တန်ဖိုးရှိစွာဖြတ်သန်းပါ.....

in #myanmar7 years ago (edited)

တစ်ခါက ဖားငယ်တစ်ကောင်ဟာ လယ်ကွင်းထဲမှာ ခုန်စွခုန်စွနဲ့ လျှောက်သွားနေရင်းနွားကြီးတစ်ကောင်လမ်းလျှောက်နေတာကိုတွေ့တဲ့အခါ သူစဉ်းစားနေတယ်။ငါကခြေထောက်နှစ်ချောင်းနဲ့ တစ်လှမ်းခြင်းသွားတာကခပ်ရှားရှားရယ်။ဘယ်ခြေထောက်ကအရင်စလှမ်းမိပါလိမ့်။ကိုနွားကြီးကိုမေးကြည့်အုံးမှပဲ။ဒါနဲ့ဖားငယ်ဟာ ကိုနွားကြီးအနားကိုခုန်စွခုန်စွနဲ့သွားတယ်။ပြီးတော့ခုလိုလှမ်းမေးလိုက်တယ်။
"ဗျို့ကိုနွားကြီး ခင်ဗျားကိုကျုပ်မေးစရာရှိလို့ဗျ။"
နွားကြီးက"မေးပါကိုဖားဘာများပါလိမ့်"
"ကျုပ်မှာခြေထောက်နှစ်ချောင်းရှိတယ်။ဘယ်ခြေပြီးရင်ညာခြေလှမ်းတယ်။ညာခြေပြီးရင်ဘယ်ခြေလှမ်းတယ်ပေါ့ဗျာ။ကျုပ်ကလွယ်တယ်။ခင်ဗျားကျတော့ လမ်းသွားတဲ့အခါဘယ်ခြေထောက်ကနေအရင်စလှမ်းတုန်းဗျ"
အဲ့လိုမေးတော့ နွားကြီးက "အဲ ခင်ဗျားမေးမှ ကျုပ်လဲသတိထားမိတယ်။ဘယ်ခြေကအရင်စလှမ်းပြီးသွားလဲဆိုတာကျုပ်မသိဘူးဗျ။မွေးထဲကဒီလိုပဲလှမ်းလာတာပဲ။နေအုံးဗျာ ကျုပ်သူငယ်ချင်း ကင်းခြေများရှိတယ် သူ့သွားမေးကြည့်အုံးမယ်။သူရောလမ်းလျှောက်တာ ဘယ်ကစလှမ်းလဲသတိထားမိလားလို့။နောက်နေ့ကျပြန်လာခဲ့ဗျာဒီနေရာကို။ကျုပ်လဲစဉ်းစားလိုက်အုံးမယ်။"
image
photo credit google image.
ဒါနဲ့ဖားငယ်လဲပြန်သွားတယ်။နွားကြီးကလဲလမ်းလျှောက်ကြည့်လိုက်စဉ်းစားလိုက်ပေါ့။ဘယ်ကစလှမ်းပြီးတော့လမ်းလျှောက်လဲဆိုတာ။သူစလှမ်းတာကိုမှတ်လိုက် လျှောက်လိုက်နဲ့ ခနခနခလုတ်တွေတိုက်ပြီးတော့ အဆင်မပြေ စိတ်မချမ်းသာစွာနဲ့ သူ့သူငယ်ချင်းကင်းခြေများစီကိုရောက်လာတယ်။ကင်းခြေများနဲ့တွေ့တော့ ဖားပြောတာကိုပြောပြတာပေါ့။ကင်းခြေများလဲစဉ်းစားပေးတာပေါ့။ရှေ့တိုးလျှောက်လိုက်နောက်ပြန်ဆုတ်ပြီးလျှောက်လိုက်နဲ့။ခြေထောက်တွေကများတော့မှတ်ဖို့ရာဘယ်လိုမှအဆင်မပြေဘူးဖြစ်နေတယ်။ကြိုးစားမှတ်လေခြေထောက်တွေကအယောင်ယောင်အမှားမှားဖြစ်လိုက်နဲ့သံသရာလည်နေတော့တယ်။
