အဖြူ​ရောင်​ချယ်​တဲ့ ပန်းစပယ်

in #myanmar6 years ago

အင်း..အညာ​ဒေသမှာ​တော့ မိုးကို​မျှော်​လိုက်​ရတာ
ကောင်းတဲ့​နေရာကြမိုးကစွတ်​​ကောင်း​နေတယ်​။ ကရင်​ပြည်​နယ်​ ပဲခူးတိုင်း မွန်​ပြည်​နယ်​တို့မှာ မိုးတအားများပြီး​ရေ​တွေ​တောင်​ကြီးသတဲ့၊ အဲ့ဒါ​ကြောင့်​​ရေများရာမိုးရွာလို့​ရှေးလူကြီး​တွေဆိုခဲ့တာ​ပေါ့၊အဲ့ဒီ​ရေကြီး​ရေလျုံဖြစ်​တာက အ​တော်​ဒုက္ခ​ရောက်​တယ်​ဆိုတာ ကိုယ့်​​တွေ့သိခဲ့ရပြီ​လေ။ ​ရေ​ဘေးခံရတဲ့​ဒေသ​တွေကို ​ရေ​ဘေးမခံရတဲ့​ဒေသ​တွေကဝိုင်းပြီးအကူအညီ​ပေး အဲ့လိုဘဲ​လေ သဘာဝ​ဘေးအန္တရာယ်​ဆို​တော့ဘာတပ်​နိုင်​မှာလဲ့ တ​ယောက်​နဲ့တ​ယောက်​လူသားချင်းစာနာစွာနဲ့​ဖေးမကြရတာ​ပေါ့
အခုလဲ ​ရေ​ဘေးကယ်​ဆယ်​​ရေးအတွက်​တဲ့အနားမှာ လူငယ်​​တွေစု​ပေါင်းပြီး​ဆောင်း​ဘောက်​ဖွင့်​လမ်း​ပေါ်ကလာသမျှလူ​တွေဆီ ​စေတနာရှိသ​လောက်​အလှုခံ​နေ​လေရဲ့ ချီးကျုးပါတယ်​ သူတို့ကွမ်းယာ​ဆေးလိပ်​​တောင်​ သူတို့အိပ်​​ထောင့်​ထဲကပိုက်​ဆံနဲ့ဝယ်​စားကြတာ သူတို့ဖွင့်​တဲ့​ဆောင်း​ဘောက်​ကသီချင်း​တွေကလဲ ဖွင့်​​နေကြအလူခံသီချင်း​တွေပါဘဲ၊အဲ့ဒီအထဲကသီချင်းတပုဒ်​က​တော့အ​တော်​​လေးစိတ်​ဝင်​စားတယ်​ဗျ စိတ်​ဝင်​စားဆိုအဲ့ဒီအ​ကြောင်း​လေးစာ​ရေးဘို့ထိ​အောင်​​တောင်​ဖြစ်​လာခဲ့ရတယ်​၊ဲ့ဒီသီချင်းကရိုး​နေကြပြီဖြစ်​တဲ့စပယ်​ပန်း​လေးဆိုတဲသီချင်းပါ၊

FB_IMG_1524929099837.jpg

https://goo.gl/images/NuKq5c

စပယ်​ပန်း လို့အသံ ကြားလိုက်​တာနဲ့ ဖြူဖြူစင်​စင်​ သန့်​သန့်​ရှင်းရှင်းဆိုတဲ့အဓိပ္ပာယ်​​ဆောင်​တယ်​ဆိုတာတန်းပြီးသိလိုက်​ရတယ်​​၊ ဟုပ်​လဲဟုပ်​တယ်​ စပယ်​ပန်းဆိုတာ တကယ့်​ကို​ဖွေး​ဖွေးဆွပ်​ဆွပ်​အဖြူ​ရောင်​ကိုပိုင်​ဆိုင်​ထားပြီးရနံ့ကလဲ
တခြားပန်း​တွေနဲ့မတူတမူထူး ခြားလို့​နေတယ်​​လေ၊ အနံ့​လေးက​မွှေးပြီးသင်း​နေတာ ရိုင်းလဲမရိုင်းဘူး ယဉ်​တယ်​လို့လဲ​ပြောလို့မရတဲ့အ​နေအထား စပယ်​ရနံ့ကိုမကြိုက်​တဲ့သူဘယ်​သူမှမရှိ​လောက်​ဖူးထင်​ပါတယ်​ ဒါ​ကြောင့်​မလို့ စပယ်​ကိုတင်​စားတဲ့ကဗျာတို​လေး​ကောက်​​ရေးမိတယ်​​လေ...
*စပယ်​ဆိုတာအဖြူ​ရောင်
အဖြူ​ရောင်​ဆိုတာသန့်​ရှင်းခြင်း
အ​ရောင်​အဆင်းမရှိ​ပေမဲ့
အ​ရောင်​အဆင်းရှိတာထက်
ကျွန်​​တော်​ပိုချစ်​တယ်​.........shineshine

