မလိုအပ်တဲ့နေရာမှာ သုံးကြပါ

in #steempress4 years ago

လုံးဝမလျှော့ဘူး ဆိုတဲ့ နောက်ဆုံး post က လုံးဝနောက်ဆုံး မဟုတ်ခဲ့ပါဘူး ... ဆက်ရန်ရှိပါသေးတယ် ... နောက်ကွယ်ကနေ လှုပ်ရှားသူတွေ ရှိနေသရွှေ့ ထပ်မံ မြင်နေရဦးမှာပါ ... အားပေးကူညီသူအားလုံးကို ကျေးဇူးတင်ပါတယ် ...

(Unicode)

ဘဦး ဆုံးဖြတ်လိုက်ပြီ …

ဘာတွေများ ထွေထွေထူးထူး ဆုံးဖြတ်နေတာလဲပေါ့ … ဒီနေ့ ဘာတွေ အချိန်ဖြုန်းရရင် ကောင်းမလဲ … ဘယ်ကိုများ သွားလေရင် ကောင်းမလဲ … ဒါတွေပဲ တစ်ချိန်လုံး တွေးနေတဲ့ ဘဦးတစ်ယောက် ဆုံးဖြတ်တဲ့ ကိစ္စက ကြီးကြီးကျယ်ကျယ်တော့ မဖြစ်နိုင်လောက်ဘူး … ပုံမှန်အတိုင်းပဲ ဖြစ်မှာပေါ့လို့ … ဘေးလူတွေကတော့ ထင်ကြမှာပဲ … ဒါပေမဲ့ ဘဦးကတော့ လူတွေ ဘယ်လိုပဲ ထင်ထင် သူမှန်တယ် ထင်တာကို လုပ်မှာပါပဲ …

တစ်လ တစ်လ မလိုအပ်တဲ့နေရာမှာ ငွေ *** သောင်းကို ပုံမှန်သုံးမယ်လို့ ဘဦး ဆုံးဖြတ်လိုက်တာပါ …

နားများ ရှုပ်သွားသလား … လူတွေ ငွေသုံးတာက လိုတဲ့နေရာမှာ သုံးတာပါ … သူတို့နဲ့ ပြောင်းပြန် ဘဦးကတော့ မလိုအပ်တဲ့နေရာမှာ သုံးမယ်ဆိုတော့ ဒီလူ ရူးများနေသလား … ဘာလို့များ ဒီလို ဆုံးဖြတ်လိုက်တာလဲ …

ဟုတ်ပြီ … လူတွေက လိုအပ်တဲ့နေရာမှာ သုံးတယ်ဆိုတော့ ဘယ်လိုအပ်တဲ့နေရာမှာသုံးတာလဲ မေးစရာရှိလာတယ် … အဓိက သူတို့တွေသုံးတာက သူတို့လိုအပ်တဲ့နေရာမှာပါ … တချို့လူတွေ လိုအပ်ပြီး မသုံးနိုင်တဲ့လူတွေကို မမြင်ချင်ယောင်ဆောင်နေကြတယ် … တကယ်လို့ ကိုယ် မလိုအပ်တဲ့ ငွေ ၂ သောင်း ၃ သောင်းက တချို့လူတွေအတွက် အရမ်းလိုအပ်နေတာ ကိုယ်တွေ သိပေမယ့် ကိုယ်တွေရင်ထဲမှာ သူတို့လို လိုအပ်လာတဲ့အချိန်ရှိလာမှာ စိုးရိမ်စိတ်တွေနဲ့ မျှဝေဖို့ စိတ်မကူးရဲကြဘူး … မမြင်ချင်ယောင်ဆောင်ကြတယ် …

ငွေက ဒုတိယဘုရားသခင်ပါ … ဒါကို မရှိတဲ့ကြားကနေ ဝေမျှပေးသူက မြင့်မြတ်သူပါ … ဘဦးက အခု မြင့်မြတ်သူ မွန်မြတ်သူ ဖြစ်သွားပါပြီ … သူ ဘယ်မှာပဲ နေနေ … ဘယ်လိုပဲ ဝတ်စားဝတ်စား … သူ့အကူအညီ ရခဲ့သူတွေအတွက်ကတော့ သူက နတ်သိကြားအလားပါပဲ …

(Zawgyi)

