၂၀၁၆ခုနှစ်မှ လိင်ကျွန်အဖြစ် ပိတ်လှောင်ခံ ရိုဟင်ဂျာအမျိုးသမီး ထွက်ပြေးလွှတ်မြောက်လာ

in #steempress5 years ago

မောင်တော (၇.၁၂.၂၀၁၈)။          ။ မောင်တောမြို့နယ် လိပ်ရကျေးရွာတွင်နေထိုင်ခဲ့သော ဦးဟာမိတ်ဟူဆောင်း ဧ။်သမီးဖြစ်သူ မဆေးနူဝါရာသည် ၂၀၁၆ ခုနှစ်မှစပြီး သက်ဆိုင်ရာရဲစခန်းမှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကာ  ကာလအတန်ကြာမြင့်စွာ လိင်ကျွန်အဖြစ် အသုံးချခံခဲ့ရပြီး မကြာသေးခင်က ထွက်ပြေး လွှတ်မြောက် လာကြောင်းကို သူမရဲ့ ထွက်ဆိုချက်အရ သိရှိရပါတယ်။

သူမက “ ကျွန်မ မိဘတွေ ဘယ်ရောက်နေမှန်း ကျွန်မ မသိပါဘူး။ ဘာကြောင့်လည်းဆိုတော့ ၂၀၁၆ ခုနှစ်ကတည်းက   သန်းမောင် (သူမ အသံထွက် မပီသ) ဟု ခေါ်ဆိုသူ ရဲဝန်ထမ်းတစ်ဦးက ကျွန်မကို အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။ အဆိုပါ ရဲဖြစ်သူက ကျွန်မကို တစ်ညလုံး မုဒိမ်းကျင့်ပြီး နေ့ပိုင်းကို သော့ခတ်ပြီး လှောင်ပိတ် ထားခဲ့ပါတယ်။ ကျွန်မ မိဘတွေ ဘယ်မှာလဲလို့ မေးလိုက်တိုင်း နင့်မိဘတွေကို ငါတို့သတ်လိုက်ပြီ နင်လည်း ငါတို့လုပ်ခိုင်းသလို လုပ်ရမယ်၊ မလုပ်ရင် နင့်မိဘလိုပဲ အသတ်ခံရမယ်” လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

သန်းမောင်က ထပ်မံဘာတွေပြုမူခဲ့သေးလဲဟု မေးမြန်းရာတွင် အဓမ္မပြုကျင့် ခံခဲ့ရသူက “ ကျွန်မထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားနေတာကို တားဆီးရန် ရိုက်နှက် ရက်စက်မှုတွေပြုလုပ်ခဲ့ပြီး တစ်ခြားရဲဝန်ထမ်း တစ်ဦးဖြစ်တဲ့ မင်းပိုင်ဟုခေါ်ဆိုသူထံ လွှဲပြောင်းပေးခဲ့ပြီး အဲ့ဒီမှာတော့ ညတိုင်းအုပ်စုလိုက် မုဒိမ်းကျင့်တာတွေကို ခံခဲ့ရပါတယ်။ အရက်သေစာတွေသောက်စားပြီးလည်း ကျွန်မကို မတရားသဖြင့် နှိပ်စက်မှုတွေပြုလုပ်ခဲ့တဲ့အပြင် ကျွန်မကိုသတ်ပြစ်မယ်လို့လည်း ခြိမ်းခြောက်ပါတတယ်” ဟု ဖြေကြားခဲ့ပါတယ်။

