" My  terrible dream  !!!  Episode ( 3 )"

in #myanmar6 years ago (edited)

" My terrible dream !!! Episode ( 1 ) "ပြန်လည်ဖတ်ရှုနိုင်ပါသည်။
https://steemit.com/myanmar/@winko/my-terrible-dream-episode-1-8613d3d4a1fce

" My terrible dream !!! Episode ( 2 ) "ပြန်လည်ဖတ်ရှုနိုင်ပါသည်။
https://steemit.com/myanmar/@winko/my-terrible-dream-episode-2-aad910fa3370c

imageCrd-org-source

Episode ( 3 )
ကျွန်တော်လည်း ကျွန်တော့်သူငယ်ချင်းက သေသွားမှန်းသိတယ် သဂြိုလ်တဲ့နေရာနားအထိပို့ ပေးခဲ့တာ အခုသူကမသေပဲ ပြန်ရှင်လာတာလား? ပြီးတော့ "အောင်စိုးဦး"ဆိုတဲ့ ညီလေးကလည်း နောက်တီးနောက်တဲ့ပြောတတ်တဲ့သူ မဟုတ်ဘူး သူ့ ထက်ကြီးတဲ့ ကျွန် တော့်ကို အလွယ်တကူ မနောက်ပြောင်ရဲဘူးလေ သူ့ အကြောင်း ကျွန်တော်သိတာပေါ့ အခုလည်း သူ့ လေသံကြည့်ရတာ ပျောက်သွားတဲ့လူ တစ်ယောက်တွေ့ လာလို့  ကျွန်တော့် ကိုလာတွေ့ ပေးသလို ကျွန်တော့်ကို တစ်ကယ်စေတနာနဲ့  သူ (သူငယ်ချင်း) မသေပါဘူး ဆိုတာကို မိုးရေထဲ ညကြီးမင်းကြီး လာပြောပြီးတွေ့ ပေးသလိုပုံစံနဲ့  အောင်စိုးဦးကပြော လာတော့ ကျွန်တော်လည်း သူ့ ကိုယုံကြည်တဲ့စိတ်နဲ့ သူပြောသလိုပဲ သူငယ်ချင်းလက်ကို ကိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ကြောက်တယ်ဆိုပေမယ့်လည်း ကိုယ်က အိမ်ထဲမှာလေ သူတို့ တွေကအပြင်ဘက်မှာ ပြီးတော့ ကိုယ့်စိတ်ထဲမှာ တွေးလိုက်မိတာက "သူငယ်ချင်းက သေသွားပြီလေ ပြန်မရှင်လာနိုင်မှန်းသိတယ်" အဲ့ဒါကို အခုမသေပဲပြန်လာသလိုပြောပြနေ တော့ စူးစမ်းချင်စိတ်တွေ လက်တွေ့ သိလိုတဲ့စိတ်တွေ ဖြစ်ပေါ်လာပြီး သူငယ်ချင်းလက်ကို ကိုင်ကြည့်ဖို့ ပြတင်းပေါက်နားသွားလိုက်မိတယ် သူငယ်ချင်းက အိပ်မက်ထဲတုန်းကတော့ ပြောလိုက်တဲ့စကား အခု ဘာစကားတစ်လုံးမှ,မပြောဘူး ကျွန်တော်လာကိုင်ကြည့်မှာကို သူ ကျေနပ်နေပုံရတယ် ကျွန်တော်ပြတင်းပေါက်နားရောက်တော့ သူပြတင်းပေါက်သစ် သားတန်းကိုင်ထားတဲ့ လက်နှစ်ဖက်ထဲက ညာဘက်လက်ကို လွှတ်လိုက်တယ် ကျွန်တော် လည်း သူလွှတ်ပေးတဲ့ ညာဘက်လက်ကို ကိုင်ကြည့်လိုက်မိတယ်လေ

