ဖန်တီးဆန်းပြား သဘာဝတရား

in #myanmar6 years ago (edited)

သဘာဝတရား၏ဆန်းကြယ်ပုံများကို မိမိပတ်ဝန်းကျင်တွင် ကျင်လည်ရင်း တွေ့ရှိခဲ့ရသည်။ပတ်ဝန်းကျင်နှင့် သက်ရှိ၊ သက်ရှိနှင့် သက်ရှိ အပြန်အလှန် ညီမျှစွာ နေထိုင်ရေး၊ သဘာဝတရားက ဖန်တီးထားသည်ကို ကြုံကြိုက်တုန်းလေး MSC PRO နေ့မှာ ဖောက်သည်ချလိုက်ပါတယ်ဗျာ။

shutterstock_141168931, global warming.jpg
Credit Original Image Source

ကျွန်တော်သည်အညာသား ။ ဒီနှစ်တော့မိုးမှန်သည် မိုးကောင်းသည်ဟုဆိုရမည်။ကျွန်တော် တက္ကသိုလ် ပထမနှစ် တတ်ပြီး အိမ်မှာပြန်နားနေစဉ် ... မိုးဦးကျတစ်နေ့ မိုးလေးဖွဲဖွဲရွာပြီး သာယာနေလို့ နံနက်စောစောလေးမှာ လွယ်ကွင်းတွေဘေးကပ်ပြီးတော့ ကျွန်တော်နှင့် အဖေ လမ်းလျှောက်ထွက်ခဲ့ကြသည်။အဖေက ကျွန်တော့်ပုခုံးအားဖက်လျှက်.. လယ်ကွင်းတွေထဲမှာတော့ မိုးရေ၀နေလို့ ထွန်ရေးပြင်နေကြပြီ။ "ဟဲ့ငညို ၊ ဟဲ့ငနီ" ဆိုတဲ့အသံတွေနှင့်အတူ ခမောက်ဆောင်းထားသော လယ်သမားကြီး၏နောက်ဝယ် ထွန်ရာလေးများသည် အထင်းသားကျန်ခဲ့ရရှာပြီ။ ယင်းထွန်နောက်မှာ လိုက်နေတဲ့ အကောင်လေးတွေကား ဆက်ရက်ဟုခေါ်သော ငှက်ကလေးအုပ်လိုက်။သူတို့လေးတွေက ပျံလိုက်၊ မြေပြင်ပေါ်က အစာကိုကောက်လိုက်နှင့် ထွန်နောက်တွင် အော်မြည်ရင်းလိုက်နေကြသည်။ကျွန်တော့်အဖေက " အဲဒါဘာလို့လဲသိလား" ဆိုတော့ " ငှက်အစာရှာတာပေါ့ အဖေ" ဟု ဖြေမိသည်။အဖေက ပြုံးလျှက် ..." အဲဒါ Natural Balance ပေါ့ သား။ ထွန်တုံးဆွဲရာကနေပေါ်လာတဲ့ အပင်ဖျက်မယ့်ပိုးကောင်တွေကို ဒို့မိတ်ဆွေငှက်တွေက စားပစ်နေတာပဲ" "ဟုတ်လားအဖေ..သားကအစာရှာနေတာပဲမြင်တယ် အဲ့လိုမစဉ်းစားမိဘူး။" သြော်... သဘာဝတရားကို နားမလည်သောကျွန်တော် အဖေ့ရှင်းပြချက်ကြောင့် အံ့သြခဲ့ရသည်။

