မေတ္တာပန်းတို့ မွှေးပျံ့စေသော်ဝ်

in #myanmar6 years ago (edited)

ကျွန်တော့် ခြေလှမ်းတွေကို မြန်နိုင်သမျှမြန်အောင်လှမ်းနေမိသည်။ကျွန်တော့်စိတ်တွေက အစ်မထက်အရင် အဖေနှင့်အမေ့အိမ်သို့ အမြန်ရောက်ချင်နေမိသည်။အတ္တနှင့်လောဘစိတ်ကြောင့် ကားဂိတ်နှင့် အိမ်သို့လျှောက်သောလမ်းကအရင်ကထက်ကြာနေသလိုပင်။ကျွန်တော့်ထက်အရင် အစ်မသာကြိုရောက်နေလျှင်ဆိုသောအတွေးကား ကျွန်တော့်ရင်ကိုပူလောင်စေသည်။အိမ်ရှေ့ရောက်တော့ ခြံတံခါးကိုတွန်းဖွင့်ပြီး အိမ်ပေါ်တတ် အိမ်ထဲသို့ဝင်လာသည့်တိုင်အောင် ကျွန်တော့်အစ်မ၏ အရိပ်အယောင်ကားမမြင်ရ။ကျွန်တော်ကျေနပ်သွားမိပြီ။အဝတ်အ
စားအိတ်ကို ဧည့်ခန်းမှာထားခဲ့ပြီး မီးဖိုချောင်ဘက်သို့ ကျွန်တော်လှမ်းဝင်လိုက်လေသည်။

image
photo credit original source

" အဟွတ်…အဟွတ်…အဟွတ်…"

အဖေ့ချောင်းဆိုးသံကြောင့် ကျွန်တော့်ခြေလှမ်းတွေ ရပ်တန့်သွားသည်။အကြံလဲအိုက်သွားသည်။ကျွန်တော်က မီးဖိုချောင်ထဲမှာရှိတဲ့ပစ္စည်းတွေကို စိစစ်ရအုံးမည်။အမေ့ကိုပြောပြီး အစ်မ ,မလာခင် ကျွန်တော့်ရပိုင်ခွင့်တွေကို သိမ်းရအုံးမည်။အင်း…အဖေရှိနေလျှင်တော့ ကျွန်တော့်လိုချင်လောဘများကို ခဏတာမျိုသိပ်ရပေဦးတာ့မည်။

"သား ဇော်လားဟေ့"

အဖေ့ရဲ့လှမ်းမေးသံကြောင့်ကျွန်တော်က "ဟုတ်ကဲ့" ဟုဆိုကာမီးဖိုထဲသို့လှမ်းဝင်လိုက်သည်။အမေကတော့ အငွေ့တထောင်းထောင်းထနေသော ထမင်းအိုးကို ယောင်းမဖြင့်မွှေနေလေသည်။

image
photo credit original source

"အမေဘာဟင်းတွေချက်နေတာလဲ"

ကျွန်တော်မေးတာကိုမဖြေသေးပဲ ကျွန်တော့်ကိုအမေက ပြန်ပြုံးကြည့်သည်။အမေ့အပြုံးကအရမ်းနွေးထွေးလွန်းအားကြီးသောကြောင့် ကျွန်တော့်လိပ်ပြာမလုံလှ၊ဟန်ဆောင်အပြုံးပြန်ပြုံးရင်း ဘေးနားကခုံတစ်လုံးဆွဲထိုင်ကာ ယောင်ယမ်းထိုင်ချမိသည်။

