လွမ်းဆွတ်​မိ​သော သာမည​မြေ

in #myanmar7 years ago (edited)

ကျွန်​မတို့ငယ်​ငယ်​က ၅တန်း​ပေါ့ ​နော်​ အဲအရွယ်​​လောက်​ က သွားဖြစ်​ခဲ့တဲ့ သာမညဆရာ​တော်​ ဘုရားကြီး ရှိတာ သာမည​တောင်​ သို့ ခရီးသွားခဲ့တာ​လေး ကို ပြန်​လည်​လွမ်းဆွတ်​မိပါရဲ့။
က​လေးဘဝဆို​တော့ အကုန်​​တော့ မမှတ်​မိ​ပေမဲ့ အဲဒီခရီးစဉ်​​လေးကို​တော့ ရင်​ထဲမှာ အစဉ်​အမြဲ သိမ်းထားမိခဲ့တယ်​ အမျိုး​တွေနဲ့သွားခဲ့ရတဲ့အတွက်​လည်း ​ပျော်​စရာ​ကောင်း​သော ခရီးစဉ်​​လေးတစ်​ခုဖြစ်​ခဲ့တယ်။
 ကျွန်​မရဲ့အ​ဒေါ်ဖြစ်​သူက ဘုရားတရားအလွန်​ကိုင်းရှိုင်း​သောသူတစ်​​ယောက်​ပါ ။သာမညဆရာ​တော်​ ဘုရားကြီးကို လည်းအလွန်​ကြည်​ညိုသူတ​ယောက်​ပါ ဆရာ​တော်​ဘုရားကြီးက သတ်​သတ်​လွတ်​ရာသက်​ပန်​ စားသလို ကျွန်​မအ​ဒေါ်ကလည်း ဆရာ​တော်​ကို ယုံကြည်​ကိုးကွယ်​သည့်​အချိန်​မှစ၍ ယခု ထက်​ထိ သတ်​သတ်​လွတ်​ စားသုံး​နေ​သော သူတစ်​ဦးဖြစ်​ပါတယ်​ အ​ဒေါ်ကသူ သာမည ဆရာ​တော်​ဘုရားဆီသွား​ရောက်​ဖူး​မြော်​ရင်​ ကျွန်​မတို့ရဲ့​ဘောပင်​ခဲတံ စာ​ရေးကိရိယာ​လေး​တွေကို ယူသွားပြီး ဆရာ​တော်​ကို သိဒ္ဓိတင်​ခိုင်းပါတယ်​ ကျွန်​မက​တော့ အရင်​ ကနားမလည်​ဘူး
အဲလို​တွေလုပ်​တဲ့သူ​ရော ရှိပါ့မလား​ပေါ့ တကယ်​ သွား​ရောက်​ဖူး​မျှော်​ခွင့်​ရတဲ့အချိန်​မှာ​တော့မျက်​မြင်​ကိုယ်​​တွေ့ တင်​ခိုင်းတဲ့ပစ္စည်း​တွေဆိုတာ မျိုးစုံလို့ သာမညဆရာ​တော်​ ကို ဖူး​မြော်​ရ​အောင်​ အနယ်​နယ်​အရပ်​ရပ်​မှလာကြ​သော ဘုရားဖူးဧည့်​သည်​များ ကလည်းအမြဲ ပြည့်​လျံ​နေပါတယ်​ မနက်​ဆို ဆရာ​တော်​ကိုဖူး​မြော်​ဖို့ ​မနက်​​စော​စောထကျ ဘုးရားဝတ်​ပြုပြီး ဆရာ​တော်​ရဲ့ တရား​တော်​ကိုနာကြပါတယ်​ ပြီးရင်​​တော့ ဆရာ​တော်​ကိုအနီးကပ်​ ဖူး​မြော်​ရ​အောင်​ တန်းစီပြီးအလှည့်​ကျ ဝင်​​ရောက်​ဖူး​မြော်​ရပါတယ်​ ဆရာ​တော်​ ဘုရား​ပြော​နေကျ စကားတခွန်းကို ခုထိ ကြား​နေမိဆဲပါ ဘုရားဖူး ဧည့်​သည့်​​တွေ ​တောင်​​ပေါ်မှာ မြတ်​​စော ညီ​နောင်​ ​စေတီ​လေးကိုဖူးပြီး သတ်​သတ်​လွတ်​ ထမင်းဟင်း သုံး​ဆောင်​သွားကြ​နော်​ သွားစားကြ​နော်​ ဆရာ​တော်​ဘုရားကြီး ​ပြော​သော ​စကား​လေးဖြစ်​ပါတယ်​ သာမည​တောင်​​ပေါ်မှာ ​တော့​တောင်​ပိုင်​အဖွား နန်းကြာဟဲ ရဲ့နတ်​နန်းရယ်​ ဆရာ​တော်​ဘုရား တည်​ထားကိုးကွယ်​တဲ့ မြတ်​​စော ညီ​နောင်​​စေတီရယ်​ နတ်​နန်း​တွေရယ်​ရှိပါတယ်​ ကျွန်​မသိသ​လောက်​က​တော့ ဆရာ​တော်​ဘုရားနဲ့အဖွားဘနန်းကြာဟဲကအရင်​ ဘဝ က သားအမိ​တော်​ သတဲ့ ခုဘဝမှာ ဆရာ​တော်​ဘုရားကို အ​မေ​တော်​စပ်​ခဲ့သူက ဒီသာမည​တောင်​မှာ သာသနာ လာပြုပါလို့ အိမ်​မက်​​ပေးခဲ့တယ်​ အဲဒါနဲ့ ဆရာ​တော်​ဘုရားလည်း သာသနာပြုခဲ့တယ်​ သတ်​သတ်​လွတ်​နယ်​​မြေအဖြစ်​ သတ်​မှတ်​ပြီးအနီး ပတ်​ဝန်းကျင်​က ရွာသူရွာသားအားလုံးကပါ သတ်​သတ်​လွတ်​စားသုံးခဲ့​သော နယ်​​မြေ​လေးဖြစ်​ပါတယ်​ ​တောင်​​ပေါ် ထမင်းစားရုံမှာ​တော့ တခါမှမမြင်​ဖူးခဲ့တဲ့ ဒန်​အိုးအကြီးကြီး​တွေ မိုးပြဲ ဒယ်​အိုး​တွေနဲ့ဆရာ​လေး​တွေ က ချက်​ပြုတ်​​နေကြတယ်​ အများစာ ချက်​တာ ဖြစ်​​ပေမဲ့အရသာက​တော့ ​ကောင်းလွန်း​လှပါတယ်​ သတ်​သတ်​လွတ်​ ငပိ​ရည်​ဖြစ်​တဲ့ ပဲနဲ့လုပ်​ထား​သော ငပိရည်​ အတုကလည်းစား​ကောင်းခှပါတယ်​ မျှစ်​​လေး​တွေ ဖရုံသီး ခရမိးသီး​တွေနဲ့ ချက်​ထားတဲ့ သီးစုံဟင်း အရွက်​​ကြော်​​တွေ ဝဥသုပ်​တို့ သတ်​သတ်​လွတ်​​ပေမဲ့စား​ကောင်းလှပါတယ်​ ဆရာ​တော်​ဘုရားကြီးရဲ့​စေတနာ သဒ္ဓါတရားကလည်းအလွန်​ထက်​သန်​ပါတယ်​ ထမင်းနဲ့ဟင်းကို ၂၄နာရီမပြတ်​​ကျွေး​နေတာ ဖြစ်​ပါတယ်​ ဘုရားပတ်​ဝန်းကျင်​မှာလည်း သာမည ဆရာ​တော်​ ဆွဲကြိုး​လေး​တွေ လက်​စွပ်​​လေး​တွေ ​ရောင်းတဲ့ဆိုင်​​တွေ အမှတ်​တရ ပစ္စည်းဆိုင်​​တွေနဲ့စညိကားလှပါတယ်​ ​တောက်​​အောက်​ ​ဈေးထဲမှာလညိး ရိုးရာ အကျီင်္ကရင်​အကျီင်္​လေး​တွေ ယိုးဒယားမုန့်​​တွေ အိမ်​သုံးပစ္စည်း​တွေကလည်း ​ဈေးနှုန်းချိုသာလှပါတယ်​။
သာမညကပြန်​လျှင်​ ဘားအံမြို့က အထင်​ကရဘုရား​တွေဖြစ်​တဲ့ ဘုရင့်​ညီကူဘုရား ​ကျောက်​ကလပ်​ ​စေတီ​တော်​ ​ရွှေရင်​​မျှော်​ဘုရားများကိုဝင်​​ရောက်​ဖူး​မြော်​ခဲ့ပါတယ်​မှတ်​မှတ်​ရရသာမညသို့ ၂​ခေါက်​ အလည်​​ရောက်​ခဲ့ပါတယ်သွားတဲ့အ​ခေါက်​တိုင်း ​စိတ်​ချမိး​မြေ့ ကြည်​နူးရတယ်​ ​ပျော်​ရွှင်​ရတယ်​ ​ဆရာ​တော်​ကြီးပျံလွန်​​တော်​ မူပြီး​နောက်​ပိုင်းမှာ​တော့ သာမည​မြေဟာ အရင်​လို မစည်​ကား​တော့ပါဘူး ဆရာ​တော်​ရှိစဉ်​က​တော့ ဘုရားဖူး ဧညိ့​တွေ များပြားလှတဲ့ ဒီ​မြေ​လေးဟာ ခု​တော့ အရင်​လို မဟုတ်​​တော့ဘူး တိတ်​ဆိတ်​ ငြိမ်​သက်​လျှက်​ အခါအခွင့်​ကြုံရင်​ ​နောက်​တစ်​​ခေါက်​​လောက်​​တော့ ထပ်​ပြီးသွားကြည့်​ချင်​ပါ​သေးတယ်​ (မပြည့်​စုံတာ အမှားပါရင်​ ခွင့်ွှတ်​ပါ()MSC-232@yway

Sort:  

အားပေးနေတယ်

ရွေးရေ

ဟုတ်​bro

စာပိုဒ်လေးတွေခွဲရေးပါ ။ စာကြောင်း အဆုံးမှာ ပုဒ်မလေးတွေထည့်ပေးပါ အခြားသူများရေးသော post များမှလည်း ကောင်းနိုးရာရာ ပုံစံ ( စာပိုဒ် စာကြောင်း ပုံထည့်ပုံ ) လေးကြည့်ပါ အောင်မှာ ရေးသူအမည် MSC နံပါတ် ထည့်ပေးပါ ။

ဟုတ်​ကဲ့

လည်​ချင်​စိတ်​​တောင်​​ပေါက်​သွားဘီ​နော်

ဟုတ်​တယ်​​ပျော်​ဖို့ ​​ကောင်းတယ်

တော်တော် မှတ်မိတယ်နော်

ပျော်​စရာ အမှတ်​တ ရ​တွေဆို​တော့ အမှတ်​ရ​နေတာ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59128.17
ETH 2522.40
USDT 1.00
SBD 2.48