ငယ်​ကျိုးငယ်​နာ

in #myanmar6 years ago (edited)

ငယ်​ကျိုးငယ်​နာ
steemitlogo.jpg

လူတိုင်းလူတိုင်းမှာငယ်​စဉ်​ဘဝဆိုတာရှိပါတယ်​။ကိုယ်​ကျင်​လည်​ခဲ့တဲ့ဘဝမှာအမှတ်​ရစရာဆိုတာလည်းရှိကြစမြဲပါ။ကျွန်​​တော်​ရဲ့ငယ်​ဘဝမှာတုန်းကအမှတ်​တရရှိခဲ့တဲ့အ​ကြောင်းအရာ​လေး​တွေကိုလည်းပြန်​ပြီး​တော့​ပြောပြချင်​ပါတယ်​။ခုထက်​ထိမှတ်​မိ​နေ​သေးတဲ့အ​ကြောင်းအရာ​လေး​တွေပါ။မိတ်​​ဆွေတို့လည်းပြန်​ပြီး​ပြောပြမယ်​ဆိုရင်​နား​ထောင်​ချင်​ပါတယ်​။
20171106_155200-picsay.jpg

ကျွန်​​တော်​က​တော့ ရွာမှာ​မွေးတဲ့ ရွာသားတစ်​​ယောက်​ပါ။ကျွန်​​တော်​တို့ရွာကမြို့နဲ့သိပ်​ပြီးမနီးပါဘူး။ခု​ခေတ်​မှာဆက်​သွယ်​​ရေး​ကောင်းလာ​တော့သိပ်​ပြီးမသိသာလှ​ပေမယ့်​ကျွန်​​တော်​တို့ငယ်​ငယ်​တုန်းကဆိုရင်​မြို့ဆိုတာ​ရောက်​ဖူးတဲ့သူရှားပါတယ်​။တစ်​ဦးတစ်​​လေပဲ​ရောက်​ဖူးတာပါ။သူတို့ပြန်​လာလို့​ပြောပြရင်​မြို့​ပေါ်ကအ​ကြောင်း​တွေကို​ငေး​မောပြီးနား​ထောင်​ကြရပါတယ်​။အဲဒီတုန်းကရန်​ကုန်​ဆိုတာ​ရောက်​ဖူးရင်​​တော်​​တော်​ကိုအထင်​ကြီးစရာကြီး။
94b7303f8290b175c43357c951cb8b19.jpg

ကျွန်​​တော်​တို့ရွာမှာကျွန်​​တော်​ငယ်​ငယ်​တုန်းကမူလတန်း​ကျောင်းကိုဘုန်းကြီး​ကျောင်းဝင်း
ထဲမှာပဲသင်​ခဲ့ရပါတယ်​။စာသင်​​ကျောင်း​ဆောင်​သက်​သက်​ဆိုတာမရှိပါဘူး။ကျွန်​​တော်​ မူလတန်းပြီးတဲ့အထိအဲဒီ​ကျောင်းမှာပဲစာသင်​ခဲ့ရတာပါ။ကျွန်​​တော်​ဆယ်​တန်း​အောင်​ပြီးတဲ့​နောက်​မှအဲဒီမူလတန်း​ကျောင်း​လေးကဘုန်းကြီး​ကျောင်းဝင်းထဲက​နေ​ပြောင်း​ရွှေ့နိုင်​ခဲ့တာပါ။ဆယ်​နှစ်​​ကျော်​ကြာမှမူလတန်း​ကျောင်းကို​ဆောက်​လုပ်​​ပေးခဲ့လို့ ကျ​တော်​တို့ရွာရဲ့ အမက ​လေးဟာ ဘုန်းကြီး​ကျောင်းထဲမှာပဲ ဖြစ်​သလိုဖွင့်​လှစ်​ပြီး စာ​ပေကိုသင်​ကြားခဲ့ရတာပါ။
Child Rights Governance Page.jpg