"သားဇော်ကြိုက်တဲ့ ဟင်းတွေချက်နေတာလေ။သားလေးကြိုက်တဲ့ပဲကုလားဟင်းလဲပါတယ်။သမီးကြီး ထိုက်ထိုက်လာရင် အမေတို့အတူတူ ထမင်းလက်စုံ စားကြတာပေါ့ကွယ်။"
ထမင်းစားပွဲပေါ်ကဟင်းခွက်တွေကြည့်လိုက်တော့ ကျွန်တော် စိတ်လှုပ်ရှားသွားသည်။အဖေနဲ့အမေက အခုထိမမေ့။ကျွန်တော်သိပ်ကြိုက်သော ငါးခူစင်းကော၊အခုမှကျက်တဲ့ အငွေ့တထောင်းထောင်းနဲ့ကုလားပဲဟင်း၊ငါးပိချက်၊ ဒီဟင်းတွေသာပါရင် ကျွန်တော်တို့မောင်နှမ ခေါင်းမဖော်အောင် စားခဲ့ကြတာလေ။

image
photo credit original source

"သားဇော်အကြိုက်ရော သမီးအကြိုက်ရောချက်ထားတာအမေကိုယ်တိုင်။သားတို့အဖေကိုယ်တိုင်ဈေးသွားဝယ်ပေးတာလေ။အမေကဒူးသိပ်မကောင်းလို့သားရယ်"

အဖေ့မျက်နှာကိုမရဲတရဲကျွန်တော်လှမ်းကြည့်မိသည်။အဖေ့ရဲ့မျက်ဝန်းနဲ့ဆုံလေပြီ။ကျွန်တော့်ကို အရမ်းချစ်သောအဖေ့မျက်ဝန်းတွေနှင့် ကျွန်တော့်မျက်ဝန်းတွေ ရင်မဆိုင်ရဲ။ကျွန်တော် ဟန်ဆောင်ပြုံးထက်ပြုံးမိလေသည်လားမသိတော့ မျက်နှာလွှဲမိသည်။ထိုစဉ် အိမ်ရှေ့မှ ဆိုင်ကယ်ဟွန်းသံကြားရသည်။အစ်မလာပြီ။ကျွန်တော်ထွက်ကြိုလိုက်သည်။အဖေဆက်ကြည့်နေလို့ အဖေ့အကြည့်ကိုရင်မဆိုင်ရဲသောကြောင့် ထွက်ကြိုမိတာလဲပါသည်။အစ်မက ကျွန်တော့်ကိုမြင်တော့ ဘယ်ပစ္စည်းတွေဦးထားပြီလဲဆိုသောသံသယအကြည့်နှင့်ကြည့်သည်။မောင်နှမ နှစ်ယောက်ရဲ့ဆုံတွေ့ခြင်းကမနွေးထွေးလှ။

image
photo credit original source

"မမ အမျိုးသားရောလိုက်ချင်တယ်မပြောဘူးလား။ကျွန်တော့်မိန်းမကတော့ လိုက်ချင်တာတစ်ပိုင်းကိုသေနေတာ။အဖေနဲ့အမေက မခေါ်ခဲ့နဲ့လို့ပြောလို့ မနည်းလှည့်ပတ်ပြောပြီးထားခဲ့ရတယ်"

ကျွန်တော်ကအငယ်ဆိုတော့ စကားစပြောလိုက်သည်။အစ်မက အလိုက်သင့်" အေးအေး" ဟုထောက်ခံပြီးဧည့်ခန်းကိုမျက်စောင်းထိုးပြသည်။ဟုတ်သည် ခွဲရေးတွဲရေး ကျွန်တော်တို့မြန်မြန်တိုင်ပင်ရမည်။ကျွန်တော်တို့နှစ်ယောက်ဧည့်ခန်းမှာထိုင်ပြီးစကားပြောမည်အပြု အဖေရောအမေပါထွက်လာပြီး "သားနဲ့သမီး ထမင်းစားရအောင်"ဟုခေါ်သဖြင့် အကြံအစည်ပျက်သွားသည်။