hjg-11.jpg
Credit Original Image Source

ဒါနဲ့လမ်းဆက်လျှောက်လာကြတာ မြေကြီးပေါ်က အိပ်ပျော်သွားတဲ့ထိကရုံးပင်တွေကို ကျွန်တော်က ငယ်ငယ်ကတည်းက လိုက်ထိရတာသဘောကျသူဆိုလေတော့ ခြေထောက်နဲ့လိုက်တို့ရင်း အဖေ့လက်မောင်းကိုကိုင်လျှက်လျှောက်နေမိတယ်။ဒါကိုအဖေက မြင်တော့ " သူတို့ ဘာလို့အိပ်သွားတာလဲသား သိလား။" အဖေ အဲ့ဒီလိုမေးတော့ ကျွန်တော်မဖြေနိုင်ခဲ့။အဖေ့မျက်နှာကိုသာငေးကြည့်မိသည်။အဖေ့ဆီက ဗဟုသုတကိုကြားချင်သည့် မျက်ဝန်းတွေနှင့်ပေါ့။အဖေက သားဆန္ဒကိုသိ၍ ပြုံးပြီး "ဒီထိကရုံးရွက်လေးတွေရဲ့ ရွက်ညှာရင်းမှာ ရွက်အိတ်လေးတွေကိုယ်စီရှိကြတယ်။အရွက်ကိုထိမိတာနဲ့ အနိမ့်မှာရှိတဲ့ ရွက်ခြေဖုအိတ်လေးထဲဝင်ပြီး စုသွားတဲ့သဘောရှိလို့ အရွက်လေးတွေရေခမ်းပြီး ညှိုးသွားတဲ့ သဘာဝပါဘဲ။အဓိက က တော့ အရွက်ထဲမှာရှိတဲ့ ရေကို တစ်ခုခုကြောင့် ထိခိုက်ခဲ့ရင် မဆုံးရှုံးအောင် ကာကွယ်လိုက်တဲ့သဘောပါဘဲ " သြော်..ဒါလဲထူးခြားဆန်းပြားတဲ့ သဘာဝကဖန်တီးထားတဲ့ အရာပေဘဲ ဟု ကျွန်တော်သိခွင့်ရခဲ့သည်။

rs4.jpg
Credit Original Image Source

ဒါနဲ့ဆက်သွားရင်း အဖေ့သူငယ်ချင်း အိမ်တစ်အိမ်ကလှမ်းခေါ်တော့ ကျွန်တော်တို့သားအဖ ၀င်ခဲ့ကြသည်။ အဖေ့သူငယ်ချင်းက နှင်းဆီပန်းတွေကို စီးပွားဖြစ် စိုက်သည် ။ နှင်းဆီပန်း အရွက်များကို ကိုက်ထားသောပိုးကိုက်ပေါက်တွေကို ကျွန်တော်မြင်တော့ ဦးလေးကြီးအားမေးကြည့်မိသည်။ "ဒီအရွက်တွေကို ကိုက်တဲ့ အကောင်လေးတွေကို မသတ်ဘူးလား ဦးလေး" ။ " မသတ်ဘူးငါ့တူကြီးရ။ ဒီပိုးကောင်လေးတွေကိုသတ်လိုက်ရင် နှင်းဆီပင်ရဲ့ ပင်စည်ကို ကိုက်တဲ့ ပြပိုးလို့ခေါ်တဲ့ကောင် တွေကို မနိုင်တော့ဘူး။ဒါဆို နှင်းဆီပင်မျိုးတုန်းမယ်။ဒီအရွက်ကိုကိုက်တာဘာမှမဖြစ်ဘူး။ ဒီအရွက်ကိုက်တဲ့အကောင်တွေက အပင်ကိုသေအောင် ကိုက်တဲ့ ပြပိုးကောင်တွေကို စားပစ်တာ။ဒါကြောင့် အရွက်ပဲကိုက်ပြီးတော့ အပင်ရဲ့ရန်သူတွေကို သုတ်သင်ပေးနေလို့ သူတို့ကိုသွားသတ်လို့မဖြစ်ဘူး။ဦးတို့အတွက် မိတ်ဆွေပိုးကောင်လေးတွေပါ။" သြော်...တော်တော်ဆန်းကြယ်လှပါလားလို့ ကျွန်တော် အံ့သြရပြန်သည်။သူပြောသည်ကရှင်းသည် အရွက်အကိုက်ခံမလား အပင်အသေခံမလားဆိုလျှင် အရွက်ပဲအကိုက်ခံမယ် အပင်တော့မျိုးတုန်းမခံဘူးပေါ့။ပြီးတော့ ပိုးသတ်ဆေးလဲ သိပ်ဖျန်းစရာမလိုတဲ့သဘောပေါ့။အလုပ်မရှုပ်ဘူးပေါ့။သေချာပြန်ကြည့်တော့ ချစ်ဖို့တော့ကောင်းသား။အရွက်အကုန်ကို ကိုက်တာမဟုတ်လို့ ပိုးကိုက်တဲ့အရွက်ဖယ်ရောင်းလိုက်ရင် ရပြီဖြစ်သည်။ ကျွန်တော်ရှင်းသွားပေပြီ။နောက်မှသိရသည်က ထိုအဖျက်ပိုးများကိုပြန်စားသော ပိုးကောင်လေးတွေ အမည်မှာ 6 spotted beetle ဟုခေါ်ကြောင်းသိရပေသည်။