image
photo credit - google image
ဒီလိုနဲ့နောက်နေ့ရောက်တော့ဖားငယ်လဲခုန်စွခုန်စွနဲ့ကိုနွားကြီးစီပြန်ရောက်လာတယ်။ကိုနွားကြီးနဲ့အတူ ကိုကင်းခြေများလဲရောက်နေတာတွေ့ရတယ်။မင်္ဂလာပါဗျာကိုနွားကြီးနဲ့ကိုကင်းခြေများရေလို့ဖားငယ်ကနှုတ်ဆက်လိုက်တယ်ဆိုရင်ပဲ ကင်းခြေများကဒေါသတကြီးနဲ့။ဒီမှာမောင်ဖား ခင်ဗျားက မစဉ်းစားမဆင်ခြင်ပဲနဲ့ ဒီမေးခွန်းကိုမေးတယ်။ကျုပ်တို့ကခင်ဗျားရဲ့တန်ဖိုးမရှိတဲ့မေးခွန်းကို လိုက်စဉ်းစားပြီးတော့ အခုဆိုလမ်းတောင်ကောင်းကောင်းလျှောက်လို့မရတော့ဘူးဗျ။ခင်ဗျားကိုတော်တော်စိတ်ဆိုးတယ်။ကျုပ်ခြေထောက်တွေတစ်ခုနဲ့တစ်ခုတိုက်ပြီးတော့တော်တော်လေးကိုနာနေပြီ။အခုသတိမထားပဲလျှောက်မှအဆင်ပြေသွားတယ်ဗျ။ကိုနွားလဲဒီတိုင်းပဲ။
image
photo credit - google image
နောက်တစ်ခါကျရင်မေးသင့်လားမမေးသင့်လားအရင်စဉ်းစားပါ။သူတစ်ပါးဒုက္ခရောက်မယ့်မေးခွန်းမျိုးဘယ်တော့မှလာမမေးပါနဲ့။ဒါကသဘာဝပါ။လောကကြီးမှာအရာရာတိုင်းကိုသတိထားနေစရာမလိုပါဘူး။လမ်းလျှောက်တာကသတိထားရမယ့်အရာမဟုတ်ပါဘူး။သတ္တဝါတိုင်းဒီလိုပဲသူ့အကျင့်နဲ့သူလမ်းလျှောက်ကြရတာပါပဲ။သဘာဝကပေးထားတဲ့ခြေထောက်တွေကိုဘယ်ကဘယ်လိုစလှမ်းလဲဆိုတာစဉ်းစားနေစရာမလိုပါဘူးဗျာ။နောင်မစဉ်းစားရမယ့်ဟာကိုမစဉ်းစားပါနဲ့။သိသွားရင်ပိုပြီးတော့ဒုက္ခရောက်ရပါတယ်။မမေးသင့်တာကိုမမေးပါနဲ့။အချိန်ကုန်ပြီးအဓိပ္ပာယ်မရှိပါဘူး။အကျိုးလဲမရှိပါဘူး။နောက်နောင်ဆင်ခြင်ပါဗျာလို့ပြန်ပြောလိုက်တယ်။

