Education knowledge writing

in #steemit6 years ago

၉တန်းရူပသင်ဆရာဆရာမများအတွက်
................................
ဒီနေ့ ၉တန်း ရူပဗေဒ ကို ဒီလိုလေးအစပျိုးခဲ့ပါတယ်။

image
ရူပဗေဒ ဆိုတာဘာလဲ ။ ငါသိသားပဲ physics လို့ မင်းတို့ ဖြေမယ်ဆိုတာ။ မင်းတို့ဖြေတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်လိုဘာသာရပ်မျိးလဲ ဆိုတာ သိလား။
ကဲ စ ရအောင် ။
ရူပဗေဒ ( physics ) ဆိုတာ ဂရိစကားလုံးကနေ ဆင်းသက်လာတာ။ အဓိပ္ပါယ် က nature (သဘာဝ) တဲ့ ။
မင့်တို့ အပေါ်က ကောင်းကင်ကြီးကဘာကြောင့်ပြာတာလဲ??
ကမ္ဘာ တွေ ဂြိုလ် တွေက နေကို ဘယ်လို လည်ပတ်နေတာလဲ ။
လျှပ်စစ်ရဲ့ သဘောသဘာဝက ဘာတွေလဲ ။ စတဲ့ သဘောဝ ရဲ့ အဖြစ်အဖျက်လေးတွေကို လေ့လာတာဟာ ရူပေဒ ပါပဲ။
တို့ တွေ နေထိုင်နေတဲ့ စကြဝဠာ ကြီးတစ်ခုလုံးကို ချုပ်ကြည့်လိုက်မယ်ဆိုရင် mass နှင့် energy ( ဒြပ်နဲ့ စွမ်းအင်) ဆိုပြီး နစ်မျိုးပဲ ရှိတယ်။
ဒီတော့ ရူပဗေဒ ဆိုတာ ဟာ mass နဲ့ energy တွေ အကြောင်း လေ့လာတာပဲ လို့ ပြောနိင်ပြီးပေါ့။
Physics
Physics is the science that deals with the idea of matter and idea of energy.
Physics is the subject which studies energy, matter and natural phenomena.


Measurement ( တိုင်းတာရေတွက်ခြင်း)
ခုန က ပြောသွားတယ်။ ရူပဗေဒ ဆိုတာ သဘာဝကို လေ့လာတဲ့ ဘာသာရပ်တစ်ခုပဲလို့။ ဒီထက် ပိုလွယ်အောင် ပြောရရင် ရုပ်ပိုင်းဆိုင်ရာ ( ရုပ်လောက) ကို လေ့လာတာပဲ ကွ။ ဒီတော့ ရုပ်လောကမှာ တိုင်းတာခြင်းဆိုတာ သိပ်ကို အရေးကြီးတယ် ။
ဒို့ တွေ ပတ်ဝန်းကျင်မှာကို တွေ့လွယ် မြင်လွယ်တာတွေ နည်းတာ မဟုတ်ဘုး။ မင်းတို့အရပ်တွေ ဘယ်လောက်ရှည်သလဲ တိုင်းတယ်။ အိမ်ဝန်း တွေ ဘယ်လောက်ကျယ်လဲ တိုင်းတယ်။ ထမင်းချက်တာတောင် နို့ဆီဘူးနဲ့ တိုင်းပြီး ဘယ်နစ်ဘူး ချက်တယ် ပြောတာ။ ဈေးသွားဝယ်ရင် လည်း ကြက်သား တစ်ပိဿာ ၊ ခရမ်းချဉ်သီး အစိတ်သား စတာစတာတွေဟာ တိုင်းတာထားတာတွေ ပဲ မဟုတ်လား။ နောက်ဆုံး မင်းဆီးမယ့်ဖိနပ်တောင် နံပတ်ဘယ်လောက်လဲ ဆိုတာ မင်းခြေထောက်နဲ့ တိုင်းပြီး ဝယ်တာမဟုတ်လား။ ဒီတော့ measurement (တိုင်းတာရေတွက်ခြင်း) ဆိုတာ သိပ်ကို အရေးကြီးတယ်။
Measurement essentially is a comparison process .
တိုင်းတာရေတွေက် ခြင်းဆိုတာ တကယ်တော့ နိုင်းယှဉ်တဲ့ ဖြစ်စဉ်တစ်ခုပါပဲ။
တိုင်းတာထားတဲ့ အရာတွေကို ဖော်ပြမယ်ဆိုရင် ဖြစ်သလို အဆင်ပြေသလို ဖော်ပြလို့မရဘူး။
Q= Nu ဆိုတဲ့ ပုံစံလေးနဲ့ ဖော်ပြပေးရတယ်။ Q ဆိုတာ Quantity ကိုပြောတာ။ အလွယ်တကူပြောရင် တော့ မင်းတိုင်းတာချင်တဲ့ အရာပေါ့ကွာ။ ဥပမာ အလျား ၊ အမြင့် ၊ အလေးချိန် ၊ အမြန်နုန်း၊ အချိန် စတာစတာစတာတွေကိုပြောတာပေါ့။ N ဆိုတာ အရေ အတွက် ပမာဏ ပေါ့ကွာ။ နောက် က u ဆိုတာတော့ unit ပေါ့။ unit ဆိုတာကိုလောလောဆယ် အလွယ်ပြောရရင်
"ပန်းသီး ၁၀လုံး " ဆိုတဲ့ တန်းဖိုးတစ်ခုမှာ "လုံး" ဆိုတာ ယူနစ်ပဲ။ "ဆန်း ၁၀ အိတ်" မှာ "အိတ်" ဆိုတာယူနစ်ပဲကွ။
ဒီတော့ Q=Nu ပုံစံကို ပြန် ပြောရရင်
length = 5m ဆိုပိုစို့ ။ အဲ့မှာ length (အလျား) Quantity ၊ 5 က number ၊ m က unit ပေါ့။

Physical quantity
Physical quantity is one which we can measure.
တိုင်းတာလို့ ရတာမှန်သမျှ ကို ရူပဗေဒ မတ္တာ လို့ ခေါ်တယ်။

ဟုတ်ပြီ ဒီတော့ အဲ့ဒီ တိုင်တာရေတွက်ရမယ့် quantity ကို နစ်မျိုးထပ်ခွဲလို့ရတယ်။ basic quantity နဲ့ derive quantity ဆိုပြီးတော့ လေ။

ကဲမုန့်စားကျောင်းဆင်းပြီဟေ့။ နောက်နေ့မှဆက်ရအောင်။
အားလုံးမင်္ဂလာပါ။

ဝေဖန်ထောက်ပြပေးပါဦးခင်ဗျာ။
credit ဆရာငယ်
(မိုးကောင်း)

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.037
BTC 66604.27
ETH 3364.86
USDT 1.00
SBD 4.44