02933db9edcc6373f25ed2c2b683bc75.jpg
Credit Original Image Source

ကျွန်တော်တို့ ထိုအိမ်ကနေပြန်လာတော့ နောက်တစ်ခု အဖေ့ဆီမှသိရသည်က နှင်းဆီပင်တွေရဲ့ ဘေးမှာ ပေါင်းပင်လေးတွေရှိပေမယ့် မနှုတ်ပစ်၊ မရှင်းပစ်ကြခြင်းဟာ တချို့ အင်းဆက်ကောင်များသည် အဲ့ဒီပေါင်းပင်များကိုကြိုက်ကြခြင်းဖြစ်ကြောင်းသိရသည်။ အကယ်၍ ထိုပေါင်းပင်များမရှိလျှင် ပေါင်းပင်များအစား မိမိစိုက်ပျိုးထားသောအပင်များကို စားပေလိမ့်မည်။ထို့ကြောင့် ပေါင်းပင်များ အရမ်းများလျှင်နှုတ်ကြသော်လည်း နည်းနည်းပါးပါးတော့ချန်ထားပေးခဲ့ကြသည်။ဒါဆိုပေါင်းပင်လေးများသည် ကျွန်တော်တို့ စိုက်ပျိုးပင်များအတွက် မိတ်ဆွေဖြစ်နေသေးသည်။ သူ့နေရာနှင့်သူတော့ အသုံးဝင်နေသေးသည်သာ။သဘာဝတရားများကား ဆန်းကြယ်ပေစွ။

ဒါနဲ့ လမ်းလျှောက်ရင်း ကားလမ်းပေါ်တတ်တော့ " သစ်တစ်ပင်ခုတ် ၊ထောင်သုံးနှစ် " ဟုကပ်ထားသောစာတမ်းကို သစ်ပင်ကြီးများပင်စည်တွင် ကပ်ထားသည်ကိုတွေ့ရသည်။ဒီတစ်ခါတော့ကျွန်တော် မမေး အဖေကစပြောသည်။ " ဒီစာတမ်းတွေကပ်ရခြင်းက အဓိပ္ပာယ်ရှိတယ်သား။ လူတွေကိုထောင်ချချင်လို့မဟုတ်ဘူး။အဖေတို့အညာက မိုးခေါင်ရေရှားခနခနဖြစ်လေတော့ အပင်ကြီးမျိုးတွေဟာ မိုးခေါင်ရေရှားဒေသတွေအတွက် ပိုပြီးတော့လိုအပ်တယ်။ အပင်ကြီးတွေဟာ မိုးရေစီးတာကို သူတို့ရဲ့အမြစ်တွေနဲ့ တားဆီးစေတယ်။အရွက်တွေကြွေရင်လည်း ပင်စည်မှာဆွေးပြီး မြေသြဇာ ဖြစ်စေတယ်။ဒါ့အပြင် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်စီဂျင်ကို သူတို့ကထုတ်ပေးကြတာ။ သူတို့ကတော့ လေထုကို ညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို ပြန်ပြီးယူတယ်။ အပင်တွေများလေလေ မိုးရွာခြင်းကိုလည်းပဲ ပိုလေလေ ဖြစ်စေတယ်။ပြောရရင်တော့ အဖိုးတန်တာတွေများတယ် အပင်ကြီးတွေက။ မကုန်သေးဘူးသား။ ဒါတွေကြောင့် အပင်ကြီးတွေကို မခုတ်ဖို့ ဒီစာတန်းနဲ့ တားမြစ်ထားတာပဲ။"

