Introduction to One up, One Down Steemit Networking ChallengesteemCreated with Sketch.

in #steempress6 years ago (edited)


Ref Link : https://steemit.com/steem/@paulag/one-up-one-down-steemit-networking-challenge-1

ကျွန်တော် ဒီ accout လုပ်တာ နှစ်ဆယ့်သုံးရက်ရှိပြီဖြစ်သလို RP ကလဲ ၅၀ ကျော်ခဲ့ပါပြီ။ ဒီအကောင့်ကို သူများတွေကို ကူညီပေးဖို့လုပ်ထားတာပါ။ ဒါပေမဲ့ ရလဒ်တွေက မကောင်းလှဘူး။ upvote တွေရယ် comment တွေရယ် ပိုပြီးတော့လိုလာပါတယ်။ ဒါမှလဲ ရေးရတာ ပိုကောင်းလာသလို အခြားသူတွေကိုလဲ ပိုပြီး ကူညီနိုင်လာမှာဖြစ်ပါတယ်။

ပထမ MSU ကို join မလားလို့စဉ်းစားပါသေးတယ်။ ဒါပေမဲ့ စည်းမျည်းတွေနဲ့က သိပ်အဆင်မပြေလှဘူးထင်တာပဲ။ အဲ့ဒိတော့ နောက်ထပ်တစ်ခုကိုကြိုစားကြည့်ရမှာပါ။ အဲ့ဒါကတော့ @paulag ရဲ့ One up, One Down Steemit Networking Challenge ပဲဖြစ်ပါတယ်။

ဒီပိုစ့်ကတော့ @paulag ရဲ့ စိတ်ကူးကို ရေးထားတာဖြစ်သလို ကျွန်တော်တို့ကလဲ သူ့စိတ်ကူးအတိုင်းလိုက်လုပ်မှာဖြစ်ပါတယ်။ အောက်ကရေးထားတဲ့အတိုင်း လုပ်စေချင်ပါတယ်။ ဒါမှလဲ အကုန်လုံး တစ်ပြိုင်နက်ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။

“For everyone trying to grow, you all know how hard it is to grow. Take the opportunity this list provides, and visit the person above and below you on the list, see if they have a piece of content you can vote on. Once a week supporting each other in this manner, you will all benefit, and you may find someone with like taste and content you like.”

လူတိုင်းကတော့ အောင်မြင်ဖို့ကြိုးစားနေတာပါပဲ။ ဒါပေမဲ့ အောင်မြင်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီအခွင့်အရေးကို ယူပြီးတော့ လုပ်ကြည့်ကြပါ။ ဒီမှာ comment ရေးထားတဲ့အထဲကမှ အပေါ်က တစ်ယောက် အောက်ကတစ်ယောက် ရဲ့ comment ကို upvote ပေးပါ။reply လုပ်ပါ။ ပြီးတာနဲ့ သူတို့ရဲ့ profile ကို သွားကြည့်ပါ။ တစ်ကယ်လို့ သင်ကြိုက်တဲ့ ပိုစ့်တစ်ခုခုတွေ့တယ်ဆိုရင် upvote ပေးခဲ့ပါ။ ဒီလိုနည်းနဲ့ သင်တို့နှစ်သက်တဲ့စာရေးသူတွေကို တွေ့လာပါလိမ့်မယ်။

အပတ်တိုင်း ဒီလို post တစ်ခုကို ဖန်တီးသွားမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မိတ်ဆွေတွေ ပေါ များလာဖို့ ပိုစ့်အသစ်တွေ ရှာတွေ့ဖို့နဲ့ အခြားသူတွေကို ပံ့ပိုးပေးနိုင်ဖို့ပဲဖြစ်ပါတယ်။

အပတ်တိုင်းမှာ မေးခွန်းတစ်ခု မေးမှာဖြစ်ပါတယ်။ အဲ့ဒိမေးခွန်းကဖြေပေးရမှာဖြစ်ပါတယ်။ အဲ့ဒိနောက်မှာတော့ ကိုယ့်အပေါ်က comment ပေးထားတဲ့ သူရယ် ကိုယ့် အောက်က comment ပေးထားတဲ့သူရယ်ကို upvote ပေးရမှာဖြစ်သလို comment လဲပေးရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ သူတို့ရဲ့ profile ကို သွားကြည့်ပါ။ ကိုယ်ကြိုက်တဲ့ ပိုစ့်တွေ့ရင် upvote ပေးခဲ့ပါ။ ပြီးတော့ comment လဲပေးခဲ့ပါ။

ဒီပိုစ့်မှာ comment ပေးတဲ့သူတိုင်း ကျွန်တော့်ဆီကနေ upvote တစ်ခုရမှာဖြစ်သလို မိတ်ဆွေဆီကိုလဲ ကျွန်တော်အလည်လာပါဦးမယ်။ ကျွန်တော်ကြိုက်တဲ့ပိုစ့်တွေကို upvote ပေးပါဦးမယ်။

ဒီအပတ်အတွက် မေးခွန်းကတော့
တစ်ကယ်လို့ ကမ္ဘာပေါ်မှာ သင်မသွားရသေးတဲ့ နေရာ တစ်ခုရှိခဲ့မယ်ဆိုရင် သင်ဘယ်နေရာကို သွားချင်ပါသလဲ။ ဘာ့ကြောင့်သွားချင်ပါသလဲ။

စည်းမျည်းများ
မိတ်ဆွေရဲ့ အပေါ်မှာ comment ပေးထားတဲ့သူနဲ့ အောက်မှာ comment ပေးထားတဲ့သူကို upvote ပေးပါ။ ပြီးတာနဲ့ reply လုပ်ပေးပါ။

