Opening Rewards cards

in #steempress5 years ago (edited)

Sadly no gold foil, no legendary and no gold foil legendary.

ဒီနေ့ ကဒ်တွေကတော့ အကောင်းနဲ့ အဆိုးနဲ့ တွဲနေတာပါပဲ။ ဒါပေမဲ့ ကိုယ်လိုချင်နေတဲ့ ကဒ်တွေတော့မပါဘူးပေါ့။ DEC နဲ့ လဲရင်လဲ မလဲ ရင် ရောင်းဖို့ပဲ ရှိပါတော့တယ်။ Checken ကတော့ မဆိုးပါဘူး။ Mana က ၀ ဆိုတော့ ဘယ်နေရာပဲ ဖြစ်ဖြစ် အသုံးဝင်ပါတယ်။ စစ်သားနဲ့ဆို ပိုပြီး အသုံးဝင်တာပေါ့။ မှော်နဲ့သာ မဟုတ်ရင်တော့ သူ့ကို အနဲဆုံး နှစ်ကြီမ်တိုက်ရဖို့ များပါတယ်။ Piercing မဟုတ်ခဲ့ရင်ပေါ့။

ဒီနေ့ကတော့ ကံသိပ်မကောင်းဘူး။ ပြိုင်ပွဲဝင်တော့မယ့် အချိန်ကျမှ အင်တာနက်က ဒေါင်းသွားပါတယ်။ အဲဒီတော့ မပြိုင်လိုက်ရပါဘူး။ အခုစာရေးနေတုန်းမှာတောင် အင်တာနက်က ဒေါင်းနေပါတယ်။ အဲဒါနဲ့ပဲ အိပ်လိုက်ပြီးတော့ နိုးလာမှပဲ ပိုစ့်တင်ပါတော့မယ်။ တိုက်ပွဲတွေ ထည့်ဖို့ဟာကို ထည့်ဖို့ မဖြစ်နိုင်တော့ဘူးနဲ့တူပါတယ်။ ကျွန်တော်ရေးလိုက်လို့နဲ့ တူတယ်။ လင့်ခ်က ပြန်တက်လာပါပြီ။

မနေ့ကတော့ Esteem နဲ့ရေးတင်ပါတယ်။ ဒီနေ့တော့ Steempress နဲ့ ရေးတင်လိုက်ပါဦးမယ်။ တစ်ကယ်လို့ ရလဒ် မကောင်းခဲ့ဘူးဆိုရင်တော့ တစ်လှည့်စီ ရေးတင်သွားမှာ ဖြစ်ပါတယ်။ Esteem က တင်တဲ့အချိန်ကို တွက်ဆနေရတဲ့အတွက် အချိန်ကိုက် ပိုစ့်တင်နိုင်ဖို့ ဆိုတာ သိပ်မလွယ်ပါဘူး။ Steempress ကတော့ ဘယ်အချိန်ပဲ ပိုစ့်တင်တင် အပ်ဗုတ်ပေးပါတယ်။  ရတာချင်းကတော့ သိပ်မကွာပါဘူး။ ဒါပေမဲ့ Steempress က ဖြတ်တာ ပိုများပါတယ်။ အဲဒိတော့ သိပ်မကောင်းလှဘူးပေါ့။ ဖြတ်တာ နည်းလေလေ ကောင်းလေလေပါပဲ။ အလကားရတာကတော့ အကောင်းဆုံးပါပဲ။



Posted from my blog with SteemPress : https://steemhosting.com/?p=198

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64006.33
ETH 3077.08
USDT 1.00
SBD 3.87