မနက်​လင်းလို့အိမ်​မှာထမင်းကြမ်းစားပြီးရင်​​ကျောင်းကိုသွားရပါတယ်​။ခု​ခေတ်​လိုမိဘ​တွေကလိုက်​​ကျောင်း​ရောက်​​အောင်​လိုက်​ပို့တာမျိုးမရှိပါပါဘူး။သူငယ်​တန်း​ကျောင်းသားဘဝကတည်းကကိုယ်​ဘာသာသွားရတာပါ။ဘယ်​သူမှလည်းမပါပါဘူး။ကျောင်းက​တော့အ​ဝေးကြီးမဟုတ်​ပါဘူး။ရွာရဲ့​မြောက်​ဘက်​ကပ်​လျက်​တည်​ရှိပါတယ်​။ဆိုင်​ကယ်​​တွေဘာ​တွေတိုက်​မှာ​တော့မပူရပါဘူး။အဲ့တုန်းကရွာမှာဆိုင်​ကယ်​ဆိုတာမရှိ​သေးပါဘူး။

ကျောင်းသွားရတာကကျန်​တဲ့အချိန်​ဆိုပြဿနာမရှိ​ပေမယ့်​မိုးရွာတဲ့အခါမှာ​တော့အ​တော်​​လေးဒုက္ခ​ရောက်​ပါတယ်​။လမ်း​တွေက​ချော်​​နေ​တော့ခဏခနလဲပါတယ်​။ဒါ​တောင်​ဖိနပ်​မပါလို့​တော်​ပါ​သေးတယ်​။ငယ်​ငယ်​တုန်းက​ကျောင်းသွားရင်​ဖိနပ်​မစီးကြပါဘူး။စာသင်​​ကျောင်းကဘုန်းကြီး​ကျောင်းထဲမှာရှိတာကတစ်​မျိုး၊ဖိနပ်​စီး​လေ့မရှိကြတာကတစ်​မျိုး​ကြောင့်​ထင်​ပါတယ်​။ကျောင်းကိုမဝင်​ခင်​ဒုက္ခတစ်​ခုကြုံရပါ​သေးတယ်​။ရွာနဲ့​ကျောင်းရဲ့ကြားထဲမှာ ​ရေ​မြောင်းကြီးတစ်​ခုရှိပါတယ်​။လူတစ်​ရပ်​​လောက်​​တော့ရှိပါလိမ့်​မယ်​။ရွာထဲက​နေ​ကျောင်းကိုလာရင်​​မြောင်းထဲဆင်းပြီးမှပြန်​တက်​ပြီး​ကျောင်းကိုဝင်​ရပါတယ်​။အဲတုန်းကတံတားမရှိပါဘူး။မိုးရွာထားရင်​အဲဒီ​မြောင်းကအရမ်း​ချော်​​နေတတ်​ပါတယ်​။ကျောင်းကိုလာရင်း​မြောင်းထဲကိုဆင်းပြီးရင်​​တော်​​တော်​နဲ့ပြန်​မတက်​နိုင်​ပါဘူး။ကုတ်​ကက်​တက်​ပြီး​တော့​ကျောင်းထဲကိုလည်း​ရောက်​​ရောလူလည်းရွှံ​တွေ​ပေပွ​နေပါပြီ။
a211068bdff754e3570ac5a0def86a34.jpg