ဟုတ်ပါတယ်။တစ်ချို့လူတွဟာ အကြောင်းမရှိအကြောင်းရှာ အုန်းသီးထဲရေဘယ်လိုရောက်လဲကအစစဉ်းစားနေတတ်ပါတယ်။တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးမဲ့တဲ့အရာတွေစဉ်းစားရင်းနဲ့ အချိန်မကုန်ကျပါစေနဲ့ဗျာ။အကျိုးရှိရှိစဉ်းစားရင်းကြိုးစားကြပါစို့လားဗျာ။

ချစ်လှစွာဖြင့်.....
Author :zarmanizawlinn
Capture.PNG
MSC-210
@zarmanizawlinn
https://steemit.com/@zarmanizawlinn
3.jpg
new_steemit.gif

Sort:  

Good.​ရေးတတ်​လိုက်​တာ​မောင်​​လေး​ရေ။တွေးတာ​ကောင်းတယ်

ဟုတ်မကြီးရေ။အားပေးနော်။မကြီးကိုတော့မမှီသေးပါဘူးဗျာ။

လူ့ဂွစာတွေ တွေ့ဖူးတယ် ကိုဇာရေ မုတ်ဆိတ်ဘယ်ကထွက်သလဲ ထိုင်စမ်းနေတဲ့သူတွေလိုပေါ့

တော်သေးတယ်နော်မမစုရေမုတ်ဆိတ်ပဲစဉ်းစားလို့။ဟိ

ဟုတ်​ကဲ့အကို​ရေအချိန်​ကိုအကျိုးရှိရှိနဲ့သုံးချတတ်​​အောင်​​လေ့လာသင်​ယူပါ့မယ်​အကို​ရေ

ဟုတ်ကိုဇော်ရေ။ကောင်းတာပေါ့ဗျာ။တူတူကြိုးစားကြတာပေါ့။

ကိုယ်​ဆို ဘာမှမ​တွေးနိုင်​ဘူးဖြစ်​​နေတာ...

အဲမတွေးတာကောင်းတယ်လေကလင်းဦးနှောက်အလုပ်နည်းတာပေါ့။

၎တန်း​ကျောင်းသူ တူမ​လေးကို အုန်းသီး ထဲ​ရေဘယ်​သူထဲ့လဲစဉ်​စား​နေတာဟုအ​ကြောင်းပြ၍ ကိုယ်​အိပ်​ခဲ့တာသတိရမိ

ဟိဟိ။အဲ့လိုနော်။ဥဥလူလိမ်ပေါ့။ဟိုကတော့စောင့်နေမှာဖြေမှာလားဆိုပြီးတော့။ခုရောဖြေပြီးပြီလားကိုကြီးထွေးက။

ဟ်ဟ် … နာလည်းလမ်းထ လျောက်ကြည့်မိ

လျှောက်ပဲကြည့်မတွေးနဲ့နော်။ကောင်းတာတွေပဲတွေးဘာမှမဟုတ်ပဲဆံပင်ဖြူမခံနဲ့မမ။ဟိ

တကယ့်​ကို ​ကောင်းတဲ့ post ​လေးပါ။ရင်​ထဲထိ ထိတယ်​။တကယ်​​ပြောတာပါ။အ​ရေးအသား​ကောင်းပါတယ်​။

ဟုတ်ကိုရဲလင်းရေ။ကောင်းတာတွေတူတူလုပ်ရင်းအကျိုးရှိတာတွေများများလုပ်ရင်းကြိုးစားကြတာပေါ့ဗျာ။

ကောင်းမွန်​ပါတယ်​အကို​ရေးထားတာ​လေး ​​ပေးချင်​တဲ့ မတ်​​ဆေ့​လေးကို​ပေါ်လွင်​​အောင်​​ရေးထားတယ်
Good post ​လေးပါ

ဟုတ်ကဲ့ဗျာကိုအောင်ကြီးတစ်ရာရေ အရေးသားကောင်းအောင်ကြိုးစားကြတာပေါ့ဗျာ။မြန်မာကိုကမ္ဘာကသိအောင် steemit ကနေသက်သေပြကြပါစို့။အလဲ့လဲ့

ဟုတ်​တယ်​ဗျာ .. အမှိုက်​​တွေ ​တွေးတာများရင်​ အမှိုက်​ပုံးကြီးဖြစ်​သွားလိမ့်​မယ်​ ဆိုသလို​ပေါ့ဗျာ ..

ဟုတ်ပါ့။ကောင်းတာမတွေးပဲအချိန်ကုန်နေမှာစိုးတာ။ဒီနေ့မဟုတ်တာတွေကိုထိုင်ငြင်းနေကြပြီးတော့အချိန်နှစ်နာရီကျော်ကြာတယ်အစ်ကိုရေလူတွေ။အာ့ကြောင့်ဒါကိုရေးလိုက်တာ။

ဟုပါတယ်​ အကို ​လောကမှာလဲ သူ့ပညာနဲ့သူက အ​ကောင်းဆုံးပါပဲ တစ်​ခြားသူ​ရဲ့​တော်​တဲ့အရာ​တွေကလဲ ကိုယ့်​အတွက်​ခက်​ခဲတတ်​ပါတယ်

ဟုတ်တယ်ညီရေ။တော်တော်ဆိုးတဲ့လူတွေ။

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 66181.33
ETH 2700.56
USDT 1.00
SBD 2.88