imageCrd-org-source

ကျွန်တော်လည်း ကြောက်နေပေမယ့် စိတ်တင်းပြီး သူငယ်ချင်းလက်ကို ကိုင်ကြည့်လိုက် တဲ့အခါ သူ့ လက်ကသေနေတဲ့သူလက် မဟုတ်သလိုပဲ လက်ကနွေးနေတယ် အနွေးဓာတ် ကတစ်ကယ့်သက်ရှိလူသားအတိုင်းပါပဲ အဲဒါနဲ့  အောင်စိုးဦးက "ဘယ်လိုလဲ ယုံပြီမဟုတ် လား "ဆိုတဲ့ အကြည်နဲ့ ကျွန်တော့်ကို ပြုံးပြတယ် ကျွန်တော်လည်း စိတ်ထဲမှာဇဝေဇဝါနဲ့ ကြောင်တောင်တောင်ဖြစ်နေမိတယ် "တစ်ကယ်မဟုတ်တဲ့ဟာကြီးကို "ဟုတ်ပါတယ်လို့  လက်ခံရမလို စိတ်ထဲအောင့်သက်သက်ဖြစ်လာမိတယ် ဒါပေမယ့် စိတ်ထဲမှာ မေးချင်နေ တာက အောင်စိုးဦးကိုပါ "သူမသေဘူးဆိုရင် ငါတို့ သဂြိုလ်တုန်းက သူကမီးလောင်သွားပြီ လေ အဲလိုလုပ်လို့ ရလို့ လား(စိတ်ထဲမှာ ကလေးဂျီကျသလို ဂျစ်ကန်ကန်နဲ့ ငိုချင်သလိုလို မေးချင်မိတာ) "မင်းက တစ်ကယ်ပဲငါ့သူငယ်ချင်း-------? မင်းတစ်ကယ်ပြန်ရှင်လာတာလား "လို့ သူငယ်ချင်းကိုလည်း မေးချင်မိတယ် သူတို့ နှစ်ယောက်ကို ကြည့်ပြီး စိတ်ထဲမှာမေး ခွန်းက အပြိုင်ယှဉ်ထွက်လာတာ ဒါပေမယ့်တစ်ကယ်တန်းကျ သူငယ်ချင်းကို မမေးရဲဘူး "မမေးရဲဘူး"ဆိုတာထက် သူ့ ဆီက အသံထွက်လာမှာကို အဲ့အချိန်မှာအလိုလို ကြောက်လာ မိတယ် လူ့ ဘဝတုန်းက အသံဆို အကြောင်းမဟုတ်ဘူးလေ အခုကဘဝခြားနေတော့ သူ့ ဆီကအသံ ကိုယ်ခံနိုင်မလားတော့ ကိုယ့်ကိုယ်ကိုအာမ,မခံနိုင်ဘူး အဲ့ဒါကြောင့် အောင်စိုး ဦးကို ညစ်တွန်းတွန်းပြီးမေးမယ်ပေါ့ ဒါမှလည်း အဖြေမှန်သိရမှာလေ "သူပြန်ရှင်လာတာ" လို့ ဖြေရင် "ဟုတ်ပြီ သေချာတယ် ဒါသူတို့ နှစ်ယောက် လိမ်နေကြတာ" ဒါမှမဟုတ်လည်း "သူတို့ နှစ်ယောက်လုံး သရဲတွေလား"ပေါ့ ကျွန်တော်လည်း အဲ့အချိန်တွေးတာတွေက အ ရမ်း မြန်ဆန်လွန်းတယ် အဲဒီ့လိုနဲ့ ကိုင်ထားတဲ့ သူငယ်ချင်းလက်ကို လွှတ်လိုက်ပြီး"အောင် စိုးဦး"ကို မေးမယ်ဟန်ပြင်လိုက်မှ ကျွန်တော့်အသံက မထွက်လာနိုင်တော့ဘူး တစ်ခုခုဆို့ နေသလို ဖြစ်နေတာ အာခေါင်လေးပြီး စကားကပြော မရတော့ဘူး ကြိုးစားပြီးပြောတယ် အသံက လုံးဝကို မထွက်လာတော့တာ ကိုယ့်ကိုယ်ကို လည်း ဘာဆက်လုပ်ရမှန်းမသိဖြစ် သွားတယ်လေ
image
Crd-org-source

အဲဒါနဲ့ ပါးစပ်ကအသံ တစ်ကယ်မထွက်လာနိုင်တော့ ကျွန်တော်လည်း စိတ်ထဲကြောက်သလိုဖြစ်လာတော့တယ် "ခလုတ်ထိမှ အမိတ" ဆိုသလို "အမေရှိတာပဲ "ဆိုပြီးနောက်လှည့် ကြည့်လိုက်တော့ အမေက မရှိတော့ဘူး ကျွန်တော်လည်း ဇောချွေးတွေထွက်လာတယ် အဲ့ဒါနဲ့  ကျွန်တော် အောင်စိုးဦးနဲ့  သူငယ်ချင်းကိုပြန်ကြည့်လိုက်လိုက်တော့ သူတို့ လည်း ခပ်တည်တည်နဲ့ ကျွန်တော့်ကို စိုက်ကြည့်နေကြတယ် ဒါလည်း " အိပ်မက်ပဲ ဖြစ်မယ်" "ယုတ္တိမရှိဘူး "မဖြစ်နိုင်တာတွေကွာ"လို့ စိတ်ထဲမှာ အော်လိုက်ပြီး မခံမရပ်နိုင်သလိုလို စိုးရိမ် သလိုလို ကြောက်သလိုလို အားငယ်သလိုလိုတွေ စိတ်ထဲ ဖြစ်ပေါ်လာတယ် သဘာဝမကျ တဲ့ အခုလိုရင်ဆိုင်မှုကနေလည်း ကျွန်တော် လွတ်မြောက်ချင်လာတယ် အဲ့ဒါနဲ့ "ရုန်းထွက် ရမယ် " ဒါပေမယ့် " ငါ ဘယ်လိုရုန်းထွက်မလဲ? ဘယ်လို အဆုံးသတ်ရမလဲ ? "လို့  ခပ်မြန် မြန်စဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချပစ်လိုက်ရတော့တယ်…