4783432.jpg
Credit Original Image Source

မှန်၏။အပင်တွေမရှိသောအရပ်နှင့် အပင်တွေစိမ်းစိုနေသောအရပ်များသည် မိုးရွာနှုန်းမတူကြ။ဘုန်းကြီးကျောင်းတွင်းဝင်လျှင်အေးနေတာကို သတိထားမိကြပေမည်။ အပင်တွေကစိမ်းစိုနေခြင်းကြောင့်ဖြစ်သည်။ နှစ်ချို့ပင်ကြီးများရှိသည်မဟုတ်ပေလော။ထိုမျှအကျိုးရှိသောအပင်များအား ကျွန်တော်တို့ ပိုမိုစိုက်သင့်သည်။ ယခုတော့ ခုတ်ပဲခုတ်ကြပြီး ပြန်မစိုက်ကြ၍ သဘာဝတရားများကား ဖောက်ပြန်နေလေပြီ။ အခြားသောနိုင်ငံများတွင် အပင်လိုက် ရွှေ့၍ အမြစ်ပါမကျန် ယူသွားပြီး မိုးခေါင်ရေရှားဒေသများသို့ သွား၍စိုက်နေကြပေပြီ။ တစ်နေရာနှင့်တစ်နေရာကို balance ရာသီဥတု ဖြစ်စေရန် သူတို့သည် ကြံဆောင်နေကြပေသည်။

5505.jpg
Credit Original Image Source

အချို့သော ဓာတုဆေးဝါးများသည် သဘာဝပတ်ဝန်းကျင်တွင် ဓါတ်ပြိုကွဲပြောင်းလဲခြင်းမြန်သော်လည်း လူသားနှင့် သက်ရှိသတ္တ၀ါတို့တွင် အဆိပ်သင့်မှု ပြင်းထန်သည်ကို တွေ့ရတတ်သဖြင့် ကောင်းကျိုးထက် ဆိုးကျိုးမဖြစ်စေရန် စနစ်တကျအသုံးပြုမှသာ ဆေးအဖြစ်မှဘေးအဖြစ်သို့ မပြောင်းလဲမည်ဖြစ်ပေသည်။သဘာဝကဖန်တီးထားသော Natural Balance များ မပျက်စီးစေရေးအတွက် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးစေသောဓါတုဆေးဝါးများအစား ၊ win win ဖြစ်သော ၊ သဘာဝမှဖန်တီးထားသော ကောင်းကျိုးများကို စနစ်တကျလေ့လာဖော်ထုတ်ကြပြီး အသုံးပြုခြင်းဖြင့် ဖန်တီးဆန်းပြားသဘာဝတရားများ၏ အလှကို ဆက်လက်ထိန်းသိမ်းကြပါစို့လားဗျာ..။

natural-world.jpg
Credit Original Image Source

Untitled-1 copy.jpg

စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေဗျာ။

ချစ်လှစွာဖြင့်...

စာရေးသူ ...... @zarmanizawlinn

MSC 210

NAYPYITAW.

MYANMAR.

THANK FOR YOUR UPVOTE. THANK ALL STEEMIT FRIENDS. GOODLUCK.

IMG_20160726_223306.jpg

Sort:  

ထိကရုံးပင်​​လေး​တွေ​တွေ့ရင်​အခုအချိန်​ထိမမမထိရရင်​မ​နေနိုင်​ဘူးသိပ်​သ​ဘောကျတာအိပ်​သွားတာ​လေးကို​လေ။

100 မှာ 90 လောက်က သဘောကျကြတယ်။သူတို့ကတော့ပင်ပမ်းမယ်ထင်တယ် ပြန်ပွင့်လာလိုက် ပြန်အိပ်လိုက်နဲ့ ဟိဟိ။

ခက်တာက သစ်တွေအများကြီးခုတ်သွားတဲ့သူတွေက ပြန်မစိုက်ခဲ့တာပဲ

ဟုတ်တယ်ကိုကြီး မိမိနေတဲ့ကမ္ဘာကြီးကျန်းမာရေးကောင်းမှ မိမိတို့ကျန်းမာရေးလဲကောင်းမှာ ဒါကိုလူတိုင်းသိသင့်တယ်ဗျာ။