images (15).jpeg

https://goo.gl/images/v1GYTb

တကယ်​ဆိုရင်​စပယ်​ပန်းဆိုတာ ကလာလဲမချယ်​ထားဘူး မာယာ​တွေလဲမများဘူး၊ဖြူစင်​စွာနဲ့လူ​တွေရဲ့ရင်​မှာစွဲမက်​​စေတာစပယ်​ပါ။ဆူးလဲမယှက်​ ခူးလိုလဲမခက်​ ထူးမြတ်​တဲ့အရည်​အ​သွေး​တွေပိုင်​ဆိုင်​ထား​တော့မြင်​သူတိုင်းက​ငေးမက်​တာ​ပေါ့ ကျွန်​​တော်​စပယ်​နဲ့ပတ်​သက်​ပြီး ​နောက်​တပုဒ်​လဲဆက်​​ရေးထားပါ​သေးတယ်​။
*မိုးစက်​က​လေး​တွေ​ကြွေကာကျ
 မြေခ​နေတဲ့ပန်းစပယ်​ရုံ
နွေလရယ်​ကုန်​ မိုးဦး​ရောက်​​တော့
ကုန်းရုန်းလို့ထ ..
*အငုံအဖူး ညွန့်​ဦးစပယ်
ထူးကဲစွာသူကလှ​တော့
အချစ်​ဦးမို့လှမ်းပိုလိုက်​မယ်
မင်းတ​ယောက်​ဆီသို့.......shineshine

B9rB7QCCMAAj7VK.jpg

https://goo.gl/images/Ac7x4G

စပယ်​အ​ကြောင်း​ရေးကြဖွဲ့ကြတဲ့ သီချင်း​တွေလဲမနည်းသလို စပယ်​အ​ကြောင်းဖွဲနွဲတဲ့သီချင်းတိုင်း လဲ မကြိုက်​ကြတဲ့သူမရှိပါဘူး၊"အဖြူ​ရောင်​ချယ်​ပန်း​လေ​တွေရယ်​ ခူးခွင့်​​ပေးပါ.....မြင်​မြင်​ချင်းဘဲချစ်​တာပါ၊ချစ်​လွမ်းလို့​ပေါ့ ​စပယ်​ပွင့်​လိုဖြူးစင်​သူ​လေးရယ်​....ကမ္ဘ့ာ့နိယာမတရား စပယ်​လဲသိ​တော့
ပြောစရာမလိုပါ ကျွန်​​တော်​ဟာ​လေကြင်​နာသူအစစ်​မို့..ချစ်​ခွင့်​​ပေးပါ......"
ကဲဗျာ စပယ်​ကိုတင်​စားပြီး​ရေးထားတဲ့သီချင်း​တွေ ဟိုး....​မောင်​​မောင်​ညွန့်​​ခေတ်​က​နေ ယ​နေ့အထိတင်​စားလို့​ရေး​နေကြတာသူရဲ့ဂုဏ်​ဒရပ်​က ကုန်​ကိုမကုန်​နိုင်​​အောင်​ပါဘဲဗျာ.. သူငယ်​ချင်းတို့ဘဲဆက်​ပြီး​တော့
စပယ်​နဲ့ပတ်​သက်​တဲသီချင်း​လေး​တွေဆို​ပေးကြပါ​နော်​လို့​ပြောကြားရင်း.....

Post writer=@yuzana(shineshine)
MSC=146

Sort:  

စံပယ်လေးကအရမ်းဖြူစင်ပြီးအရမ်းမွေးကြိုင်ပ့၏

ပန်း​တွေထဲမှာအကြိုက်​ဆုံးပန်း​ပေါ့ဗျာ

ကဲ ဆိုပြီ "စပယ်​ ဖြူ​တွေ​တောင်​ပွင့်​ပြီကွယ်​အချစ်​သစ်​​တွေရယ်​ ဘာဆိုလား အဟီးးး​မေ့​နေပြီ

အဲ့သီချင်းက ရင်​ဂိုထက်​အရင်​ ဆိုတဲ့သူရှိတယ်​ဗျ
မေ့​နေလို့

စံပယ်​ပန်းကဗျာ​တွေစပ်​ထားတာ​... good👍👍
စံပယ်​သီချင်း​တွေလည်းအများကြီးရှိတယ်​​နော့....

ဟုပ်​လား​ကျေးဇူးဘဲ​နော်

ပေးစာတွေတိုင်း တစ်ပွင့်စံပယ်ထည့်ကာရယ်...🎼🎼🎼
အသံကောင်းလားမသိ

ဟုတယ်​​နော်​ အဲ့သီချင်း​လေး တအား​ကောင်းတယ်

အဖြူချယ်​တဲ့ပန်းစံပယ်

အ​ရောင်​အဆင်းမရှိ​ပေမဲ့
အ​ရောင်​အဆင်းရှိတာထက်
ကျွန်​​တော်​ပိုချစ်​တယ်​ .....

ကမ္ဘာ့ နိယာမတရား စံပယ်လည်းသိတော့ ပြောစရာမလိုပါ
ကိုယ်ဟာလေ ကြင်နာသူအစစ်မို့  ချစ်ခွင့်ပေးပါ

စိုင်းဆိုင်​​မောရဲ့မရိုးနိုင်​တဲ့သီချင်း​ပေါဗျာ

စာဖွဲ့မကုန်သောပန်းစပယ်

တကယ်​မကုန်​နိုင်​ဘူးဗျ

စပယ်​ဆို ကိုယ်​က အသံကြားရုံနဲ့ ချစ်​ပြီးသား ချစ်​ဆို စပယ်​ ဖတ်​လမ်း​လေးလည်းရှိတာကိုးဗျ ☺ ☺

အဟပ်​ အဟပ်
ကြော်​ညာ ဝင်​သွားပြီ

Congratulations @yuzana! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

စပယ်ပန်းဆို မီးမီးကြိုက်

အ​ရောင်​အဆင်းမရှိ ဖြူစဉ်​တာ​လေးကိုက
ချစ်​စရာပါ

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61122.11
ETH 2972.46
USDT 1.00
SBD 3.66