အုပ်စုဖွဲ့ပြီးမိုက်ကြမလား

in #steempress5 years ago

တစ်ယောက်တည်း ရှင်သန်ရပ်တည်ရတာထက် အုပ်စုနဲ့ နေထိုင်ရတာက အားသာချက်တွေများစွာရှိပါတယ် အခက်အခဲ အတားအဆီးတွေကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ရတာက အချိန်များစွာကုန်စေနိုင်သလို အခက်အခဲတွေကို ကျော်လွှားဖို့လည်း မလွယ်ကူနိုင်ပါဘူး အုပ်စုနဲ့ဆိုတော့ အကူအညီ အထောက်အပံ့တွေ ရနိုင်ပါတယ် ကိုယ့်အခက်အခဲကို သူက ကူလို့ သူ့အခက်အခဲကို ကိုယ်က ကူကြရတာပေါ့ အုပ်စုနဲ့ စုဖွဲ့ပြီးနေတော့ တော်တန်ရုံလူက မခန့်လေးစားလုပ်တာတို့ ရန်ရှာတာတို့ အနိုင်ကျင့်တာတို့ မလုပ်ဝံ့တော့ပါဘူး ဒါတွေကတော့ အုပ်စုနဲ့ နေထိုင်ခြင်းကနေ ရနိုင်တဲ့ ကောင်းကျိုး တစ်ချို့တလေပေါ့

တစ်ကိုယ်တည်း နေထိုင်ရင်တော့ လွတ်လပ်ပါတယ် တစ်ခုခုဆို ညှိနှိုင်းနေစရာမလိုအပ်သလို အများသဘောကို စောင့်နေဖို့လည်းမလိုအပ်ပါဘူး မိမိသဘောအတိုင်း ဆောင်ရွက်နိုင်ပါတယ် အချိန်ကျန့်ကြာတာတွေနည်းပါတယ် အမြင်မတူတာတွေ အသွင်မတူတာတွေအတွက် ခေါင်းမစားရတော့ပါဘူး စိတ်ထဲရှိတဲ့အတိုင်း သင့်သလို အလျှင်အမြန်ဆောင်ရွက်နိုင်ပါတယ် ပေါ့ပေါ့ပါးပါး နေနိုင်တယ်ပေါ့ အမှားကို မှားမှန်းသိလျှက်နဲ့ မှန်ပါတယ်လို့ ရောယောင် လုပ်နေစရာမလိုသလို အမှန်ကို မှန်နေပါလျှက် မှားချင်မှားနေနိုင်တယ်ဆိုပြီး လိုက်လျှော ညီထွေ လုပ်နေစရာလည်းမလိုအပ်ပါဘူး မိမိသဘောအတိုင်း ဆုံးဖြတ်နိုင်တယ် လုပ်ကိုင်နိုင်တယ်ပေါ့ ဒါကလည်း တစ်ကိုယ်တည်းနေထိုင်ရခြင်းရဲ့ ကောင်းကျိုး တစ်ချို့ ဆိုပါတော့

ဆေးဝါးထုတ်လုပ်ရေး ဂိမ်းမှာလည်း ဒီသဘောတရားလေးတွေ ချိန်ထိုးရမယ့် အနေအထား ကျရောက်လို့ လာပါပြီ ဘာလို့လဲဆိုရင်တော့ အုပ်စုဖွဲခွင့် တရားဝင် ချပေးလိုက်ပါပြီ မိမိရဲ့ တပ်အင်အားကို စုဖွဲ့ပြီး အုပ်စုဖွဲ ခြိမ်းခြောက်တာတို့ ဘာတို့ အင်အားပြ အနိုင်ကျင်တာတို့ လုပ်မယ်ဆို လုပ်လို့ရပါပြီ တရားဝင်လုပ်ခွင့်ပေးလိုက်ပါပြီ ကုန်ကျငွေတစ်ချို့တော့ ရှိပါတယ် နှစ်ရာ့ငါးဆယ် ကေပါတ်လည် ကုန်ပါလိမ့်မယ် ကုန်ကျခံနိုင်ရင်တော့ အမြန်ဆောင်ရွက်ပြီး ဂိုဏ်းထောင်လိုက်ကြပါ

မကြာခင်မှာတော့ ကလန်ဝါးတိုက်သလို အုပ်စုနဲ့ တိုက်ခိုက်တာတွေ ပြိုင်ပွဲတွေ ချိန်းပွဲတွေ အုပ်စုနဲ့ ပွဲကြမ်းတာတွေ တွေ့မြင်လာရပါတော့မယ် ဒါကတော့ ဂိမ်းရဲ့ လိုအပ်နေသော ကွက်လပ်တစ်ချို့ကို ဖြည့်ဆည်းပေးလိုက်တာပါဘဲ ဒါကိုတော့ ကြိုဆိုပါတယ် မျှော်နေတာ ရောက်လာပြီလေ စီအိုစီမှာလို ကလန်တွေ စုဖွဲ့ပြီး ၀ါးတိုက်သလိုလာမယ်ထင်ပါတယ်

အုပ်စုနဲ့ စုဖွဲ့နေရင်တော့ အုပ်စုရဲ့ အထောက်အပံ့တွေ ရလာမှာဖြစ်သလို အုပ်စုရဲ့ လိုအပ်ချက်ကိုလည်း မိမိက ဖြည့်ဆည်းပေးရတော့မှာဖြစ်ပါတယ် စစ်ကူပေးလို့ရတာတွေဘာတွေ ပါဝင်လာနိုင်ပါတယ် ဒါဆိုရင်တော့ စစ်အင်အားတောင့်တင်းတဲ့ အုပ်စုထဲ ၀င်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ် ဒါမှသာ အထောက်အပံ့ကောင်းတွေရလာမှာပါ

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/03/23/%e1%80%a1%e1%80%af%e1%80%95%e1%80%b9%e1%80%85%e1%80%af%e1%80%96%e1%80%bc%e1%80%b2%e1%82%95%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%99%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%81%be%e1%80%80%e1%80%99/

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64006.33
ETH 3077.08
USDT 1.00
SBD 3.87