ဖိုးသမားဘဝ​တော့ ကျွန်​​တော်​လည်းအ​ရောက်​မခံပါ

in #myanmar5 years ago

ဖိုးသမားဘဝ​တော့ ကျွန်​​တော်​လည်းအ​ရောက်​မခံပါ


အရင်​အပတ်​​တွေက ကျွန်​​တော်​တို့သူငယ်​ချင်း ​မောင်​​ဒေးဗစ်​ မူယစ်​​ဆေးစွဲတာကစလို့ မူယစ်​​ဆေးအ​ကြောင်း​တွေ သုံးပုံသုံနည်း​တွေ ကို မသိ​သေးတဲ့သူငယ်​ချင်းများအတွက်​​ရေး​ပေးခဲ့ပါတယ်​။ တကယ်​တန်းဆိုရင်​ ကျွန်​​တော်​ဒါ​တွေအကုန်​လုံးသိ​ပေမဲ့ အမှန်​အတိုင်းဝန်​ခံရရင်​ကျွန်​​တော်​မစွဲဖူးပါဘူး။ ကျွန်​​တော်​​ရောက်​ဖူးတဲ့နာဂရွာတရွာမှာ ဘိန်း​ရှူတာကိုရိုးရာတခုလိုဖြစ်​ပြီး အဲ့ဒီ​ခေတ်​က သာ​ရေးနာ​ရေးပွဲ​တွေမှာ ကျွန်​​တော်​တို့မြန်​မာလူမျိုး​တွေ ​ရေ​နွေအိုးတည်​ ကွမ်းအစ်​ချသလိုတည်​ကြတာပါ။ ဒါ​တောင်​ကျွန်​​တော်​ မူးယစ်​​ဆေးမစွဲဖူးခဲ့ပါဘူး။

Screenshot_20180102_131154.png

လူဆိုတဲ့စိတ်​ကလည်းအခက်​သားဗျာ့ ၊ ကျွန်​​တော်​တို့စိတ်​​တွေကကိုအဲ့ဒီအရသာ ဖီးကိုမခံတပ်​တာ ​သွေးသားကကိုမကြိုက်​တာ ။ကျွန်​​တော်​တို့ငယ်​ငယ်​​လေးကတည်းက မိဘက ဘာလုပ်​ ဘာမလုပ်​နဲ့လို့တခါမှမတားဖူးဘူး ကျွန်​​တော်​တိုကလည်းအရွယ်​​ရောက်​လာကတည်းက​လျှောက်​သွား​နေတာကိုး ပခုက္ကူသားဆို​တော့သိတဲ့အတိုင်းဘဲ​လေ။ ဒီ​တော့ပိုပြီးလွပ်​လပ်​အထိမ်းအချုပ်​မဲ့တာ​ပေါ့ ။
ယ​နေအချိန်​ထိ ဘိန်း က​စော်​ အရက်​ ဘီယာ မကြိုက်​တပ်​ခဲ့ပါ။ ဘိန်းနဲ့ပတ်​သက်​ပြီးလဲ တခါ တရုပ်​​တွေက​ကျောက်​ရလို့ပွဲလုပ်​တာ ဝိုင်းဖွဲဘိန်းရှူကြ​တော့ ကျွန်​​တော်​လည်းမကြိုက်​​ပေမဲ့လူမှူ​ရေးအရဘယ်​လိုညင်းမရ ကျွန်​​တော့ကိုလည်း လည်​သာအင်္ကျီတထည်​ကလက်​​ဆောင်​​ပေးထား​တော့ ရှူလိုက်​တာ​ပေါ့ဗျာ ရူပြီးမကြာဘူးဗျာ တရုပ်​​တွေက မျက်​လုံး​လေး​​တွေမှေးပြီး ဖီးတက်​မှိန်း​နေကြလျှက်​ ကျွန်​​တော့မှာ​တော့တ​ယောက်​ထဲ အ​နေခက်​​နေလိုက်​တာ သူတို့လိုမမှိန်း​တပ်​​တော့ စကား​ပြော​ဖော်​ကမရှိ ကျိပ်​မှိတ်​အိပ်​လည်းမရ မျက်​စိက ကျယ်​ပြီ​ကြောင်​​နေတယ်​။

lahu-tribe-men-smoking-opium-and-a-bong-water-pipe-near-mae-hong-son-north-thailand-X5079R.jpg