အဖေက ထမင်းစားပွဲထိပ်မှာထိုင်လျှက် အပြုံးတွေဖြင့် ကျွန်တော်တို့ အတူတူအိမ်မှာနေခဲ့ကြတုန်းကအတိုင်းပင်။အမေက ဟင်းတွေခူးခပ်ကာ အရင်အတိုင်းစကားတွေပြောလျှက် အရင်လိုပဲ ဧည့်ခံနေလို့ကျွန်တော်အနည်းငယ်စိတ်သက်သာရာရသွားသည်။အစ်မကတော့ကြည့်ရတာ စိတ်အိုက်နေသလိုပင်။

image
photo credit original source

"သားဇော် စား ၊ အမေ့လက်ရာ ငါးခူစင်းကောဆိုရင်သာအရမ်းကြိုက်တာ အမေသိတာပေါ့။သမီးလဲစား ဘယ့်နှယ့်လဲ အရင်လို အမေ့လက်ရာက ကောင်းသေးရဲ့လား"
အမေ့အမေးကို အစ်မက 'ဟုတ်ကဲ့" ဟုပြန်ဖြေလိုက်သဖြင့် ကျွန်တော်ထမင်းကိုတိတ်ဆိတ်စွာဆက်စားနေလိုက်သည်။

"သားရော သမီးရော ခုလို အားရပါးရစားတော့ အဖေသိပ်ပျော်တာပဲကွယ်။တို့မိသားစု အတူတူလက်စုံမစားခဲ့ရတာတော်တော်တောင်ကြာပြီပဲ"

image
photo credit original source

အဖေကဆွေးမြေ့စွာပြောရင်း ဟင်းတွေလိုက်ခပ်ထည့်ပေးနေတော့ ကျွန်တော်တို့စကားစဖို့အခက်တွေ့ရပြန်သည်။အစ်မကကျွန်တော့်မျက်နှာကို မသိမသာလှမ်းကြည့်သည်။တကယ်ဆို အဖေ မဟုတ်ရင် အမေက မနက်ဖြန်ကိစ္စကိုစပြောမယ်လို့ ကျွန်တော်တို့ကထင်ထားခဲ့ပေမယ့် အဖေရောအမေပါ မနက်ဖြန်ကိစ္စကိုအစမလုပ်သည့်အပြင် ပျော်ပျော်ပါးပါး ထမင်းစားနေကြသဖြင့် ကျွန်တော်တို့မောင်နှမ နှစ်ယောက်ဘဝင်မကျချင်။အလိုမကျဖြစ်မိသည်။ကိစ္စမြန်မြန်ပြီးမြန်မြန်ဖျက်ခါ အိမ်ကိုပြန်ချင်နေပြီ။
ဆက်ရန်…………………………………………

image
photo credit original source

Author _ @zarmanizawlinn
MSC 210
Naypyitaw
Myanmar
28-5-2018
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
image

Sort:  

ဤ post ကို ဗိုက်ဆာနေတုန်း ဖတ်မိသောအခါ .......
😂😂
ကုလားပဲဟင်းစားချင်တယ် 😁

ငါးပိချက်လေးနဲ့လေ။ငါးခူစင်းကောနဲ့လေ။ကြိုက်တယ်နော်မိုးအေးအေးနဲ့လေ။တို့စရာနဲ့လေဟီ

ဖတ်​လို့​ကောင်းလိုက်​တာ အစ်​ကို​ရေ .. ​လောဘ အတ္တ ရဲ့ အပူနဲ့ မိဘ​မေတ္တာရဲ့ ​အေးချမ်းမှုကို ​ရောပြွန်းထားပုံက သရုပ်​​ပေါ်လွန်းတယ်​ဗျာ ..

နောက်တစ်ပိုင်းကငိုရမှာကိုမြန်မာပြည်သားရေ။လက်ကိုင်ပ၀ါလေးဆောင်ထားငိုတတ်ရင်လေ။ဟေဟေး ဖတ်လိုက်ငိုလိုက်ပေါ့ဟိ

အာ့ဝတ္ထုလား။

ဟုတ်။

👓👓👓👓👓
Your post is great..
Click This link they are having a promotion going on..
They are giving 20 UPVOTS WORTH 1 SBD AND 10 FOLLOWERS.