မင်းပိုင် ဆိုတဲ့ရဲဝန်ထမ်း ဘယ်ကလဲလို့မေးမြန်းကြည့်တော့ ထိုသူဟာ မောရ၀တီ ကင်းစခန်းက ဖြစ်ပြီး သူ့နံပါတ် (၂၄၃၇၁၄) ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဆိုပါရဲဝန်ထမ်းဖြစ်သူ မင်းပိုင်က ညဆို အရက်သောက်ပြီးပြန်လာချိန်မှာ အပေါင်းအပါတွေပါခေါ်ဆောင်လာခဲ့ပြီး ၁၀-၂၀ယောက်ရှိတဲ့ သူတို့အုပ်စုက ကျွန်မကို တစ်ဦးပြီးတစ်ဦး တစ်ညလုံး မုဒိမ်းကျင့်ခဲ့ကြတဲ့အပြင် သူတို့စေခိုင်းသမျှကို မလုပ်ရင် အရက်ပုလင်းနဲ့ရိုက်နှက်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ ရဲဝန်ထမ်းမင်းပိုင် ဆီကနေ ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်တွေကိုလည်း  “အဲဒီနေ့က မင်္ဂလာဆောင် တစ်ခုဖြစ်တော့ အရက်သောက်တဲ့သူကသောက် မူးပြီးအိပ်ပျော်သူကပျော် မင်္ဂလာဆောင်နေသူကဆောင်နေတဲ့ သူတွေကြားကနေ ကျွန်မ ထမင်းသွားစားမယ်လို့ပြောပြီး ခိုးထွက်ခဲ့တာပါ။” လို့သူမက ပြောပါတယ်။

ကျွန်မ လိပ်ရကို ထွက်ပြေးလာပြီး ၄ရက်လောက်နေခဲ့ပေမယ့် အဲ့ဒီရက်ပိုင်းမှာ ကျွန်မကို ပြန်လည်ဖမ်းစီးပြီး ရိုက်နှက် နှိပ်စက်ဖို့အတွက် ရှာဖွေနေချိန်မှာ ကျွန်မက  လှေသမားတစ်ဦးထံ အကူညီတောင်းပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတာ ခုဆိုရင် ၂ ရက်ရှိသွားပါပြီလို့လည်း သူမကပြောဆိုခဲ့ပါတယ်။

၂၀၁၂ခုနှစ်က စပြီး ရိုဟင်ဂျာလူမျိုးစုတွေဟာ မျိုးတုန်းသတ်ဖြတ်မှုကိုခံနေရရုံ မကပဲ အုပ်စုလိုက် မုဒိမ်းကျင့်တာတွေလည်း ခံနေခဲ့ကြရတာဖြစ်ပါတယ်။ ခုလို အင်အားနည်းတဲ့ ရိုဟင်ဂျာမိန်းမသား တစ်ယောက်အနေနဲ့ သူမခံစားခဲ့ရတာတွေကို ကိုယ်မွေးဖွားခဲ့ရာ ဒေသ ကိုယ့်နိုင်ငံမှာ တရားမျှတမှုကို ရရှိဖို့အတွက် ဘာမှ မလုပ်ဆောင် နိုင်ခဲ့ပေ။ လူနည်းစုတွေအတွက် တရားမျှတမှုမရှိတဲ့ မြန်မာနိုင်ငံမှာတော့ ရိုဟင်ဂျာလူမျိုးစုတွေဟာ ခုလိုမတရား ဖိနှိပ်မှု ဒဏ်တွေကို အသက်ရှင် နေထိုင်သမျှ ခံစားနေရအုံးမှာလား?

မဆေးနူဝါရာ နည်းတူ တခြားသော ရာနဲ့ချီတဲ့ ရိုဟင်ဂျာမိန်းကလေးများ ခုလိုဝမ်းနည်းစရာကောင်းတဲ့ အခြေအနေမှ မလွှတ်မြောက်နိုင်ပဲ မြန်မာ့ လက်နက်ကိုင်အစွန်းရောက်များဧ။် လက်အောက်တွင် လိင်ကျွန်ဘ၀နဲ့ ရှိနေတုန်းပဲဖြစ်ပါတယ်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%81%82%e1%81%80%e1%81%81%e1%81%86%e1%80%81%e1%80%af%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%99%e1%80%bd-%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%80%e1%80%bc%e1%80%ba%e1%80%94%e1%80%b9%e1%80%a1/

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63722.47
ETH 3049.10
USDT 1.00
SBD 4.03