Top 10 the biggest ship in the world

in #ship6 years ago

ကမၻာ့အႀကီးဆံုး သေဘာၤႀကီး(၁၀)စီး
အားလုံးပဲ မင်္ဂလာပါ...ဒီနေ့မှာတော့ ကမ္ဘာ့အကြီး ဆုံး ကုန်တင် သင်္ဘောကြီး (၁၀)စီး အကြောင်းကို တင်ပြပေးသွားပါမယ်...လူတော်တော်များများကတော့ ယခု အချိန်ထိ တိုက်တန်းနစ် သင်္ဘောကြီး ကအကြီးဆုံးလို့ပြောကြပါတယ်...ဒါပေမဲ့ အဲ့ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ...ဆန်းသစ်လှတဲ့ ဒီဇိုင်းတွေ နည်းပညာတွေနဲ့ တိုက်တန်းနစ် သင်္ဘောကြီးထက် ကြီးတဲ့ သင်္ဘောပေါင်းများစွာ ကို တည်ဆောက်နေကြပါပြီ...ကမ္ဘာ့အကြီး ဆုံး သင်္ဘောကြီး ဆယ်စီးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်...

TI Class Supertanker
This amazing ship ဆိုတဲ့ စာသားကိုအဖြူနဲ့ အပြာရောပြီး သင်္ဘောပေါ်မှာ ရေးထိုးထားပါတယ်...အလေးချိန်အားဖြင့် 404000တန် ရှိပါတယ်။တစ်နာရီ လျှင် အမြန်နူန်း 16-18 knots အထိ မောင်းနှင်နိုင်ပါတယ် ။1247ပေရှည်ပြီး သင်္ဘောပေါ်ကနေ ပင်လယ်ပြင်ထဲကို ကြည့်ရတာ အတော်လှပပြီး အံသြမင်သက်ဖို့တယ် လို့ ပြောကြပါတယ်...
9.Berge Emperor
Berge-Emperor-Top-Popular-Biggest-Ships-2017.jpg
၉စီးမြောက်ကတော့ Berge Emperor ဆိုတဲ့ သင်္ဘောကြီး ဖြစ်ပါတယ် ။ ဆီတင်တဲ့ သင်္ဘောတစ်စင်းဖြစ်ပြီး 1975မှာ ဂျပန်မှာ တည်ဆောက်ခဲ့ပါတယ်။ တည်ဆောက်နေစဉ် 1986မှာ ပျက်စီးမှု အနည်းငယ်ဖြစ်ခဲ့ပြီး သင်္ဘောသား နှစ်ယောက် ထိခိုက်ခဲ့ရပါတယ်...2011360တန် အလေးချိန်ရှိပါတယ်...ငုင်းကို ပျက်စီးမှုတွေ ကြောင့် မတည်ဆောက်ခဲ့ကြပါဘူး...Emperorလို အမည်တွင်ပြီးနောက် 1985ခုနှစ်မှာ Maastow.BVထံသို့ ရောင်းချခဲ့ပါတယ်...တည်ဆောက်ပြီး တဲ့နောက် အစိတ်အပိုင်း တော်တော်များများ ထိခိုက်ခဲ့သော်လည်း အစိတ်အပိုင်း ပျက်စီး မှု အနည်းများ သာရှိခဲ့ပြီး တည်ဆောက်မှု ပြီးစီးခဲ့ကာ ကမ္ဘာ့အကြီး ဆုံး သင်္ဘောကြီး တစ်စင်း ဖြစ်လာခဲ့သည်...
(8)CMA CGM Alexander VonHumboldt
CMA-CGM-Alexander-von-Humboldt-Top-Most-Popular-Biggest-Ships-2018.jpg
နံပါတ်(၈) သူကတော့ နာမည်က ရှည်တယ်ဗျ..ဖတ်ကြည့်ပေတော့...CMA CGMဟာ ကွန်တိန်နာ တင်ဖို့ အတွက် တည်ဆောက်ခဲ့ပြီး ကွန်တိန်နာပေါင်းများစွာကို ခုတ်မောင်းရင်း တင်ဆောင်ထားနိုင်ပါတယ် ။သင်္ဘောကြီး ရဲ့အလေးချိန်ကတော့ 1087624တန် အလေး ချိန်ရှိပါတယ်