ကျောက်းတက်​​ခေါင်း​လောင်းမထိုးခင်​​ရောက်​​အောင်​မနည်းလာရပါတယ်​။အိမ်​က​နေပြီး​ကျောင်းကိုလာတာကသိပ်​ပြီး​တော့မကြာလှပါဘူး။ကျောင်းနား​လေးက​ရေ​မြောင်းထဲမှာတိုင်​ပတ်​ပြီးကြာ​နေရတာပါ။အဲတာ​ကြောင့်​မို့မိုးရွာရင်​​ပျော်​​ပေမယ့်​​ရေ​မြောင်းကြီးကိုကြည့်​ပြီး​တော့မိုးရွာမှာလည်း​ကြောက်​ပါတယ်​။ဒီ​နေရာမှာ​ကျောင်းတက်​​ခေါင်း​လောင်းဆိုလို့​ပြောစရာတစ်​ခုရှိတယ်​။စာလိုသုံးလို့သာ​ကျောင်းတက်​​ခေါင်း​လောင်းလို့ဆို​ပေမယ့်​ကျွန်​​တော်​တို့ရွာမှာက သံ​ချောင်း​ခေါက်​တယ်​ လို့သုံးပါတယ်​။ပြောလည်း​ပြောစရာပါပဲ​လေ။ရထားသံလမ်းအပျက်​တစ်​ခုကိုကြိုးနဲ့ချည်​ထားပြီးသံ​ချောင်းနဲ့​ခေါက်​ရတာကိုး။တစ်​ချို့​ကျောင်းကျ​တော့ ကား​ဂွေ ကို ချိတ်​ထားပြီး သံ​ချောင်းနဲ့​ခေါက်​တာဗျ။ခင်​ဗျားတို့​ဒေသ​တွေ​တော့ဘယ်​လိုလည်းမသိဘူး​နော်​။မြန်​မာဇာတ်​ကား​တွေထဲမှာပါသလို ​ရေခဲ​ချောင်း ​ရောင်းတဲ့ ​ခေါင်း​လောင်းလိုမျိုးကို တီးတာ​တော့မဟုတ်​ဘူးဗျ။ဘာပဲဖြစ်​ဖြစ်​သူ့အရပ်​နဲ့သူ့ဇာတ်​​လေ။
Credit;google images

အားလုံးကျန်းမာချမ်းသာကြပါ​စေ
Ye Thiha Kyaw
@yethihakyaw
MSC - 093
22.1.2018,Mon

Sort:  

နယ်တွေကကျောင်းတွေမှာအဲ့လို

ဟုတ်​တယ်​။အဲ့ထက်​ဆိုးတဲ့​နေရာ​တွေအပုံကြီးရှိပါ​သေးတယ်​။ခု​တော့ကျ​တော်​တို့ဖက်​ကအဲလိုမဟုတ်​​တော့ပါဘူး၊

အကိုငယ်ငယ်ကလည်း တဲစုပ်လေးထဲမှာ စာသင်ခဲ့ရတာပြန် အမှတ်ရစေတယ်။ညီpostလေးဖတ်ရတာ။goodတယ်

ကျေးဇူးတင်​ပါတယ်​။ခု​တော့ အဲလို မဟုတ်​​တော့ပါဘူး။

ကျွန်​မတို့လည်းငယ်​ငယ်​ကခက်​ခက်​ခဲခဲစာသင်​ခဲ့ရပါတယ်​ရှင်​။

ကျွန်​​တော်​တို့ဖက်​ကခု​တော့အဲ့လိုမဟုတ်​ပါဘူး။

မလွယ်ဘူးနော် ကျောင်းတက်ရတာ။

ဟုတ်​တယ်​။ခု​တော့အဲလိုမဟုတ်​​တော့ပါဘူး။

အားပေးနေတယ် ဘဒို

ကျေးဇူးတင်​ပါတယ်​bro

သူငယ်ချင်းတစ်ယောက်ကျောင်းအိမ်သာကပြုတ်ကျတာမြင်ယောင်မိသေး
...
သင်ပုန်းကြီး သင်ပုန်းလေးက နေ လေးတန်းထိ ဆရာတစ်ယောက်ထဲ ရှိတဲ့ 
ကျောင်းမှာတက်ခဲ့ရတာ ဘယ်လောက် ဆော့လို့ ကောင်းသလဲမမေးနဲ့ 
ကျောင်းဆင်းတဲ့ ထိအိမ်ကိုမပြန်ချင်တာ .. :D

ဟုတ်​တယ်​ဗျာ။ခု​ခေတ်​မှာ က​လေး​တွေအဲ feeling မရှိ​တော့ဘူး။

ရေးတာကောင်းတယ်ဘုန်းကြီးကျောင်းသား

ကျေးဇူးပါဆရာ။

ငယ်​ဘဝ​တောင်​ လွမ်းလာတယ်

တကယ်​လားဗျ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by yethihakyaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ခုရွာပြန်ရောက်နေတော့ ငယ်ကျိုးငယ်နာတွေဖော်လို့အရမ်းကောင်း ခ်ခ်

ကောင်းတာ​ပေါ့။ရွာမှာဆို​တော့။

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64332.82
ETH 3146.25
USDT 1.00
SBD 4.17