သူတို့ဆီကို သွားကြည့်ပါ။ သင်ကြိုက်တာတွေ့ရင် upvote ပေးခဲ့ပါ။
ဒီပိုစ့်ကို လူအများမြင်တွေ့နိုင်အောင် resteem လုပ်ပေးပါ။

Are you ready? One up, One Down, lets network and grow together

ဒီအောက်ကပိုစ့်တွေကတော့ hardfork 20 အကြောင်းဖြစ်ပါတယ်။လေ့လာကြည့်ပါ။ စက်တင်ဘာ ၂၅ ရက်ကနေစပြီး ပြောင်းတော့မှာပါ။ ဒီအပြောင်းအလဲကြောင့်ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။

 

 



If you would like to delegate to @mmunited you can do so by clicking on the following links: 5 SP, 10 SP,15 SP, 20 SP, 25 SP, 50 SP, 100 SP, 250 SP . Be sure to leave at least 50SP undelegated on your account.




Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=99
Sort:  

thank you for the support :-)

Welcome @paulag, I got inspiration from you. You are my idol.

ကျွန်​​တော်​​က​တော့ တရုတ်​ကိုသွားချင်​တယ်​ သူတို့ ရဲ့ ယဉ်​​ကျေး​မူ​တေ​ကို​လေ့လာချင်​လို့ ပါ

ကောင်းပါတယ် ဘရို။ တစ်ကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။

ကျော်ကတော့ ဘူတန် သွားချင်တယ် အရမ်း အေးချမ်းတယ် ကြားထားလို့

သိပ်‌‌ကောင်းတဲ့‌နေရာပါbro.ဘူတန်‌မင်းသားက နာမည်‌ကြီးတယ်‌။

ဟုတ်ကဲ့ bro 😊
@aggamun

ဘူတန်တော့ တစ်ခါမှမရောက်ဖူးပါဘူး။ဗုဒ္ဓဘာသာနိုင်ငံလို့တော့ ကြားဖူးပါတယ်။

ကျွန်တော်ကတော့ အခွင့်အရေးရခဲ့ရင် singapore ကိုသွားချင်ပါတယ်။ စင်ကာပူဆိုတာကတော့ သိပ်ပြီး ကြီးကျယ်လှတဲ့နေရာ တစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေအများကြီး အဲ့ဒိမှာ ရှိပါတယ်။ သူတို့နဲ့ ပြန်ဆုံချင်ပါသေးတယ်။

သိပ်ကောင်းတဲ့ စိတ်ကူးပါ ပြည့်ဝပါစေ ရှင်

ဆရာ လည်း ရည်​မှန်​ထားသလို သွား​ရောက်​နိုင်​ပါ​စေ

ကျွန်‌‌တော်‌က‌တော့ ဗုဒ္ဓဂါယာ ကို သွား ချင်‌တယ်‌။ဘာ‌ကြောင့်‌လဲဆို‌တော့ ဘုရား‌နေထိုင်‌ခဲ့တဲ့‌နေရာ‌တွေကို ‌ရောက်‌ဖူးချင်‌လို့ပါ။

သွားသင့်တဲ့ နေရာထဲမှာ ဗုဒ္ဓဂယာလဲ ပါပါတယ

ကမ္ဘောဒီးယား က အန်ကောဝပ်ကျောင်းတော်ကြီးကို သွားကြည့်ချင်တယ်ဗျာ။

အာရှရဲ့ ရှေးအကျဆုံး ၀တ်ကျောင်းတော်ဖြစ်လို့ နှစ်ပေါင်းများစွာက လူတွေရဲ့ စိတ်အာရုံကျက်စားခဲ့တာမို့ အဲ့နေရာရောက်ရင် အဲ့ ရှေးခေတ်လူသားတွေရဲ့ အငွေ့အသက်တွေကိုခံစားချင်လို့ပါ

good idea bro

23 ရက်နဲ့ RP 50 ရတာအံ့စရာပဲ ကျွန်တော်တို့ RP 57 က တစ်နှစ်ကျော်ပြီ။

SP များတဲ့သူတွေက vote ပေးရင် RP တက်တာမြန်တယ်ဘရို။ ၃၀ ကနေ ၄၀ အထိကို ၅​ဒေါ်လာပဲပေးရတယ်။

ကျမရဲ့ အိမ်မက်ကတော့ ဗုဒ္ဓဂါယာ ကိုသွားချင်တာပါ
မြတ်စွာဘုရား ပွင့်ခဲ့တဲ့နေရာမို့ ကိုယ်တိုင်ကိုင်ကျ ဖူးမြော် ချင်တာပါ

အရမ်းကောင်းပါတယ် sis။ sis ရဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

အပေါ်အောက် comment တွေကို upvote ပေးပြီး reply လုပ်ပေးပါဦးနော်

ရည်​မှန်း ချက်​​လေး​တေပြည့် ဝပါ​စေ

ပုဂံ
မြန်မာတွေအားလုံးရဲ့ပုဂံ မို့ဗျာ

ကောင်းတယ် ဘရို။ ကျွန်တော်တော့ ပုဂံ မကြာခဏရောက်တယ်။ သိပ်တော့မ နှံ့ပါဘူး။

comment တွေကို upvote ပေးကြပါဦး။ ၀.၀၂ ထက်နည်းတဲ့ comment တွေက ဘာမှမရပါဘူး။ ဒိထက်များဖို့လိုပါတယ်။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86