TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၃)

in #myanmar6 years ago (edited)

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၃)

နောက်​တမျိုးက​တော့ ရုပ်​​တွေ​တော့လာပြီး
Audio အသံပိုင်းကမလာတာမျိုး​တွေလည်းဖြစ်​တပ်​ပါ​သေးသည်​၊ဒီပြစ်​ချက်​မျိုးက​တော့ ​အသံပိုင်းဆို​တော့ စက်​ပြင်​သမားတိုင်းပြုပြင်​ဘို့လွယ်​ပါတယ်​၊ လွယ်​ပါတယ်​ဆို​ပေမယ့်​တခါတ​လေမှာ အ​တော်​​လေးခက်​ခက်​ခဲခဲလုပ်​ယူရပါတယ်​၊အများအားဖြင့်အသံမလာ​တဲ့ပြစ်​ချက်​နဲ့အလာများတာက​တော့စပီကာပျက်​တာကများပါတယ်​၊

vintage-television-technology.jpg

https://goo.gl/images/9xJ4yj

အသံပိုင်းမလာလျှင်​ပထမဆုံးစပီကာကိုမီတာတိုင်းကြည့်​ပါ ၊​ကောင်းနေလျှင်​ အသံအိုင်​စီဆီ ပို့​သော ၁၂ဗို့ ဗို့လမ်း​ကြောင်းကို၁၂ဗို့​ရောက်​မ​ရောက်​အရင်​စစ်​ကြည်​ပါ၊ဗို့​ရောက်​ပြီးအသံမလာရင်​​ရာခိုင်​နူန်းများများက​တော့ ic ​လောင်​​နေတပ်​ပါတယ်​၊တချို့အရင်​110v သုံးဂျပန်​ကျတီဗွီ​တွေက​တော့ ic အစားtr နှစ်​လုံးနှင့်​​အောက်​ပွတ်​အထုပ်​နဲ့ ocl အသံထွက်​ရ​အောင်​ထိုင်​ကြပါတယ်​၊သူ့မှာ​တော့ ဗို့ကိုဖလိုင်းဖက်​ဆီဝင်​​သော 110vလိုင်းမှ25vရယူထားပါတယ်​၊ သူ့မှာဖြစ်​တပ်​တဲ့ပြစ်​ချက်​က 25vအဝင်​လမ်း​ကြောင်းreg​လေး​လောင်​​နေတပ်​တာ​တွေရတပ်​ပါတယ်​၊အဓိက​ ကတော့ trနှစ်​လုံးအ​လောင်​များပါတယ်​၊ခါကြီးခါရံ ​အောက်​ပွတ်​ထုပ်​လည်း​လောင်​တပ်​ပါတယ်​၊​အောက်​ပွတ်​​တွေ အသံအိုင်​စီ​တွေ​ကောင်း ဗို့​တွေ​ရောက်​လို့မှအသံမလာရင်​ တခါတ​လေ မိန်းအိုင်​စီက အသံပိုင်းအကန့်​​ကချွတ်​ယွင်း​နေတာမျိုးလဲ ဖြစ်​တပ်​ပါတယ်​၊ဒါမျိုးဖြစ်​ပြီဆိုရင်​​တော့မိန်းအိုင်​စီတခုလုံးလဲရပါတယ်​၊မိန်းအိုင်​စီဆိုတာ အားလုံးစု​ပေါင်းပြီး အလုပ်​အများဆုံးလုပ်​ရတဲ့အိုင်​စီဖြစ်​ပါတယ်​၊
TV-Kit.jpg