အ​မွေခွဲကြမို့လားဟင်

အေးဆို။မှန်ထာ။

ဇာကြီးကတော့လုပ်ပြီ
နောက်တစ်ပိုင်းမျှော်ရပေါ့

ဟုတ္ကြီး။နောက်တစ်ပိုင်းခွဲမယ်လေအမွေ။လက်ကိုင်ပ၀ါလေးယူထားနော်။ငိုတတ်ရင်လေကြိုပြောထားတာ။

မိဘဆိုတာ သာသမီးတွေကိုဘယ်တော့မှမမေ့ပါဘူး

အမှန်ပါပဲဗျာ။တကယ်တော့မိဘဆိုတာသားသမီးတွေအပေါ်မှာအမြဲတမ်းဂရုဏာနဲ့ကြည့်နေတဲ့သူပါ။

ကောင်းခန်းရောက်မှ..မီးကပျက်ရတယ်လို့ကွာ..။
သားရေ..သတ်ပုံလေးတွေပြင်လိုက်ဦး..
အစ်မသာကြိုရောင်နေ..ရောက်
တပိုငါးကိုသေ..တပိုင်းကိုသေလို့
အရငါတိုင်း..အရင်အတိုင်း
အန်တီရဲ့စာတွေမှာ..အမှားပါလည်းထောက်ပြကြပါဦးနော်
အန်တီက..ရေးခဲ့သမျှအားလုံးဟာ..လက်တန်းချရေးတာဆိုတော့..အမှားပါနိုင်တယ်။

ဟုတ်တယ်ဆရာမကြီးရေ။ဖုန်းက keyboad ကမကောင်းတာ ဘေးရောက်နေတာ ပြင်ရလွန်းလို့လဲမုန်းလာပီ။touch လဲမယ်ဆိုတော့လဲ တစ်သိန်းကျော်ဆိုတော့ ခနရပ်နေတာဟီး။ကျေးဇူးပါဆရာမကြီး။ခနနေပြင်လိုက်ပါ့မယ်။

အခုReplyပြန်ဖတ်မှ.သတိထားမိတာ..မွှေးပျံ့..နငယ်မသတ်ပါ။ပြင်လိုက်နော်..ခေါင်းစဉ်ကပိုအရေးကြီးတယ်။

အဟိ ပြင်လေမှားလေနော်ဆရာမကြီးရေ။ကျေးဇူးအရမ်းတင်တယ်ဗျာ။ခုလိုပြောပြမယ့်သူရှိတာအားတတ်တယ်ရေးရတာ။အမှားလဲပြင်တတ်သွားတယ်။နီးရင်မညှာနေနဲ့နှဖူးပြောင်ပြောင်နဲ့ခေါင်းကိုသာခေါက်ချလိုက်ဟိဟိ။

ဒီဇာတ်လမ်းထဲက ဇာတ်ကောင်နာမည်က ဘာတဲ့

တိန်..သားဇော်နဲ့သမီးထိုက်ထိုက်လေ ဘာလား ပြောင်တာလား စာလုံးပေါင်းမှန်တယ်နော်။မနောက်နဲ့နော်မက်မက်စု ခုနကအကုန်လိုက်ကြည့်ပြီးပြင်ထားပြီးပြီ။မောင်လေးကပြောင်ပြီးသားမိုလို့ပြောင်တာ မက်မက်စုကဆံပင်တွေအများကြီးလေ မပြောင်နက်။

ဇာမနီဇော်လင်းရဲ့ အိမ်နာမည်များဖြစ်နေမလားလို့ ဟဲဟဲ

ဟားဟား..မက်မက်စုကတော့လေ..တော်ချက်ကွာ...သူများနာမည်တွေယူမသုံးချင်လို့ကိုယ့်နာမည်ထည့်လိုက်တာအဲ့လို...

အယ် ဘယ်လိုပြော အဲ ဘယ်လိုရေးရမှန်းတောင် သိတော့ပါဘုဟယ်
မိဘတေက သက်ရှိထင်ရှားရှိနေတုန်းလ

မိဘရှိတာကောင်းတာပေါ့။မိဘရှိတာမရှိတာနဲ့မဆိုင်ဘူးလေသူများဇာတ်လမ်းရေးနာကို လာပြောင်သွားတယ်။လူဆိုး

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87