ဘဦး ဆုံးျဖတ္လိုက္ၿပီ …

ဘာေတြမ်ား ေထြေထြထူးထူး ဆုံးျဖတ္ေနတာလဲေပါ့ … ဒီေန႔ ဘာေတြ အခ်ိန္ျဖဳန္းရရင္ ေကာင္းမလဲ … ဘယ္ကိုမ်ား သြားေလရင္ ေကာင္းမလဲ … ဒါေတြပဲ တစ္ခ်ိန္လုံး ေတြးေနတဲ့ ဘဦးတစ္ေယာက္ ဆုံးျဖတ္တဲ့ ကိစၥက ႀကီးႀကီးက်ယ္က်ယ္ေတာ့ မျဖစ္နိုင္ေလာက္ဘူး … ပုံမွန္အတိုင္းပဲ ျဖစ္မွာေပါ့လို႔ … ေဘးလူေတြကေတာ့ ထင္ၾကမွာပဲ … ဒါေပမဲ့ ဘဦးကေတာ့ လူေတြ ဘယ္လိုပဲ ထင္ထင္ သူမွန္တယ္ ထင္တာကို လုပ္မွာပါပဲ …

တစ္လ တစ္လ မလိုအပ္တဲ့ေနရာမွာ ေငြ *** ေသာင္းကို ပုံမွန္သုံးမယ္လို႔ ဘဦး ဆုံးျဖတ္လိုက္တာပါ …

နားမ်ား ရႈပ္သြားသလား … လူေတြ ေငြသုံးတာက လိုတဲ့ေနရာမွာ သုံးတာပါ … သူတို႔နဲ႔ ေျပာင္းျပန္ ဘဦးကေတာ့ မလိုအပ္တဲ့ေနရာမွာ သုံးမယ္ဆိုေတာ့ ဒီလူ ႐ူးမ်ားေနသလား … ဘာလို႔မ်ား ဒီလို ဆုံးျဖတ္လိုက္တာလဲ …

ဟုတ္ၿပီ … လူေတြက လိုအပ္တဲ့ေနရာမွာ သုံးတယ္ဆိုေတာ့ ဘယ္လိုအပ္တဲ့ေနရာမွာသုံးတာလဲ ေမးစရာရွိလာတယ္ … အဓိက သူတို႔ေတြသုံးတာက သူတို႔လိုအပ္တဲ့ေနရာမွာပါ … တခ်ိဳ႕လူေတြ လိုအပ္ၿပီး မသုံးနိုင္တဲ့လူေတြကို မျမင္ခ်င္ေယာင္ေဆာင္ေနၾကတယ္ … တကယ္လို႔ ကိုယ္ မလိုအပ္တဲ့ ေငြ ၂ ေသာင္း ၃ ေသာင္းက တခ်ိဳ႕လူေတြအတြက္ အရမ္းလိုအပ္ေနတာ ကိုယ္ေတြ သိေပမယ့္ ကိုယ္ေတြရင္ထဲမွာ သူတို႔လို လိုအပ္လာတဲ့အခ်ိန္ရွိလာမွာ စိုးရိမ္စိတ္ေတြနဲ႔ မၽွေဝဖို႔ စိတ္မကူးရဲၾကဘူး … မျမင္ခ်င္ေယာင္ေဆာင္ၾကတယ္ …

ေငြက ဒုတိယဘုရားသခင္ပါ … ဒါကို မရွိတဲ့ၾကားကေန ေဝမၽွေပးသူက ျမင့္ျမတ္သူပါ … ဘဦးက အခု ျမင့္ျမတ္သူ မြန္ျမတ္သူ ျဖစ္သြားပါၿပီ … သူ ဘယ္မွာပဲ ေနေန … ဘယ္လိုပဲ ဝတ္စားဝတ္စား … သူ႔အကူအညီ ရခဲ့သူေတြအတြက္ကေတာ့ သူက နတ္သိၾကားအလားပါပဲ …

Please note that this post is written by two version of fonts according to read by any users.



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=182
Sort:  

Giver be the great person.

Posted using Partiko Android

Hello, as a member of @steemdunk you have received a free courtesy boost! Steemdunk is an automated curation platform that is easy to use and built for the community. Join us at https://steemdunk.xyz

Upvote this comment to support the bot and increase your future rewards!

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88