တန်ဖိုး

in #myanmar6 years ago

အားလုံးဘဲ မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါတယ်။ကျနော်ဒီနေ့ "တန်ဖိုး”ဆိုတဲ့အကြောင်းအရာလေးတခု ထိုင်းလူငယ်တစ်ဦး ပြောပြသွားတာ သဘောကြလွန်းလို့ ပါ။ပြီးတော့ လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ ဆုံးဖြစ်တယ်ဆိုတာကို 5 minutes video file နဲ့ ရှင်းပြပေးသွားတာကို ပြန်လည် မျဝေပေးချင်လို့ပါ။အတွေးချင်းမတိုက်ဆိုင်ခဲ့သည်ရှိသော် ခွင့်လွတ်ပေးပါ။
image
တန်ဖိုး

လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ တိုင်းတာသလဲ ပြီးတော့ ဘာနဲ့ ဆုံးဖြတ်ကြသလဲပေါ့၊လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ချမ်းသာခြင်းလား ဒါမှမဟုတ် ပညာတတ်ခြင်း မတတ်ခြင်းနဲ့ ဆိုင်တာလား ပြီးတော့ ဘွဲ့တွေ ဒီဂရီတွေနဲ့ ဆိုင်ပါသလားပေါ့။

လူတစ်ယောက်ရဲ့တန်ဖိုးကိုတော့ အကျင့်စာရိတ္တ နဲ့ တိုင်းတာကြတယ်လို့ ဆိုကြပြန်တယ်။သူနေထိုင်ရာပတ်ဝန်းကျင် အသိုင်းအဝိုင်းအလိုက် လူတစ်ယောက်ရဲ့ စာရိတ္တကို ကောင်းကျိုးဆိုးကျိုး (pro and con)အလိုက် ဖြစ်တတ်ကြတယ် ပြောကြတယ်။ ပြီးတော့ ပစ္စည်းတခုရဲ့တန်ဖိုးကြတော့ ဘယ်လိုတိုင်းတာကြပြီး ဘယ်လိုဆုံးဖြတ်ကြသလဲ......
image
တချိန်က လူငယ်လေးတစ်ယောက်ဟာ သူ့ရဲ့ ဖခင်ကိုမေးတယ် ပစ္စည်းတစ်ခုရဲ့ တန်ဖိုးကို ဘယ်လိုတိုင်းတာ ဆုံးဖြတ်ကြတာလဲပေါ့...အဲဒီမှာ လူငယ်ရဲ့ ဖခင် က "သား....ဒီပစ္စည်းကို ဈေးမှာ သွားရောင်းချေ..ဝယ်တဲ့သူက ဘယ်လောက်လဲလို့မေးရင် မဖြေဘဲနဲ့ လက်နှစ်ချောင်းဘဲထောင်ပြ ဟုတ်ပြီလား”ဆိုပြီးတော့ သူ့သားငယ်ကို ကျောက်တလုံးပေးလိုက်တယ်။အဲ့ဒီလိုနဲ့ ကောင်လေးဟာ မနက်ပိုင်းဈေးသွားပြီး သွားရောင်းတာပေါ့။အဲ့ဒီအချိန်မှာ လူတစ်ယောက်က ကျောက်လေးကို သဘောကြပြီး "သား..ဒီကျောက်လေးက ဘယ်လောက်လဲလို့ မေးတယ်”ကောင်လေးက ဘာမှမဖြေဘဲနဲ့ သူ့အဖေမှာတဲ့ အတိုင်း လက်နှစ်ချောင်းဘဲ ထောင်ပြတယ်။"ဒေါ်လာနှစ်ရာလား” ကောင်လေးအံ့သြတင့်သွားပြီး အိမ်ပြန်ပြီ သူ့အဖေကို ပြန်ပြောပြတယ်"လူတစ်ယောက်က ဒေါ်လာနှစ်ရာနဲ့ ဝယ်တယ်အဖေ”ဆိုပြီး ဝမ်းသာအားရ ပြောပြတယ်။သူ့အဖေပြုံးပြီးတော့ သူ့သားကို နောက်နေ့ ပြတိုက်ကိုယူသွား တစုံတယောက်က ဝယ်ချင်လို့ ဈေးမေးရင် လက်နှစ်ချောင်းဘဲ ထောင်ပြဆိုပြီး ပြောတယ်။နောက်တနေ့ ကောင်လေး ပြတိုက်ကိုသွားတယ် ပြတိုက်ရောက်တော့ သူကိုင်နေတဲ့ ကျောက်ကို ပြတိုက်ပိုင်ရှင်က သဘောကြပြီး သူ့ကိုရောင်းမလား ဘယ်လောက်နဲ့ ရောင်းမလဲပေါ့...ကောင်းလေး ဘာမှမဖြေဘဲ လက်နှစ်ချောင်းဘဲ ပြန်ထောင်ပြတယ် image။ဒေါ်လာနှစ်သောင်းလား ဝယ်မယ်ဆိုတော့ ကောင်လေး အံ့အားသင့်သွားပြီး "အဖေ..အဖေ ပြတိုက်ပိုင်ရှင်က ဒေါ်လာနှစ်သောင်းနဲ့ ဝယ်တယ်အဖေ”ဆိုပြီး အိမ်ပြန်ပြီး ဝမ်းသာအားရပြန်ပြောပြပြန်တယ်။သူ့ရဲ့ ဖခင်က ပြုံးနေပြီး "မနက်ဖြန် ဒီကျောက်ကို ကျောက်ကုန်သည်တွေဆီမှာသွားရောင်း ဘယ်လောက်လဲလို့ မေးရင် လက်နှစ်ချောင်းဘဲ ထောင်ပြ ဟုတ်ပြီလား” ဆိုပြီးပြောတယ်..ဒီလိုနဲ့မနက်ရောက်တော့ ကောင်လေးဟာ ကျောက်ကုန်သည်တွေဆီသွားပြီး ပြန်ရောင်းတယ်။ image
ကျောက်ကုန်သည်တွေဆီရောက်တော့ သူဟာ ရောက်တာဘဲရှိသေးတယ် ကျောက်ကုန်သည်တစ်ယောက်က ကောင်လေးကိုင်ထားတဲ့ ကျောက်ကို တအံ့တသြကြည့်ပြီး ကောင်းလေးဆီတန်းလာခဲ့တယ်။ဒီကျောက်ရောင်းမှာလားပေါ..ကောင်လေးက အလျင်အမြန် ခေါင်းငြိမ့်တယ်"ဘယ်လောက်လဲ”လို့ ကျောက်ကုန်သည်မေးတယ် ကောင်းလေး အလျင်အမြန်ဘဲ လက်နှစ်ချောင်းပြန်ထောင်ပြတယ်။"နှစ်သန်းလား”လို့မေးတယ် အဲ့ဒီမှာ ကောင်လေးအကြီးအံ့သြသင့်သွားပြီး အိမ်ကို အမြန်ပြန်သွားပြီး..."အဖေ...အဖေ ကျောက်ကုန်သည် တစ်ယောက်က ဒေါ်လာနှစ်သန်းပေးတယ်လို့ ”ဝမ်းသာအားရစွာ ပြောတယ်။ imageသူ့ရဲ့ဖခင်က ပြုံးသွားပြီး သူ့သားကို သေချာပြန်ရှင်းပြတယ်"ငါ့သား...မင်းမေးတဲ့ တန်ဖိုးဆိုတာရဲ့ အဖြေက အဲ့တာဘဲ "လို ပြန်ပြောခဲ့တယ်။ပြီးတော့ ဆက်ရှင်းပြတယ်။ပစ္စည်းတစ်ခုရဲ့တန်ဖိုးဟာ သူနေထိုင်ရာ သူကျွမ်းကျင်ရာပတ်ဝန်းကျင်နဲ့ဘဲဆိုင်တယ်...အဲ့ဒီလိုဘဲ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တတွေဟာလည်း အဲ့ဒီလိုဘဲ ကွဲ ပြားကြတယ်။ဒီလိုဘဲ ငါ့သားလဲ နှစ်ရာပေးတဲ့ ဈေးသည်လို နေမှာလား ဒါမှမဟုတ် နှစ်သန်းပေးတဲ့ လူတယောက်လိုနေမှာလားတဲ့....လူတစ်ယောက်ဘဲဖြစ်ဖြစ် ပစ္စည်းတခုဘဲဖြစ်ဖြစ် တန်ဖိုးရှိအောင် နေထိုင်တတ်ရင် တန်ဖိုးဆိုတာ မြင့်တက်နေမှာဘဲတဲ့.....

