာ နေကြမှာပါ
(ဆေးရုံတက် အသည်းရောဂါကုနေတဲ့ သူတွေတော့ မပါဘူးပေါ့ဗျာ …)

imageCrd-org-source

တစ်ကယ်တော့ ကျွန်တော်တို့ "အသည်းကွဲခြင်း"ဆိုတဲ့ အကြောင်းတရားကို
ခွဲခြမ်းစိတ်ဖြာ လေ့လာ ကြည့်ရမယ်ဆိုရင် ဆယ်ကျော်သက်တိုင်း
ကျော်ဖြတ်ရမယ့် တံတိုင်းတစ်ခုပေါ့ဗျာ ဒါပေမယ့်
တစ်ချို့ ကျတော့လည်း အလွယ်တကူ ကျော်ဖြတ်ခဲ့ကြတယ်
တစ်ချို့ ကျတော့လည်း သေလုမျောပါး ရှင်သန်ခဲ့ရတယ်
(ရင်ထဲမှာ သေမတတ်ခံစားရတာမျိုးပါ)
တစ်ချို့ ကျတော့လည်း ဦးနှောက်နဲ့ ကုသတယ်
တစ်ချို့ ကျတော့လည်း အချိန်နဲ့ ကုသတယ်
တစ်ချို့ ကျတော့လည်း အလုပ်လုပ်ရင်းကုသတယ်
(သယ်ချင်းတစ်ယောက်ဆို အသည်းတွေကွဲ စိတ်နာပြီးပြည်ပထိအလုပ်သွားလုပ်တာ )

imageCrd-org-source

အခု စာဖတ်သူ ဆရာ အကို သူငယ်ချင်း ညီအကို မောင်နှမတွေမှာလည်း
အချစ်နဲ့ လွတ်ကင်းတဲ့သူ မရှိသလောက်ပါပဲ ကိုယ်တိုင် အသည်းမကွဲခဲ့ဖူးတောင်
အဖြစ်အပျက်တွေ အမျိုးမျိုး တွေ့ မြင်ဖြတ်သန်းလာကြဖူးတဲ့သူတွေချည်းပါပဲ
တစ်ကယ်တော့ ယုတ္တိဗေဒအရ ကြည့်မယ်ဆိုရင်
အသည်းကွဲခြင်းရဲ့ နောက်မှာ မဆုံနိုင်ခြင်းတွေ ကပ်,ပါလာတတ်တယ်ဆိုတာကို
ကျွန်တော် ကဗျာလေးတစ်ပုဒ် ရဲ့ စာသားထဲမှာ တွေ့ လိုက်ရတယ်
ကဗျာဆရာ တေးရေးဆရာ "စစ်ငြိမ်း " ရေးသားထားတဲ့ကဗျာလေးပါ

"လောကကြီး…
ဘယ်လောက်ကျဉ်းတယ်ပြောပြော…
ကျွန်တော်တို့ ပြန်မတွေ့ နိုင်တော့ပါဘူး…

လူတစ်ယောက်နဲ့  …
သူ့ ရင်ထဲက ကြွေသွားတဲ့ကြယ်…
ဘယ်တုန်းက ပြန်ဆုံဖူးလို့ လဲဗျာ " တဲ့ ……………

Thank for reading !!!

MSCး 234

Author >>> winko

Sort:  

အ​ပေါ်မှာ​ပြောထားသလိုအချိန်​၊ဦး​နှောက်​၊အလုပ်​လုပ်​​နေရင်းကုသလို့ရပါတယ်​...

ဟုတ်တယ်ဗျ
အဲ့လိုပဲ ကုသရင်း နေသားကျမှာပါ

မျဉ်းပြိုင် နှစ်ကြောင်း လိုပါပဲ

မဆုံသောလမ်း ပေ့် ဗျာ

ပြိုင်မျဉ်း နှစ်ကြောင်းလိုပါပဲ 😊

ဟုတ် ဟုတ် မဆုံသောလမ်းတွေပေါ့

ပြိုင်မျဉ်း နှစ်ကြောင်းလိုပါပဲ 😊

ငို‌တောင်‌ ငိုချင်‌လာပြီ။

မငိုပါနဲ့  ညီလေး ချော့ပါ့မယ်

ကိုယ်တိုင်ကြုံဖူးတော့ ခံစားနားလည်တတ်ပါတယ်ကွယ်

ဒါပဲလေ ဘဒို Right

တနေ့ကျခံစားချက်ကိုပြန်ကုစားနိုင်ကြမှာပါ

ဟုတ်
ခံစားချက်တွေ ကို အချိန်နဲ့ ကုစားရမှာပဲ

ဒါလည်းဖြစ်သွားတာပဲ

ဆရာ့ တစ်ပည့်ဆိုတော့လည်း ရေးဟန်လေးတွေ လေ့လာရတာပေါ့ဗျာ

Not bad!!!!!!

မမ သနားမိပါရဲ့အေ😂ငိုနက် ခလေး😁

မမရှိနေမှတော့
ငိုတော့ဘူး မမ😁😁😁

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64512.68
ETH 2615.54
USDT 1.00
SBD 2.82