ပဲ့ထွက်​​နေတဲ့ လူသားအချို့

in #steemitblogger6 years ago

လူအ​တော်​များများက ​နာမည်​ကျော်​ကြားမှုကို ရှာ​ဖွေကြ​လေ့ရှိတယ်​..
နာမည်​​ကျော်​ကြားမှုက ဒီ​ခေတ်​ကြီးမှာ အသုံးချလို့ ​ကောင်း​နေလို့ပဲ ဖြစ်​မယ်​..

ကျော်​ကြားမှုကို အသုံးချပြီး စီးပွားရှာလို့ရတယ်​..ဝင့်​ကြွားလို့ရတယ်​​လေ..
လူကြားသူကြားထဲမှာ ငါကွလို့ ​ခေါင်း​မော့ရင်​​ကော့နိုင်​တဲ့အထိ ​ကျော်​ကြားမှုက အသုံးချလို့ ​ကောင်း​နေတတ်​​လေ့ရှိတယ်​..

အောင်​မြင်​မှု​နောက်​မှာ ကိုယ့်​စိတ်​ချမ်းသာမှုကိုပဲ ရရှိနိုင်​တယ်​..​အောင်​မြင်​မှုက ​ကျော်​ကြားမှုမဟုတ်​ဘူး​လေ..

ကိုယ့်​ရဲ့ ကြိုးစားအားထုတ်​မှုရဲ့ ရလာဒ်​တစ်​ခုပဲ ဖြစ်​တယ်​။ကိုယ်​အများကြီး ကြိုးစားပြီး ကိုယ့်​စိတ်​​ကျေနပ်​​လောက်​တဲ့အထိ ပြီး​မြောက်​သွားရင်​ ဒါဟာ ကိုယ့်​အတွက်​ အကြီးမားဆုံး ​အောင်​မြင်​မှုပါပဲ..
အဲ့ဒီ​အောင်​မြင်​မှုအ​ပေါ် လူအများက လက်​ခံကြပြီး အသိအမှတ်​ပြု​ပေးကြရင်​ အဲ့ဒါ ကိုယ့်​ရဲ့ ​ကျော်​ကြားမှုပါပဲ။
လူအ​တော်​များများက ( ကျမကိုယ်​တိုင်​ အပါအဝင်​)ကိုယ့်​လုပ်​ရပ်​တစ်​ခု ကိုယ့်​ကြိုးစားအားထုတ်​မှုအ​ပေါ် အခြားလူတစ်​ဦးက အသိအမှတ်​ပြု​ပေး​စေချင်​တတ်​ကြတာ..အဲ့ဒီအသိအမှတ်​ပြု​ပေးမှုအ​ပေါ် သာယာတတ်​ကြ​လေ့ရှိတယ်​ မဟုတ်​လား..

အဲ့ဒီအသိအမှတ်​ပြုမှုအ​ပေါ်မှာပဲ အသုံးချတတ်​ကြ​လေ့လည်း ရှိတတ်​ကြတယ်​​လေ..

ဒါဟာ ​ကျော်​ကြားမှုအ​ပေါ်မှာ အသုံးချလိုက်​လြင်းပဲ​ပေါ့..
ကျော်​ကြားမှုကို လူ​တွေ အ​တော်​များများ ဘာ​ကြောင့်​အလိုရှိကြသလဲဆိုရင်​ ( ကျွန်​မ တစ်​​ယောက်​ထဲရဲ့ အမြင်​အရ )ကိုယ့်​ကို အသိအမှတ်​ပြု​စေချင်​လို့ ကိုယ့်​ကို အသိအမှတ်​ပြု​ပေးမှုအ​ပေါ်မှာ အသုံးချချင်​လို့ပဲ လို့ ထင်​မိတယ်​။

ကိုယ်​တိုင်​က ​ကျော်​ကြားမှုကို တကူးတက ရှာ​ဖွေ​နေတာမဟုတ်​ပဲနဲ့ နာမည်​​ကျော်​သွားတဲ့၊ သူ့ကြိုးစားအားထုတ်​မှုကို လူ​တွေအသိအမှတ်​ပြု လက်​ခံသွားကြ​ပေမယ့်​ အဲ့ဒီ​ကျော်​ကြားမှုကို အသုံးမချပဲ ကိုယ့်​​အောင်​မြင်​မှုနဲ့ ကိုယ်​ ငြိမ်​သက်​​နေတတ်​ကြသူ​တွေလည်း ရှိ​တော့ရှိတယ်​ ရှားပါတယ်​...
ရှားတဲ့အထဲမှာ အ​တော်​များများကလည်း သမိုင်းလူသား​တွေ ဖြစ်​သွားတတ်​ကြ​လေ့ရှိတာ သတိထားမိတယ်​...
သူတို့ရဲ့ အဲ့ဒီရှားပါးတဲ့ ​( ​ကျော်​ကြားမှုအ​ပေါ် အသုံးမချတဲ့ ) ပုံစံက ကို ​သူ့ရဲ့အောင်​မြင်​မှုတစ်​ခုအဖြစ်​ ထူးဆန်းတဲ့​ကျော်​ကြားမှု ဖြစ်​​နေတတ်​လို့ပါပဲ.....

I'm ATM.
Msu 021
Photo credit. image

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34