ကျနော်အကြိုက်ဆုံး "တန်ဖိုး”ဆိုတဲ့ အကြောင်းအရာလေးတွေ့လို့ မျဝေပေးချင်တာပါ...မတိုက်ဆိုင်သည်ရှိသော် ခွင့်လွတ်နားလည်ပေးပါဗျ။

အားလုံးအတူတူ တန်ဖိုးရှိအောင် ကြိုးစားနေထိုင်ကြပါစို့လို့....

@yewinnaung

Msc-094

Sort:  

အရမ်း​ကောင်းပါတယ်

upvote တော့ပေးချင်ပါရဲ့။ဒါပေမဲ့ voting power ကနည်းနေတော့ comment ပဲပေးလိုက်တော့မယ်နော်။

ဟုတ်

အဲတာဟုတ်တယ် တန်ဘိုးသိတဲ့သူမှတန်ဘိုးရှိတာ

လက်ငါးချောင်းထောင်ပြချင်တယ်

aww အဲ့ဒါစဉ်းစားနေတာ ခုမှသဘောပေါက်တယ် မနေ့က ဘယ်ကောင်မှန်းမသိပါဘူး လမ်းမှာ လက်ခလယ်တစ်ချောင်းထဲထောင်ပြသွားတာ သူလဲ ဈေးမေးချင်တာနေမှာပါလေ

Good...​ကျေးဇူးပါ

နဲတာ။ဆယ်ချောင်းလောက်ထောင်ပြခိုင်းရမှာ😁

Motivate ဆောင်းပါးလေးဖြစ်တယ်၊ သ်ပုံလေးတွေတော့သေချာပြန်စစ်စေချင်ပါတယ်၊ မြန်မာစာရဲ့တန်ဖိုးအခြေခံသည် သတ်ပုံဖြစ်ပါတယ်။ တင်ပြပုံကောင်းတယ်၊ ကြောင်းအရာော့င်းတယ်၊ စာဖတ်သူကိုတိုက်ရိုက်ထိရှမှုပေးစွမ်းနိုင်သောရသမြောက်ဆောင်းပါးတစ်ခုဖြစ်ပါတယ်။

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70112.96
ETH 3549.99
USDT 1.00
SBD 4.71