Visa Report
ဇွန်လ ၁၃ ရက်က ထုတ်ပြန် သည့် မြန်မာ့ငွေကြေးနှင့် ငွေပေးချေမှုဆိုင်ရာ အလေ့အထအပေါ် လေ့လာဆန်းစစ်ချက်တွင် အ ထက်ပါအတိုင်း ဖော်ပြထားသည်။
လူအများစုသည် တစ်နှစ် ထက်တစ်နှစ် ငွေကြေးလည်ပတ် မှုအခြေအနေ ပိုမိုကောင်းမွန်လာ ကြောင်း စစ်တမ်းတွင် ဖော်ပြ ထားသော်လည်း အိမ်ထောင်စု ငါးခု၌ ငွေကြေးကောင်းစွာ စုဆောင်းနိုင်သူ နှစ်ဦးထက် နည်း ပါးသည်။
Visa သည် ၂၀၁၇ သြဂုတ်၌ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မကွေးမြို့များတွင် စစ်တမ်းကောက်ယူပြီး တစ်နှစ်ခန့် အကြာတွင် စစ်တမ်းထုတ်ပြန်ခဲ့ သည်။
အသက်(၁၈)နှစ်မှ (၆၅)နှစ် အတွင်း လူတစ်ထောင်ကျော်ကို စစ်တမ်းကောက်ယူပြီး အချက်အလက်ယုံကြည်စိတ်ချရမှု ၉၅ ရာခိုင်နှုန်းရှိကြောင်း Visa ကုမ္ပဏီက အာမခံခဲ့သည်။
Visa သည် စီးပွားရေးအပေါ် ထင်မြင်ယူဆချက်၊ ငွေကြေးဆိုင် ရာ အသိပညာနှင့်မျှော်မှန်းချက် များ၊ ဘဏ်လုပ်ငန်းကဏ္႑၊ ငွေစုဘဏ်စာရင်း ငွေချေးကဏ္႑၊ ငွေပေးချေမှုဆိုင်ရာ အလေ့အထများ နှင့် သဘောထားများ၊ ဒစ်ဂျစ် တယ်နည်းပညာအခြေအနေ၊ ငွေကြေးအသုံးပြုသည့် အမျိုးအ စားအစရှိသည်တို့ကို စစ်တမ်း ကောက်ယူခဲ့သည်။
ငွေကြေးစုဆောင်းရာတွင် ၃၆ ရာခိုင်နှုန်းသည် စုဆောင်းနိုင် ခြင်းမရှိပေ။ ဘဏ်စာရင်းမရှိသူများ၏ ထက်ဝက်သည် ငွေသားစုဆောင်းပြီး ကျန်ထက်ဝက် သည် ရွှေဝယ်ယူစုဆောင်းကြောင်း စစ်တမ်း၌ ဖော်ပြထားသည်။
အလားတူ မြေဝယ်ယူရင်း နှီးမြှုပ်နှံသူ ၁၁ ရာခိုင်နှုန်းခန့်ရှိ ကြောင်း Visa က ထုတ်ပြန်သည်။
Source