ဆက်ရန်

MSCး 234

Author >>> Winko (Maun Mou Nja)

Sort:  

‌တော်‌တယ်‌ ၊စိတ်‌ဝင်‌စား‌အောင်‌‌ရေးတတ်‌သလို ဆွဲ‌ဆောင်‌မှုလည်းရှိတယ်‌။‌ကြောက်‌လည်း ‌ကြောက်‌မိပါတယ်‌ဗျာ။

အကို မဟော်ကတော့မြှောက်ပြီဗျာ အကို မကြောက်ရဘူးနော် ဟီး

ဘယ်​လိုအဆုံးသတ်​ရမလဲဆိုပြီး​တွေးမိတာအသိဝင်​လာလို့ထင်​တယ်​....

ဟုတ်တယ်အမ ကျွန်တော် အသိပြန်ကပ်လာတာလေ တော်သေးလို့ ပေါ့

အယ့် ဘိုလုပ်လိုက်လဲ သား😯😱

မမရေ အိပ်မက်ထဲက အမြန်ထွက်ရတော့တာပေါ့

ဟုတ်တော့ဟုတ်နေပြီဟေ့ ။သံယောဇဉ်ကြီးပြီး စွဲလမ်းမှုစိတ်တွေ အရမ်းများသွားတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဆက်အားပေးနေပါ့မယ်ခင်ဗျာ။

ဟုတ်ကိုသန့် ရေ ကျွန်တော်လည်း သူ့ အပေါ် နည်းနည်းစွဲလမ်းသွားမိလို့ လားမပြောတတ်ဘူး ဒါပေမယ့် ကျွန်တော် အိပ်မက်က ရုန်းထွက်ခဲ့ပါတယ် ထူးတော့ထူးဆန်းတယ်ဗျာ ကျွန်တော် အဆုံးသတ်ကို ရေးသားနေပါပြီ

ဖတ်လိုက်မိတာ မှားပြီ
ညကျ အိပ်မက်မက်တော့မယ်
😔😔

အိမ်မက်လှလှနဲ့ ဆိုဆိုး မက်ပါစေဗျာ

အိပ်မက်ကနေ ကိုယ့်ကိုကိုယ် ပြန်နှိုးရတာ အရမ်းခက်တာနော်...

ဟုတ်တယ်အမ အမလည်း ဖြစ်ဖူးလား အိပ်မက်မှန်းသိတယ်နော် နှိုးရခက်တာလေ

ဖြစ်ဖူးတယ် အိပ်မက် မက်နေတာပါလို့လည်း အိပ်မက်ထဲမှာ ကိုယ့်ကိုကိုယ် အားပေးရင်း မနည်း နိုးထခဲ့ရဖူးတယ်။ အကြောင်းအရာကတော့ မမှတ်မိတော့ပါဘူး။

ဖတ်​ရင်းနဲ့ ​​ကြောက်​​တောင်​လာပီ ကွယ်

အန်ကယ်ယုရေ တစ်ကယ်ဗျာ အခုထိ မြင်ယောင်နေတုန်းပဲ

ကိုယ်တော့ အိပ်မက်တူတာတွေ မက်မက်နေတတ်တယ် ထင်တယ်
အိပ်မက်တစ်ခု မက်ပြီး နိုးလာရင် အရင်က မက်ဖူးတယ်လို့ ထင်နေတတ်တယ်

ဟုတ်တယ်အကို အခုလည်းအဲ့လိုတော့ တွေးမိတယ်

အမေ့ကို အားကိုးပြီးကြည့်လိုက်ပေမဲ့ အမေက မရှိတော့ဘူးဆိုတော့ အားငယ်သွားမှာ မသေအချာဘဲ ဘာတွေများဆုံးဖြတ်လိုက်သလဲဆိုတာ နောက်တစ်ပိုင်းမှာ ဆက်လက်ဖတ်ရှု့ချင်ပါတယ်

ဟုတ်တယ်အမရေ အမေ နောက်မှာမရှိတော့မှ ပို လန့် လာမိတာလေ အားငယ်သွားတာ
အခုဇာတ်သိမ်းပိုင်းရေးနေပါပြီအမ

ဟာ ... သရဲ နောက်တစ်ယောက်ပေါ်လာပြီ

ဟုတ်တယ်အကိုရေ သရဲခေတ်ပေါ့ဗျာ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64549.55
ETH 3170.62
USDT 1.00
SBD 4.13