သဘာဝတရားကြီးက ဆန်းကျယ်တယ်နော်
သူ့ဟာနဲ့သူ အလိုလိုလအံဝင်ခွင်ကျဖန်တီးပေးထားတာ

ဟုတ်တယ်မကြီး အဖြူရှိရင် အမဲရှိတယ် ..အဖိုရှိရင် အစ်မရှိတယ် ...အလင်းရှိရင် အမှောင်ရှိတယ် အားလုံးကွက်တိပဲစဉ်းစားကြည့်ရင်... လင်းချည်းပဲနေလို့မကောင်းသလို မှောင်ချည်းပဲလည်းနေလို့ မကောင်းပြန်ဘူးနော်။

သူဟာနဲ့သူဟန်​ချက်​ညီ​နေရမာပါ။
မဟုတ်​ရင်​ဆိုးကျိုး​တေအများရီးဖြစ်​လာ​စေမာဗျ ။

ဟုတ်တယ်ဗျ။အမှန်ပဲဗျာ။တစ်ယောက်နဲ့တစ်ယောက်ကူညီ လောကကြီးကိုလဲကူညီရင်းသွားကြရမှာပဲဗျာ။

ကလေးတစ်ယောက်က ဖခင်လက်ကိုဆွဲပြီး
တတွတ်တွတ်မေးခွန်းများမေးနေတာမြင်မိတယ်
တော်တယ် ဇာကြီးရာ

ဟုတ်ပကွီးထွေး ။ မေးနေတာတတွတ်တွတ်လေ။ဟိဟိ။ချီးကျူးတာကျေးဇူးတင်ပါတယ်ကွီးရေ။

ထိကရုံးပင်​​တွေလည်း ထူးဆန်းးတယ်

အင်း အသားစားပင်တို့ နွယ်ရှင်တို့ အာ့တွေလဲရှိသေးတယ်ကိုအောင်ကြီးတစ်ရာ တုံ့ပြန်မှုရှိတာပေါ့ သူတို့လည်းထူးဆန်းတယ်ဗျ။

သဘာဝတရားသည်အမြဲဆန်းပြားနေပါသည်

ဟုတ်မှန်တာပေါ့အစ်မရေ။ကျွန်တော်တို့မသိသေးတာတွေအများကြီးရှိနေသေးတယ်နော်။

တကမ္ဘာလုံး အဆိပ်သင့်နေပြီ

ဟုတ်တယ်မက်မက်စု နောက်ကြာလေဆိုးလေဖြစ်တော့မယ် ဒါလဲသဘာဝပါပဲလေနော့် ဖြစ်ပြီးရင်ပျက်မယ်။

အင်း .. ရင်လေး စရာတွေချညိးပါပဲ😔😔

ဟုတ်ပဗျာ။နောက်လူတွေပိုဆိုးလာမယ် ရောဂါတွေလဲဆိုးလာမယ်။နည်းပညာတွေတိုးလေ ရောဂါတွေတိုးလေပါပဲလေ။

ဟဲဟဲ အကျင့်တူတယ် ထိကရုံးပင်တွေ့ရင် နေကိုမနေနိုင်ဘူး လက်ကလေးနဲ့ထိလိုက်ရမှ...သဘာဝပတ်ဝန်းကျင် သာယာလှပဖြိ့အရမ်းအရေးကြီးတယ်ကိုဇာရေ.သူ့ဟာနဲ့သူ အံဝင်ဂွင်ကျဖြစ်နေပေမဲ့ လူသားတွေရဲ့ လူနေမှုဘဝတွေနဲ့ယှဉ်လာတဲ့အခါ သဘာဝပတ်ဝန်းကျင်က အလိုလို ပျက်စီးသွားကြတယ်

လူတွေကပဲပြန်ပြင်နိုင်မှာပါ ဒါပေမယ့်လူတွေကဖျက်စီးတာများနေကြတာကိုးဗျာ။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ များများပေါ်ပေါက်ပါစေလို့ ဆုတောင်းမိပါတယ်။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64104.40
ETH 3148.52
USDT 1.00
SBD 4.25