ရွာလည်တဲ့မှန်........

in #myanmar6 years ago

ပျော်စေချင်ရုံလေးရေးပေးခြင်းပါ။ဘယ်မှာမှလဲရှာမတွေ့တာနဲ့ ကြားဖူးတဲ့ဟာသလေးကိုပြန်လည်မျှဝေလိုက်ပါတယ်။ဟာသအမြင်ဖြင့်သာ ဖတ်ရန်ပြောကြားလိုပါတယ်ခင်ဗျာ။ ဟာသဘက်ကနေပဲကြည့်ပါ။ လျှို့ယွင်းချက် (ချွင်းချက်) အနည်းငယ်ရှိနေခြင်းအတွက်စာဖတ်သူများကိုကြိုတင်တောင်းပန်အပ်ပါသည်။

man-mirror.png
Credit Original Image Source

ရှေးအခါကလူအများဟာ မှန်တွေကိုမမြင်ဖူးသေးပေ။နိုင်ငံခြားမှာတော့ပေါ်နေပြီဗျ။ဇာတ်လမ်းအစက ဒီလိုပါ.........

ကိုရင်သာဗျောတစ်ယောက် တောလိုက်ပစ်ရင်းနဲ့ မျောက်တစ်ကောင်ရပါလေရော။တောလိုက်ပစ်တယ်ဆိုတာကလည်း ဒူးလေးကို ကိုယ်တိုင်လုပ်ပြီးတော့ လိုက်ပစ်တာ။ထူးဆန်းတာက မျောက်အသေလက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ အရောင်လက်လက်နဲ့အရာတစ်ခု။ ကျောက်မြတ်ရတနာလေ လော။နေရောင်အောက်ဝယ် တလတ်လတ်တောက်ပနေပေသည်။ကိုရင်သာဗျော ပြုတ်ကျတဲ့မျောက်ဆီအပြေးသွားလေ၏။ဟင်းစားမျောက်ကိုသူလောလောဆယ် စိတ်မ၀င်စားအားပါ။ မျောက်လက်ထဲက နေရောင်နဲ့လင်းနေတဲ့အရာလေးကိုသာ သူစိတ်ဝင်တစားနဲ့ ယူလိုက်တယ်။ပြီးတော့ တည့်တည့်ကြည့်လိုက်တယ်။ ဘာပါလိမ့်....

0511-0902-0418-3909_Black_and_White_Cartoon_of_a_Kid_Looking_at_His_Pimples_in_a_Mirror_clipart_image.jpg
Credit Original Image Source

အလို......လွန်ခဲ့တဲ့ငါးနှစ်တုန်းကသေသွားတဲ့ ငါ့အဖေပုံပါလားဟ။ မှန်ကား မှန်ဘီလူးအမျိုးအစားပေ။ကြည့်လိုက်ရင် မူရင်းရုပ်နဲ့နည်းနည်းလွဲနေတာမျိုး။မှန်ထဲမှာနည်းနည်းရုပ်ဆိုးသွားတဲ့မှန်ဘီလူးမျိုး။ အာတွေဘာတွေ နည်းနည်းရွဲ့တာပေါ့လေ။အဖေ့ကိုလွမ်းနေတာနဲ့အတော်ပေ။ ပုံလေးကိုကြည့်လိုက် နမ်းလိုက်နှင့် ကြည့်လို့ကားမ၀။မျောက်သေလေးနားမှာ အတန်ကြာ မျက်ရည်ဝဲလျက်...။အမေက ငယ်ငယ်ထဲကမည်သူမည်ဝါဆိုတာသူမသိခဲ့။ဒီအဖေကြီးကိုပဲချစ်ခဲ့ရတာ။ခုတော့နတ်သိကြားတွေက သားအဖနှစ်ယောက် အရမ်းချစ်တာကိုသိလို့ သူ့ကိုယ်ပွားလေးကို ငါ့ဆီအရောက်ပို့လိုက်တာပါလား။အမြတ်တနိုးသိမ်းထားမှပဲဆိုပြီး...အိမ်ကိုပြန်လာတော့ မျောက်သေလေးကိုထမ်းလာတယ်။ခါးကြားမှာ မှန်လေးထိုးပြီးတော့ဖွက်ထားရသေးတယ်။ဘာလို့ဖွက်ထားရလည်းဆိုတော့ သူ့မိန်းမက လော်စပီကာ။တစ်ရွာလုံးလျှောက်ပြောမှာ ဒါကိုမြင်ရင်။ဒါနဲ့ သူမပြောတော့ဘူးသူ့မိန်းမကို။သူ့အ၀တ်ပုံကြားထဲမှာထည့်ထားလိုက်တယ်။မိန်းမကိုပြောမလို့စဉ်းစားကြည့်တော့ အိမ်မှာလူတရုန်းရုန်းနဲ့ဖြစ်နေမှာ မပြောပဲနေတာကောင်းပါတယ်လေဆိုပြီးတော့ အလုပ်သွားရင် အဲ့မှန်လေးကို နမ်း ၊ ပြန်လာရင်ထုတ်ကြည့်နမ်း။ ဖအေကိုတော်တော်ချစ်တာကိုးဗျာ။ ဒါနဲ့ကြာလာတော့သူ့မိန်းမက မသင်္ကာတော့ဘူး။သူလဲအလုပ်သွားရော အဲ့တာကိုဆွဲထုတ်ကြည့်တာ။ဘာလဲပေါ့...

