ကျွန်​​တော်​နဲ့ electronic

in #myanmar5 years ago

အားလုံးမင်္ဂလာပါ ခင်​ဗျာ့
မ​နေ့ကကျွန်​​တော်​စက်​ပြင်​ဆိုင်​တဆိုင်​ကိုဦး​ဆောင်​ပြီးဖွင့်​လို့ကြုံဖူးတာ​လေး​ရေးပြခဲ့တယ်​ဗျာ့၊ ​နောက်​တခုပြဿနာ​လေး​ရေးပြပါအုံးမယ်​၊ အဲ့ဒါက​တော့ ကျွန်​​တော်​တို့စက်​ပြင်​သမား​တွေ တခါတ​လေ အသုံးမလိုတဲ့သူ​တွေဆီက​နေ ​ဈေးချိုချိုနဲ့လာ​ရောင်းတဲ့စက်​က​လေး​တွေကိုဝယ်​မိတယ်​ဗျာ့၊​နောက်​အမြတ်​နဲ့ပြန်​​ရောင်း​ပေါ့​လေ၊ တခါ​တော​ national panasonic RX ကက်​စက်​တလုံး​ဈေးချိုချိုနဲ့ဝယ်​လိုက်​တယ်​၊ဘာမှသိပ်​မပြင်​လိုက်​ရဘူး ဂျီး​လေးဘာ​လေး​ဆေးလိုက်​ရုံပါ၊ ဆိုင်​လဲဖွင့်​ရတာ​ပေါ့

maxresdefault.jpg

https://images.app.goo.gl/TJsmY7Q7RyvsZjDU6

တလ​လောက်​ရှိ​တော့ ဝတရုပ်​​ကောင်​​လေးတ​ကောင်​က ဆိုင်​​ပေါက်​ဝက​နေကက်​စက်​ကိုအ​သေအခြာကြည့်​ပြီး​နောက်​ဆိုင်​ထဲ​ရောက်​လာကာ ဒီကက်​စက်​က​လေးကကျွန်​​တော်​တို့​လောပန်းကက်​စက်​က​လေး​ဗျာ့ ဘယ်​သူလာအပ်​တာလဲဗျာ.တဲ့ ၊ ဖြတ်​ကနဲဆိုကျွန်​​တော်​အ​တွေး​ပေါက်​သွားပါပြီ၊ ကျွန်​​တော်​လဲခပ်​တည်​တည်​ နဲ့ ဘယ်​က​ကောင်​​လေးလဲမသိပါဘူးကွာ ကက်​စက်​​လောင်​လို့လာအပ်​တာ လာလဲမ​ရွေးဘူးလို့​ပြောလိုက်​ပါတယ်​၊ အဲ​တော့သူက ကျွန်​​တော်​တို့လောပန်း​ပြောက်​သွားတာ အိမ်​မှာ​နေတဲ့​ကောင်​​လေးခိုးသွားတာတဲ့ အသားဖြူဖြူ ​ကောင်​​လေးမဟုပ်​လားတဲ့ ၊ ကျွန်​​တော်​လဲ​ရောချပြီး​အေးဟုပ်​တယ်​ သူတို့ကကက်​စက်​ကိုကားဘယ်​ရီအိုးနဲ့ဖွင့်​တာအနီနဲ့အနက်​မှားချိတ်​လို့​လောင်​တာတဲ့ကွ ​နောက်​ပြီးကက်​စက်​က 9v မ​လောင်​ခံနိုင်​ရိုးလားလို့​ပြောလိုက်​ပါတယ်​၊ ဒါ​နဲ့​ကောင်​​လေးလဲထွက်​သွားပြီးည​နေကျ 4whell ကာတစီးနဲ့ ဝ​လောပန်းတ​ယောက်​ဆိုင်​​ရှေ့​ရောက်​လာပါတယ်​၊ မနက်​က​ကောင်​​လေး​ရောပါပါတယ်​၊

Panasonic-Boombox-RX-DS545-Portable-Stereo-AM-FM-Radio-CD-Cassette-Tape-Player-01-tqmi.jpg

https://images.app.goo.gl/DerhFHQywUdWDhy58

ဝ​လောပန်းကြီးက ဒီကက်​စက်​က ငါ့ကက်​စက်​တဲ့​ပြောက်​သွားတာတဲ့။ အဲ့ဒါ​တော့ကျွန်​​တော်​မသိဘူးကျုပ်​တို့ကပြင်​ဆိုင်ဆို​တော့​လာအပ်​တဲ့စက်​ပြင်​ရတာ သူလာ​ရွေးတဲ့အခါအ​ကြောင်းကြားမယ်​လို့ကျွန်​​တော်​က​ပြောလိုက်​ပါတယ်​၊ဒါကိုသူကလက်​မခံပါဘူးပြန်​ယူသွားမယ်​လို့​ပြောပါတယ်​၊​ပြောလို့သာ​ပြောတာ အဲ့ဒီ​​ခေတ်​က​​နေရှင်​နယ်​ကက်​စက်​​တွေက​ရွှေ​လောက်​တန်​​ကျေးရှိတယ်​၊ ​နေရှင်​နယ်​AFD​တွေဆို ​ဈေး​ကောင်းမှ​ကောင်း ကဲ့ဗျာ ရှင်းပုံရှင်းနည်းကရှည်​​နေမှာမို့ ​နောက်​ပတ်​မှဆက်​​ရေးအုံးမယ်​ စာလာဖတ်​သူအားလုံးကို​ကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာ။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဈေးသက်​သာ​ပေမဲ့အ​သေအချာစုံစမ်းဝယ်​ရမဲ့ပုံပဲ.....😁ဆက်​အား​ပေးပါ့မယ်​....

Posted using Partiko Android

မလွယ်​ဖူး​နော့ သူခိုးကဂျိုမှမပါတာ

စိတ်ဝင်စားတဲ့နေရာမှ ဆက်ရန်တဲ့လား 😁

ကိုးရီးယားကားလို​ပေါ့ အဟီး☺ ☺ ☺

Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 4000 comments. Your next target is to reach 4500 comments.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Carnival Challenge - Here are the winners
Vote for @Steemitboard as a witness to get one more award and increased upvotes!

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

နောက်​အပတ်​ ​စောင့်​မယ်​😄

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02