ပြေးရှောင်ပုန်းလို့မရပါ

in #steempress6 years ago

ဒီနေ့ညတော့ တော်တော်လေး ညနက်သွားတယ် စိတ်ထဲမှာ မရှင်းမရှင်း ဖြစ်နေတာလေးကို

လာမယ့်ဘေး ပြေးတွေ့လိုက်တဲ့ သဘောပါဘဲ အဲ့ဒါလေးတွေ လိုက်လုပ်နေတယ်ဆိုပါတော့

မရှင်းလို့လည်း မရတော့ဘူး ရှင်းမှကို ဖြစ်မှာ ဒါကြောင့် ဒီည အပြတ်ရှင်းပြစ်လိုက်တယ်

ကိုယ်က မတော် မတရား လုပ်မိထားတာကိုး တောင်းပန်ရတာပေါ့

အယူခံဝင်ရတဲ့သဘောပါ သိပ်တော့ မခက်ပါဘူး အကျိုးနဲ့ အကြောင်း လျှောက်လဲချက်လေးပေး

လိုက်တာပါဘဲ

တောင်းပန်တာက ကိုယ့်အလုပ် ခွင့်လွှတ်တာမလွှတ်တာ ကျေအေးတာ မကျေအေးတာက

သူ့အလုပ်လေ

ဒီတော့ ကိုယ့်အလုပ် ကိုယ့်အပိုင်းကတော့ ပြီးပြိ ကျန်တာ သူ့အပိုင်း သူ့တာဝန်ပေါ့

ခုမှဘဲ စိတ်ထဲ အေးတော့တယ် မဟုတ်ရင် အဲ့သလို တအုံနွေးနွေး စိတ်ထဲ အချိန်ရှိတိုင်း

ဒါကြီးဘဲ ၀င်ဝင်လာနေတာ နေရတာမပျော်ပါဘူး

အခုတော့ ပြီးပါပြီ အဲ့ဒါသွားလုပ်နေတာနဲ့ ဒီည ဒီပိုစ့်တောင် မရေးနိုင်တော့ဘူး ထင်ထားတာ

နာရီကိုလှမ်းကြည့်တော့ ညတစ်နာရီခွဲတောင် ကျော်နေပေါ့ ဘယ်ရမလဲ မှီသလောက်လေး

အမြန်ရေးရတာပေါ့ တစ်ရက်ဆိုတစ်ရက် တစ်ပုဒ်ဆိုတစ်ပုဒ် နောက်ကျမယ်လေ

ဒီလိုဘယ်အဖြစ်ခံမလဲ ကိုယ်က မိုးရွာတုန်းရေခံရတာ ပဲများနေလို့မရဘူး

ကိုယ်မလုပ် ကိုယ်မရတာရှိလိမ့်မယ်

ရေးတာ မရေးတာ ကိုယ့်အလုပ်လေ ပေးတာမပေးတာ သူတို့အလုပ် သူတို့တာဝန်ပေါ့နော

ဒီည ဂိမ်းလဲ မဆော့ရပါဘူး အချိန်က မလောက်မင တွေဖြစ်လို့

ကိုယ့်ဟာကိုယ်တောင် အချိန်က မမှီမကမ်း မလောက်မင လက်မလည်နိုင်အောင် ရှိနေတာ

ဒီပြသနာက လာရှုပ်နေတာလေ

ဒါနဲ့ စတင်းဈေးက ပါးပါးလေး တက်နေတယ်နော့ ခပ်ထူထူလေး တက်အောင်

ကန်တော့ပွဲ ထိုးရမလားမသိဘူး ဘိုးတော် တစ်ပါးလောက်ပင့်ပြီး စတင်းဈေးတက်အောင် ဂါထာ

တွေ ရွတ်ခိုင်းရလေမလား ကိုယ်တိုင်လည်း ဂါထာပေါင်း စုံနေပြီ အစွမ်းက မပြသေးဘူး

ဒီတစ်ခါ ဈေးတက်ရင်တော့ ဘာတွေလုပ်ကြမှာလဲ စာတွေရေးကြမှာလား စတင်းတွေ အရည်ဖျော်

ကြမှာလား အရင်လိုဘဲ အရင်အတိုင်းဘဲလား မသိသေးဘူး

ဒီတစ်ခါ စတင်းဈေးများ ဆောင့်တက်လို့များကတော့လား တွေ့မယ် မင်းတို့ စာရူးပေရူး

ကွိုင်ရူး အရူးတွေလို ပြောတဲ့ သေနာလေးတွေ လက်တွေ့ ကိုယ်တွေ့ သက်သေပြရဦးမှာပေါ့လေ

အခုတော့ သူတို့ပြောသမျှ ခေါင်းငုံ ခံနေရတယ် မခံလို့လည်းမရဘူးလေ ကိုယ်မှ အခုချိန် လက်ဆုပ်

လက်ကိုင် မပြနိင်သေးတာဘဲလေနော့

Author : @bobokyaw
@bobokyaw.jpg

 


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=140

Sort:  

စတင်းဈေးများ ဆောင့်တက်လို့များကတောအကုန်ရောင်းမယ်

ခုချိန်တော့ မပြောသာသေးဘူးပေါ့ ကိုဘိုဘိုကျော်ရယ်

ဟုတ်တယ်ဗျာ ဈေးက တက်မတက်နိုင်သေးဘူး

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 62864.56
ETH 2538.87
USDT 1.00
SBD 2.93