Natural Landscape Photography

in Photography6 years ago

နေ့လည်း တောလည်ပို့စ်လေး ဆက်တင်ပါဦးမယ်။
သဘာဝတောတောင် ဓာတ်ပုံလေးတွေပေါ့။ ဒီပုံလေးတွေက
ဒီးဒုတ်ရေတံခွန်တောင် တတ်နေစဉ် လမ်းတစ်ဝက်လောက်မှာ
ခဏနားပြီး ဖုန်းလေးထုတ်ကာ ဓာတ်ပုံ ရိုက်ယူခဲ့တာပါ။

IMG_20200620_153845.jpg

လူသားတွေ နှင့် သက်ရှိတွေ အတွက် သဘာဝတောတောင်
ဟာ မရှိမဖြစ် အရေးပါလှတဲ့ အရာပါ။
ယခုအခါ တောတောင်တွေမှာ သစ်ပင်တွေ ပြုန်းတီးလာမှု
ကြောင့် ကမ္ဘာကြီး ပိုမို ပူနွေးလာကာ သက်ရှိတွေ ဘဝ
ဒုက္ခလှလှတွေ တွေ့နေရပါပြီ။
ရာသီဥတု ဖောက်ပြန်မှုတွေ ပိုမို ဖြစ်ပျက်လာကာ လူသားတွေ
ထိခိုက်နစ်နာမှုတွေ အတော်ကြုံနေရပါပြီ။

သို့ပေသောကြောင့် ကျွန်တော်တို့တွေဟာ သဘာဝတောတောင်
သစ်ပင်တွေကို စနစ်တကျ ထိန်းသိမ်းသင့်လှပါပြီ။ သို့မဟုတ်ပါမူ
ဒီထက် ဆိုးဝါးမှုတွေ ပိုမိုကြုံတွေ့ ဒုက္ခရောက်ကြရပါလိမ့်မယ်။

ကဲ သဘာဝတောတောင် သစ်ပင်တွေကို စိုက်ပျိုး ထိန်းသိမ်း
သင့်ကြောင်း ပြောပြမိရင်း စိမ်းလမ်းစိုပြည်သော သဘာဝ
အလှကို ခံစားလိုက်ကြပါဦးဗျာ။

မြန်မာနိုင်ငံမှာ ဒီပုံလေးတွေလို အစဉ်အမြဲ တည်တံ့နိုင်အောင်
ကျွန်တော်တို့တွေ ဆောင်ရွက်ကြရအောင် တစ်ခုခု
ကြံစည် စိတ်ကူးထားကြရအောင်လားဗျာ။

@golden.future

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 64488.03
ETH 1865.18
USDT 1.00
SBD 0.38