99faff4effb84547d7ffe11824cc7146.jpg
Credit Original Image Source

အလို......ကိုရင်သာဗျော မယားငယ်ထားနေတာပါလား။သူ့မယားငယ်ပုံကို သူ့အ၀တ်ခေါက်ထဲမှာထည့်ထားပြီးနမ်းနေတာကိုး။အောင်မယ်လေး အရပ်ကတို့ရေ ကြားလို့မှကောင်းကြသေးရဲ့လား.......။မယားငယ်မက ငါ့လောက်တောင်လှမယ်မထင်..ဒါကိုများ ဒင်းကဘာတွေမက်ပြီးတော့ နောက်ထပ်အမြှောင်မယားထားတာပါလိမ့်။ပြန်လာရင်တွေ့မယ်ဆိုပြီးတော့ ဓါးဆောင်ထားလေရဲ့။အဖြစ်မှန်သိလို့ကတော့ တစ်ချက်ထဲခုတ်ထည့်လိုက်မယ်။မုန့်သာဝေစားမယ် ဒါမျိုးတော့ မဝေစားနိုင်ဘူးတော်ရေ ဆိုပြီးတစ်ယောက်ထဲပြောပြောပြီးငိုနေတာ တနေကုန်။ပြန်လာရင်တော့ပွဲကြီးပွဲကောင်းပေါ့ဗျာ။ယောက်ကျားပြန်လာတော့ မီးဖိုချောင်ထဲ ထရံပေါက်ကြားထဲက ချောင်းကြည့်နေတယ်။ သူဘာလုပ်မလည်းပေါ့။

ဒါနဲ့ကိုရင်သာဗျော တောထဲကမောမောနဲ့ပြန်လာတော့ သူ့အဖေပုံလေးအလွမ်းပြေကြည့်မယ်ပေါ့။ သူ့အဖေပုံလေးကို လက်ထိုးထည့်ပြီးစမ်းလိုက်တော့ အရင်နေရာမှာမတွေ့။ ဒါနဲ့ အ၀တ်တွေအကုန်လှန်ရှာ။မတွေ့။ဟာ..ဒါမိန်းမလက်ချက်ဆိုတာသူ သိလိုက်ပြီ။အိမ်မှာ ကလေးလည်းမရှိဘူးလေ။ဒင်းပဲနေမှာ။

3f2d383053ffbe13a38cc0f9317dd38e.jpg
Credit Original Image Source

အံမယ် သူ့မယားငယ်ပုံကို လိုက်ရှာနေတာ အလုပ်ကပြန်လာတော့။ငါ့တော့မမေးဘူး။ခေါ်လည်းမခေါ်ဘူး။တွေ့မယ်ဒင်း။

"မိန်းမရေ ဒီထဲက ပစ္စည်းလေး မင်းယူထားလား"

သူ့မိန်းမမီးဖိုချောင်ထဲကထွက်လာပြီးတော့။

"ယူထားတယ်။ရှင်ကဘာလုပ်မလို့တုန်း။ရှင့်မယားငယ်ကဘယ်သူလဲမှန်မှန်ပြောစမ်း။မိနန်းကို ဒါမျိုးလာလုပ်လို့မရဘူးဆိုတာရှင်မြဲမဲမှတ်ထား"