နောက်​​တော့မထူးဘူး ဒီလူ့နှိုးစကား​ပြောလည်းမရ ဟိုလူ့နှိုးစကား​ပြောလည်းမရဆိုပြီး ရသမျှ တွံ​တေးသိန်းတန်​သီချင်း​တွေ ကုန်းအော်​ဆို​နေမိ​တော့တာ​ပေါ့ အဲ့​တော့ သူတို့တ​တွေမှာမှိန်းလိုကမရ​တော့ ​ဟေ့ ​ကောင်​အညာသား မင့်​အသံကြီးနဲ့မဆိုပါနဲ့ ဒို့မှာဖီးလ်​ပျက်​ကုန်​ပြီတဲ့၊ ငါလည်းစကား​ပြော​ပေါ်မရှိ အိပ်​လည်းမရဘူးကွ သီချင်းကလည်းတအားဆိုချင်​​နေတယ်​ဆိုပြီး ဆက်​ဆို​နေ​တော့တာ​ပေါ့ ။နောက်​​တော့တရုပ်​​တွေမခံနိုင်​​တော့ဘူး တဲထဲကို တ​ယောက်​ပြီးတ​ယောက်​ဝင်​သွားပြီးအိပ်​ယာ​တွေမှာသွားပြီးမှိန်း​နေကြ​လေရဲ့ အပြင်​ကကွပ်​ပျစ်​မှာ ကျွန်​​တော်​တ​ယောက်​ထဲ မအိပ်​မချင်း သီချင်း​တွေတပုဒ်​ပြီးတပုဒ်​​အော်​ဆို​နေလိုက်​တာ ဘယ်​အချိန်​အိပ်​​ပျော်​သွားမှန်းမသိသလိုဘယ်​အချိန်​အိပ်​ယာထဲ​ရောက်​​နေမှန်းလည်းမသိ​တော့ ။အဲ့ဒီကတည်းက ကျွန်​​တော်​မကြိုက်​​သောဘိန်းကို သူတို့မရှူခိုင်း​တော့ ကျွန်​​တော်​ဘိန်းရှူမှာကို​ကြောက်​​နေ​လေ​တော့သည်​၊ ကျွန်​​တော်​ကလည်းမကြိုက်​​တောမရှူ​တော့ သူတို့မြည်းတဲ့အမြည်းဘဲ ထိုင်​မြည်းပြီး​နေရ​လေ​တော့သည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ကျင်းပေါင်းတစ်ထောင် ကုန်အောင်တူးမယ့် ကျောက်တူးသမားလေးပါ

Posted using Partiko Android

ဖိုးသမားဘဝတေွာ့ကျွန်တော်တော့ အဖြစ်မခံပါ

တကယ်တော့ ကျောက်တူးသမားများဟာ.....လောင်းတွေပါ

တကယ်တော့ ကျောက်တူးသမားများဟာ လောပန်း ----- တွေပါ

ရှူလိုက်မှ ပိုဆိုးပေါ့ဗျာ အဲ့တာ ကောင်းတာပါ ခဏခဏ လုပ်ဖြစ်ရင် ကြိုက်သွားတတ်တယ် ။အရက်လဲ အစခါးပြီး ခေါင်းမူးတာ မကောင်းဘူး နောက်တော့ ကျမှ ။ အဲ့လိုထင်တယ်နော့ ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61041.41
ETH 2947.17
USDT 1.00
SBD 3.85