ကြီးမားလှတဲ့ ကွန်တိန်နာ ပေါင်းများစွာကို တင်ဆောင်ပြီး ဖြေးဖြေးနဲ့လှပစွာ ခုတ်မောင်းလျက်ရှိပါတယ် ...သူထက် ကြီး တဲ့ တစ်စီးကို မတည်ဆောက်ခင်တုံးက သူဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးပဲဖစ်ပါတယ်
(7) Emma Maersk
Emma Maerskကို ၂၀၀၆ခုနှစ်မှာတည်ဆောက်မှု ပြီးစီးခဲ့ပြီး တည်ဆောက်ခဲ့သမျှ သင်္ဘောထဲမှာ ၂၀၀၆ခုနှစ်အထိ အကြီးဆုံးပဲဖစ်ပါတယ်...သူမကို တည်ဆောက်ပြီးတဲ့နောက်မှာ ငုင်းနဲ့ ပုံစံတူ ၇စီးကို တည်ဆောက်ခဲ့ပါတယ်...ကွန်တိန်နာများသယ်ဆောင်ဖို့ တည်ဆောက်ထားပြီး သင်္ဘောရဲ့ အလျားရှည်သောကြောင့် ကွန်တိန်နာများသာမက အခြားသောပစ္စည်းများကို လည်း တင်ဆောင်နိုင်ပါတယ်...သူမဟာ ခန့်ညားထည်ဝာစွာ ခုတ်မောင်းလျက်ရှိပြီး ဆိပ်ကမ်းမှာ ကမ်း ကပ်ထားချိန် ငုင်းဘေးမှ ဖြတ်လျှောက်သူများရဲ့ မျက်စိအစုံ ကို ဖမ်းစားနိုင်စွမ်းရှိလောက်အောင်ကိုပင် ကြီးမားလှပပါတယ်...
(6)Maersk McKinney Moller
Maersk-McKinney-Moller-Top-10-Biggest-Ships.jpg
နံပါတ်(7)ရဲ့ သင်္ဘောလိုင်းတူပါတယ်.Maerskကပဲတည်ဆောက်ထားပြီး အခြားသောသင်္ဘော လှေများထက် သယ်ဆောင်ဖို့ နေရာအကျယ်အဝန်းပိုများပါတယ်...ဒါကြောင့်လည်းပဲ အရှည်ဆုံး သင်္ဘော တစ်စီး ဖြစ်နေတာပါ...32 knots ဖြင့် အမြင့်ဆုံး မောင်းနှင်နိုင်ပြီး ဝန်အလေးချိန် ၈၀၀၀တန်တင်ဆောင်နိုင်ပါတယ်...13009ပေရှည်လားကာ တောင်ကိုးရီးယားမှာ အခြေပြုတည်ဆောက်ထားပါတယ်..
(5)Esso Atlantic
Esso-Atlantic-Top-Most-Famous-Biggest-Ships-2019.jpg
နာမည်ကတော့ Esso Atlanticဖြစ်ပြီး နာမည်က ခေတ်ရှေ့ပြေးနေပါတယ်...2002ခုနှစ်မှာ ဖျက်စီး ခဲ့ပြီး ငုင်းရဲ့ နောက်ဆုံးအချိန်ပဲဖစ်ခဲ့ပါတယ်
အသုံးပြုရန် အလွန်ဟောင်နွမ်းနေပြီး ငုင်းအတွင်း ရှိ စက်ပစ္စည်းများမှာ အသုံးပြုရန် အလွန် အန္တာရယ်ရှိကာ ပျက်စီးနေပါပြီ...5016891တန် ရှိပြီး ဖျက်စီးခဲ့သော်လည်း လက်ရှိ တည်ဆောက်ခဲ့သောအစီးတွေ အတွက် အကောင်းဆုံး သင်္ဘောတစ်စီး ဖြစ်ခဲ့သည်...
(4)Batillus
Batillus-Top-10-Biggest-Ships-2017.jpg
Batillusဟာ အလွန်တရာ မှ ကြီးမားလှပြီး အခြားသော သင်္ဘောများ နှင့်တည်ဆောက်ပုံ အနည်းငယ်ကွဲပြားနေပါတယ်...1976ကနေ စတင် တည်ဆောက်ခဲ့ပြီး 1985ခုနှစ် တိုင်အောင် ၆နှစ်ကြာတည်ဆောက်ခဲ့ရပါတယ်...ဒီဇင်ဘာ2016 28 မှာတော့ ပင်လယ်ထဲသို့နောက်ဆုံး အကြိမ်ခုတ်မောင်းခဲ့ပါတယ်...တန်ချိန်အားဖြင့် 5054တင်ဆောင်နိုင်ကာ ကမ္ဘာ့အကြီးဆုံး စာရင်း ဝင်ခဲ့သည်... Batillusကကြီးမားလွန်းသောကြောင့် သူမ ခုတ်မောင်းလာသည်ကို မိုင်ပေါင်းများစွာက မြင်နိုင်ပါတယ်..