"ဒီမိန်းမ ငါလုပ်လိုက်ရင်သေတော့မယ်။ဘယ်ကမယားငယ်လဲဟ။ ငါ့ပြန်ပေးစမ်း။အဲ့ဒါသေသွားတဲ့ ငါ့အဖေရဲ့ပုံဟ"

"အောင်မယ်လေး လက်တို့ပြီးတောင်ရယ်လိုက်ချင်တာပဲတော်ရေ့ ....ဟော့မှာလာကြည့်စမ်း ကျုပ်နားကို ရှင့်အဖေပုံလား ရှင့်မယားငယ်ပုံလားဆိုတာ"

ဒါနဲ့ ကိုရင်သာဗျောထကြည့်တယ်။

"ဟာ...ငါ့အဖေပုံက မိန်းမပုံပြောင်းသွားပါလားဟ။ဘယ်လိုဖြစ်တာတုန်း ပေးစမ်းငါ့ကို။"

သူ့ဘက်လည်းဆွဲကြည့်လိုက်ရော ယောက်ကျားပုံဖြစ်သွားရော။

"ဟောဒီမှာကြည့် ဒါလွန်ခဲ့တဲ့ငါးနှစ်တုန်းက သေသွားတဲ့ ငါ့အဖေ တွေ့ပလား..... ဟင် .... ဂန်းနာမ။"

9c817195921c3d82534cd8346e31f6f0_cartoon-self-aware-boy-by-ron-leishman-toon-vectors-eps-69714-boy-looking-in-mirror-clipart_940-940.jpeg
Credit Original Image Source

မနန်းလည်း သူ့နားလာကြည့်တော့ ဟုတ်သား။သူ့အဖေပြောင်းသွားတယ်။သူယူကြည့်တော့ သူ့မယားငယ်ပုံပြောင်းသွားတယ်။သူ့ယောက်ကျားယူကြည့်တော့ သူ့အဖေပုံပြောင်းသွားတယ်။စဉ်းစားမတတ်တော့ ဓါးနဲ့ခုတ်ဖို့နေနေသာသာ။ဒါနဲ့ပဲ ရှင်းမရတဲ့အဆုံး ဆရာတော်ကြီးကို သွားလျှောက်ပြီးအဖြေမှန်တောင်းမယ်ဆိုပြီး ရွာဦးကျောင်းကိုချီတတ်တာ။ ဟုတ်တယ်လေ ဆရာတော်ရဲ့အဆုံးအဖြတ်ကို ခံယူမှပဲ နားအေးမှာ။တစ်ရွာလုံးက ဆရာတော်ကြီးရဲ့အမိန့်ပဲ ။ ဆရာတော့်ဆီရောက်တော့ ဦးချပြီး လက်ထဲပါလာတာလေးပြ။ဖြစ်ကြောင်းကုန်စင်ပြောပြလေတော့....ဆရာတော်ကြီးက မှန်ကို ဝေးဝေးထားကြည့်လိုက်၊ အနီးကပ်ပြန်ဆွဲကြည့်လိုက်နဲ့ ...ပြီးတော့ ရယ်လိုက်တာပြောမနေနဲ့တော့။

10-1439192289-lolemoji.jpg
Credit Original Image Source

"အိမ်း နင်တို့လင်မယားကို ကျုပ်က မျက်လုံးကောင်းလှပြီမှတ်တယ်..တယ် မွဲကြသကိုး။ နင်တို့ပြောနေတဲ့ ဟာတွေတစ်ခုမှမဟုတ်ဘူးဟဲ့ ။ ဒါလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက ပျံလွန်တော်မူသွားတဲ့ တို့ဒီရွာဦးကျောင်းက ကျောင်းထိုင် ဆရာတော်ကြီးရဲ့ပုံဟ"

ဆိုပြီး သိမ်းသွားလေရဲ့.....

Untitled-1 copy.jpg

ဆက်လက်ကြိုးစားပါအုံးမည်။

စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ဘ၀အမောတွေပြေပျောက်ကြပါစေဗျာ။

AUTHOR : @zarmanizawlinn

MSC 210

NAYPYITAW.

MYANMAR.

6/19/2018.

4:13 PM.

THANK YOU VISIT TO MY BLOG.GOODLUCK ALL STEEMIT FRIENDS.