https://goo.gl/images/mP4bN8

မိန်းအိုင်​စီထဲမှာ H out ကိုထုပ်​​ပေး​သော​အော်​လ​ဇေးရှင်း ၊ဗာတီကယ်​ကိုထုပ်​​ပေး​သော​အောလ​ဇေးရှင်း၊အသံပိုင်းကိုထုပ်း​ပေး​သောအပိုင်း၊ကျုနာမှာလာ​သောဆင်​ကနယ်​ကိုမီးလုံးဆီသို့ videoအဖြစ်​ထုပ်​​ပေး​သောအပိုင်း၊​အောက်​စက်​မှလာ​သောဗွီဒီယိုဆင်​ကနယ်​ကို မီလုံးဆီသို့ဗီဒီယိုထုပ်​​ပေး​သောအပိုင်း​အောက်​စက်​ဗွီဒီယိုနဲ့ တီဗီလိုင်းကိုချိန်း​ပေး​သောအပိုင်း ရုပ်​ပုံများကိုကာလာဖြန့့် ပေး​သောအပိုင်းစသည်​ဖြင့်​​မြောက်​မြားစွာပါရှိပါသည်​၊အားလုံးအိုင်​စီတလုံးထဲမှာပါသည်​ဆို​ပေမဲ့ အိုင်​စီထဲမှာ​ရောရှက်​မှူ့မရှိဘဲ သူ့အကန့်​နဲ့သူရှိ​နေတာမို့တပိုင်းပိုင်းကချွတ်​ယွင်းလျှင်​လဲ ထိုအိုင်​စီကိုလဲပြစ်​မှရ​လေသည်​၊ပိုင်​ရှင်​များရီမုကွန်​ထိုးဖြင့်​ ရုပ်​ပုံများ ကာလာများ အသံများ လိုသလိုချိန်​ပြီးရင်​ တည်​ရှိ​နေဘို့ အတွက်​ မှတ်​ဥာဏ်​များကိုမီမိုရီအိုင်​စီ 24c icနဲ့မှတ်​သားထားပါသည်​၊ ထိုမီမိုရီအိုင်​စီသည်​မိန်းအိုင်​စီနဲ့​ဒေတာကူးလူးချိတ်​ဆက်​ထားပါသည်​၊ တခါတ​လေ မီမိုရီအိုင်​စီ​ချွတ်​ယွင်းပြီး အသံကိုပိတ်​ထားသည်​များလည်းဖြစ်​တပ်​ပါသည်​၊ထိုအခါဆားဗစ်​မု​မှဖော်​ ပြီး အသံကိုပြန်​​ဖော်​ယူရ​လေသည်​၊
ဆက်​ရန်​.......

Post writer=@yuzana(shineshine)
MSC=146

Sort:  

အပိုင်း ၁၃ ထိ ကောင်းကောင်း မဖတ်ခဲ့မိဘူး
ခွင့်လွှတ်ပါဗျာ

Posted using Partiko Android

အစအဆုံးဖတ်​မှသ​ဘော​ပေါက်​ရုံ​နေမှာ

အတွေ့အကြုံတွေ မနည်းပါလားနော်

Posted using Partiko Android

တပ်​သ​လောက်​မှတ်​သ​လောက်​ဗဟုသုတပါဆရာ

ပညာတွေချပြနေတာ

ပညာ​တွေမပြရပါဘူးဗျာ
အ​တွေ့အကြုံ​တွေ ပြရတာပါ

ဦးယုရဲ့ ပညာတွေကလည်း စားမကုန်နော်

Posted using Partiko Android

စားလို့​တော့မကုန်​ဘူး ဒါ​ပေမဲ့ မချမ်းသာဘူး

သင်​​ပေးပါအုံး ကိုကိုယု 😊

Posted using Partiko Android

တီဗွီအ​ကြောင်းကပြီး​တော့မယ်​​မောင်

အ​သေး​လေး​တွေက စ အကုန်​သာ​ရေး 😁

Posted using Partiko Android

ပညာ‌တွေ sharing လုပ်‌‌ပေးလို့‌ကျေးဇူးပါဦးယု။

ဖတ်​​ပေးလို့ ​ကျေးဇူးပါဗျာ

စက်​ပြင်​အ​တွေ့အကြုံအများကြီး​နေမယ်​...ခုလို​ရေး​ပေးလို့ဗဟုသုတရပါတယ်​...

Posted using Partiko Android

ဗဟုသုတ​လောက်​ဘဲ ​ရေးနိုင်​ပါတယ်​ မတ်​မတ်​ရယ်

အတွေ့အကြုံတွေက ရေးရင်ကုန်မှာမဟုတ်နော်

Posted using Partiko Android

ဒီပညာက လိုက်​မမှီနိုင်​ဘူး ကုန်​တယ်​လို့လဲမရှိဘူး

လွယ်တော့မလွယ်ဘူး ကြားရက်တွေ အဖတ်ပြတ်သွားတော့ ပိုမလွယ်ဘူး ပြင်ဖို့လဲ မစဉ်းစားတော့ဘူး အရင်ကတော့ ဖြုတ်တယ် ပြန်မတပ်ဖူး ခ်ခ်

သ​ဘော​လောက်​ဗဟုသုတ​လောက်​ပါ
ပစ္စည်း​သေး​သေး​လေး​တွေရဲ့တခုခြင်း
အ​ကောင်းနဲ့အဆိုးကို မီတာတိုင်းတပ်​မှ ပြင်​လို့ရမှာ စစက်​ပြင်​သမား​တွေအတွက်​​တော့ အကျိုးရှိပါတယ်

ပညာတေကတော့ ရေးမကုန်ပဲ မကုန်သလောက် ရေးဟာ😁

Posted using Partiko Android

ကြာ​တော့ပြင်းလာပြီဗျာ့
စိတ်​ကူး​ပေါက်​မှ အင်​ဗာတာအ​​ကြောင်း​တွေ
အင်​ပလီဖိုင်​ယာထိုင်​ပုံထိုင်​နည်း​တွေ​ရေးရအုန်းမယ်

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65266.27
ETH 2639.14
USDT 1.00
SBD 2.84