(3)Pierre Guillaumat
Pierre-Guillaumat.jpg
Pierreကို 1977ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ကမ္ဘာပေါ်မှာ အသုံးပြုရန် အတွက် အလွန်တစ်ရာမှ ကြီးမားလှပါတယ်....ဓာတုအရည်များ/ကျောက်မီးသွေး /ဓာတ်မြေသြဇာများ တင်ဆောင်သည့် သင်္ဘော တစ်စီးဖြစ်သည်....50050တန်ခန့် တင်ဆောင်နိုင်ပြီး အလွန်တရာမှ ခန့်ညားထည်ဝါလှပါတယ်...ဒါပေမဲ့ ငုင်းကို ဆယ်စုနှစ်တစ်ခုပြီးတာ နဲ့ ဖျက်သိမ်းရတော့မှာ ဖြစ်တဲ့ အတွက် အလွန်တရာမှ ဝမ်းနည်းဖို့ကောင်းလှပါတယ်.
(2)Seawise Giant
Seawise-Giant.jpg
Seawis Giantဟုဆိုသည့်အတိုင်း အခြားသဘောင်္များထက် ကြီးမားကာ ရှည်လည်း ရှည်လျားသည်...1979ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး 2009 ဒီဇင်ဘာမှာ ငုင်းရဲ့ နောက်ဆုံးခရီးကို အဆုံးသတ်ခဲ့ပါတယ်..ထို့နောက် အိန္ဒိယ သင်္ဘော Breakerထံသို့ရောင်းချခဲ့ပါတယ်..အီရတ်စစ်ပွဲအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် နစ်မြုပ်ပ်ခဲ့ငည်..ထို့နောက် ပြန်လယ်ဆယ်တင်ကာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး Happy Giantအဖြစ် တစ်ဖန် ပြန်လာခဲ့ပါတယ်...
(1)Prelude FLNG
Prelude-FLNG.jpg
Prelude FLNGကတော့ ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီးပဲဖြစ်ပါတယ်...အခြားသင်္ဘောများထက်ကြီးပြီး Empire Stateအဆောက်အဦးကြီးရဲ့ အမြင့်ထက် ငုင်းရဲ့အလျားကပိုရှည်ပါတယ်...တောင်ကိုရီးယားက ပထမဆုံးတည်ဆောက်ခဲ့သော ပွဲဦးထွက် သင်္ဘောတစ်စီးဖြစ်ကာ လူသားတို့ တည်ဆောက်ခဲ့သမျှ ထဲတွင် ရေထဲတွင် အကြီးဆုံးရပ်တည် ခုတ်မောင်းနိုင်သော သင်္ဘောတစ်စီး ပင်ဖြစ်လေသည်...သင်္ဘောရဲ့အလေးချိန်ကတော့6000000တန် ရှိကာ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောတစ်စီးရဲ့ အလေးချိန် ၅ဆ ကျော်ရှိလေသည်....
MSU-006
Upvote & Follow ➡@htetlinnaung 🇲🇲
Translate and Writer -Htet Linn Aung
Photo -google
Ref-http://www.worldstopmost.com/2017-2018-2019-2020/world/biggest-ships-world-beautiful-amazing-top-10-popular-list/

Sort:  

Nice Bro
ဒါလဲ ဝါသနာပဲနော်
BRO Post တွေလန်းတယ်

လူသားများရဲ့ စွမ်းပကားတွေပေါ့ဗျာ အံ့သြဖွယ်ပါ

vote ပေးခဲ့ပါတယ်။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87