IMG_20160726_223306.jpg

Sort:  

တော်​​သေးတာ​ပေါ့ အစ်​​ကို ​ရေ . ဆရာ​တော်​တင်​ရပ်​သွားလို့ .. တစ်​ရွာလုံးများသိကုန်​ရင်​ ရွာပျက်​ကိန်းဗျို့ .. ဟား ..ဟား . ​ကောင်းတယ်​ဗျို့ ..

ဟေးဟေး အမှန်ပဲဗျို့ ကိုမြန်မာရေ။ဆရာတော်ဆီအရင်သွားလို့ မသွားရင်ရပ်အုံးမှာမဟုတ်ဘူး ဇာတ်လမ်းက။

ပေး ပေး...
အဲ့ဒါဘာလဲ ငါကြည့်ပေးမယ်။
ဟာ အရမ်းလှတဲ့ ကောင်မလေးရဲ့ပုံပါလား!
ဒီလောက်ချော ဒီလောက်လှတာ တစ်ခါမှမမြင်ဖူးဘူး 😂

အိုမို..ကိုရီးယားမမလိပ်လေးပါလား။

ဒါကြောင့် ကြည့်သူတိုင်းအတွက် မှန်ပါဆို

မှန်လေးမှန်ကိုပြောတာလားမက်မက်စု။အရင်က မဂ္ဂဇင်းတွေနောက်မှာပါတယ်လေ။

ဟီးဟီး အထူးအဆန်းဆိုလို့  ဆရာတော်ဘုရား ဘုန်းပေးဖို့  မြို့အသီးအထူးအဆန်းလေး ဝယ်လာတယ်ဘုရား ဘုန်းကြီးကောက်ဝါးလိုက်တာ ဂွပ်ခနဲ သွားတွေကျိုးကုန်တယ် ဘာသီးတုန်းဆိုတော့မှ ဂေါက်သီးပါဘုရား ခုလည်းအဲ့လိုဖြစ်နေတယ်

ဟီဟိ။ခေတ်စကားနဲ့ပြောရရင်ဂေါ်တာပေါ့ဘုရား။ရိုးရိုးစကားနဲ့ပြောရရင်တော့ လေတာပေါ့ဘုရား။

ဆရာတော် ကယ်ပေလို့ ပ
ကိုရင်ဇာကြီးရယ်

ဟုတ်ပကွီးထွေးကြီးရေ။ဆရာတော်သိမ်းလိုက်လို့ မသိမ်းရင်တော်တော်ရေးလို့ကောင်းအုံးမှာ။ခုတော့ဇာတ်သိမ်းလိုက်ရတာပေါ့ဟိ။

မှန်ဇာတ်လမ်း အရှူတ်တော်ပုံက သူမိန်းမကြည့်မှ ရူပ်တော့ပီလေ...တိန်..တိန်..:-)

ဟိ။ဟုတ်ပဗျာ။မယားငယ်ထင်နေတာကိုးဗျာ။ဒါမျိုးကရှော့ရှိတယ်လေကိုရှိန်းရေ ဝေမစားဘူး။

ဖတ်ကောင်းပါသည်ပေးတဲ့ဆုနဲ့ပြည့်ပါစေ

ဟုတ်ကဲ့အစ်မရေ လာရောက်အားပေးတာကျေးဇူးပါခင်ဗျ။နည်းနည်းလေးပြုံးတယ်ဆိုရင်ကျေနပ်ပါတယ်ဗျာ။

အရင်​တုန်းက ဟိုးအရင်​တုန်းက မှန်​မ​ပေါ်ခင်​ကဖြစ်​မယ်

အာ့ကြောင့်ချွင်းချက်ရှိတယ်ပြောတာပေါ့။တကယ်ကတော့ရေထဲမှာမိမိမျက်နှာကိုကြည့်လို့ရတာပေါ့ကိုအောင်ကြီးတစ်ရာရေ။ဒါမယ့် ဟာသအနေနဲ့ပဲတင်ဖြစ်တာပါ။

လက်မထောင်နိုင်ပေမပေါ့ အရေးအသားက ကောင်းတာကိုးလို့စ်

အဲပေါ်လာသေးတယ်ဥအင်ဥ..အားပေးတာကျေးဇူးပါဗျာ။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.031
BTC 62166.63
ETH 3021.89
USDT 1.00
SBD 3.72